Thursday, November 27, 2014

လက်ဦးမှုရယူ ထိုးစစ်ဆင်ခြင်းများ နှစ်ဖက်စလုံးရှောင်ရန် လက်နက်ကိုင်သုံးဖွဲ့တိုက်တွန်း

လက်ဦးမှုရယူ၍ ထိုးစစ် ဆင်တိုက်ခိုက်ခြင်းများကို နှစ်ဖက် စလုံးမပြုလုပ်ကြရန် ‘၀’၊ မိုင်းလား နှင့် ရှမ်းပြည်တပ်မတော်(မြောက်) တို့ကပူးတွဲသဘောထား ထုတ်ပြန် သည်။

ထို့အပြင် ကေအိုင်အေဗိုလ် လောင်းသင်တန်းကျောင်းသို့ လက်နက်ကြီးကျရောက်ပေါက် ကွဲမှုအပေါ် ကန့်ကွက်ကြောင်း လည်းပါရှိသည်။

လက်ရှိကာလသည် ပြည် တွင်းစစ်ရပ်စဲနိုင်ရန် အရေးကြီး ဆုံးကာလဖြစ်ပြီး ငြိမ်းချမ်းရေး အမှန်တကယ် လိုလားသောဆန္ဒ ဖော်ပြသည့်အနေဖြင့် လက်ဦးမှုရယူထိုးစစ်ဆင်တိုက်ခိုက်ခြင်းများကို အစိုးရနှင့် ကေအိုင်အေနှစ် ဖက်စလုံးက မပြုလုပ်ကြရန် အထက်ပါအဖွဲ့သုံးဖွဲ့က တောင်းဆို ထားသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတို့ ဆွေးနွေးညှိနှိုင်းမှုအ ရှိန်အဟုန်မြှင့်၍ တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေးစာချုပ်အမြန် ဆုံးချုပ်ဆိုနိုင်ရေး ဆောင်ရွက်ကြ ရန် ၎င်းတို့က တိုက်တွန်းထား သည်

7Day Daily

No comments:

Post a Comment