Wednesday, November 19, 2014

မူးယစ်တိုက်ဖျက်ရေး အကြောင်းပြချက်ဖြင့် ပြည်သူ ၆၀ ကျော်ကို KIA ရင်း ၁၄ တွင် သံခြေကျင်းခတ် ဖမ်းဆီးထားဟု လွတ်မြောက်လာသူပြောကြား


မူးယစ်တိုက်ဖျက်ရေး အကြောင်းပြချက်ဖြင့် ပြည်သူ ၆၀ ကျော်ကို KIA တပ်ရင်း ၁၄တွင်သံခြေကျင်းခတ် ဖမ်းဆီးထားကြောင်း အောက်တိုဘာလ နောက်ဆုံး အပတ်တွင် လွတ်မြောက်လာသော မိုးကောင်းမြို့ နတ်ကြီးကုန်း ရပ်ကွက်မှ အသက် ၄၄ နှစ်အရွယ် ရှမ်းနီအမျိုးသား တစ်ဦးကပြောကြားသည်။
`“ ခေါ်သွားတုန်းကတော့ ခုနှစ်ဆယ် ရှစ်ဆယ် လောက်ရှိတယ်။ ဒီကြားထဲမှာ ထွက်ပြေးသွားတဲ့လူတွေ ရှိသေးတယ်။ အခုဆို ၆၀ ကျော်လောက်ကျန်ဦးမှာ အမျိုးသမီး အမျိုးသား အားလုံး လူလတ်ပိုင်း များတာပေါ့။ ၄၀ အောက်တွေ ။ အမျိုးသမီးက ၂၅ ယောက်လောက်ရှိမယ်။ တစ်ချို့ ဆိုကလေးတွေနဲ့ တော်တော် ဒုက္ခရောက်နေကြတယ်။ ’’ ဟု ၎င်းကပြောကြားသည်။


၎င်းတို့သည် သြဂုတ်လ ၄ ရက်နေ့က တနိုင်းမြို့နယ် နမ့်ကွမ်းရွှေမှော် အနီးရှိ အောင်ဘာရွှေမှော်တွင် လက်နက်နှင့် ၀တ်စုံပြည့် KIA တပ်သား ၂၅ ယောက်တို့လာရောက်ပြီး မူးယစ်ဆေးဝါးအသုံးပြုသည် ဟုဆိုကာ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ သို့ခေါ်ဆောင်ပြီးလျှင် ရှေ့နေမပါပဲ အမူစစ်ဆေး ၍ မူးယစ်ဆေးဝါး သုံးစွဲမူဖြင့် ထောင်ခြောက်လ ချမှတ်ပြီးလျှင် ချိန်း ဘလောက်ကြိုး များဖြင့် သံခြေကျင်းခတ် ချုပ်နှောင်ခံကြ ရခြင်းဖြစ်ကြောင်း လည်း ၎င်းကဆိုသည်။

” ယောကျာ်းလေးတွေကို သုံးတန် ချိန်း ဘလောက်ကြိုးထည့်တယ်။ အမျိုးသမီးတွေကို တစ်တန် ချိန်းဘလောက်ကြိုးထည့် တယ်။ နေ့တိုင်း ဒီအတိုင်းနေရတာ။ စိတ်ကျဉ်းကြပ်တာပေါ့။ ဒီကရီချကတည်းက ရက်ပေါင်း ၁၈၀ အလုပ်ကြမ်း ခြေကျင်းအပြည့် အဲ့လိုလာတာ။ ” ဟုလည်း ပြောကြားသည်။
ထို့ပြင် အစားအသောက်ကိုလည်း ပြည့်ပြည့်၀၀မကျွေးသည့်အပြင် အိမ်သာကျင်း တူးရခြင်း၊ မြက်ပေါက် ရခြင်း၊ သစ်ပင်စိုက်ရခြင်းများကိုလည်း လုပ်ဆောင်ကြရကြောင်းသိရသည်။

KIA ဖမ်းဆီးထားရာတွင် ရှမ်းနီတိုင်းရင်းသားများ အများဆုံးပါဝင်ပြီး လီဆူ တိုင်းရင်းသား ၊ ရ၀မ်တိုင်းရင်းသား ၊ နှင့် ကဏန်းတိုင်းရင်းသား အချို့လည်း ပါဝင်ကြောင်း သိရသည်။ ဖမ်းဆီးခြင်းခံထားရသူများသည် ကျန်းမာရေးစောင့် ရှောက်ခံရမူကိုလည်း ရရှိခြင်းမရှိကြောင်းသိရသည်။
“ သူတို့အနေနဲ့ မူးယစ်ဆေးဝါးဖြတ်ပေးတာပေါ့။ ဒါပေမယ့် ပါရာစီတမော့ တို့ အနာဂျက်ဆင်တစ်လုံးလာ မတိုက်ဘူး။ “ ဟုလည်း အဆိုပါ လွတ်မြောက်လာ သူကဆိုသည်။

လွတ်မြောက်လာသူမှာ နှစ်ဦးဖြစ်ပြီး မြစ်ကြီးနားမြို့မှ တရုတ်လူမျိုးတစ်ဦးနှင့် မိုးကောင်းမြို့မှ ရှမ်းနီ တိုင်းရင်းသားတစ်ဦးတို့ဖြစ်ပြီး ကျန်ရှိနေေ သးသော ပြည် သူ များကိုလည်း လွတ်မြောက်စေရန် ဆောင်ရွက်ပေးစေလိုကြောင်း လွတ်မြောက် လာ သူ တစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းသို့ ဆက် သွယ် ဆောင်ရွက် သွား မည်ဖြစ်ကြောင်း ရှမ်းနီပါတီ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

“ မူးယစ်ဆေးဝါးဆိုရင် ဖြတ်တဲ့ ဆေးရုံရှိတယ်။ တရား ဥပဒေအရဆိုရင်လည်း တရားရုံးရှိတယ်။ တောထဲတော့ မခေါ်သင့်ဘူး။ တစ်ချို့ကလည်း ဖမ်းပြီး ပိုက်ဆံနဲ့ ပြန်လွှတ်တယ်။ တစ်ချို့ကလည်း မရွေးနိုင်တဲ့လူလည်း စစ်သား လုပ်ခိုင်း တယ်လို့ ကြားနေရတယ်။ အရပ်ဖက် အဖွဲ့အစည်း ရှိတယ်။ တရားရုံးရှိတယ်။ အဲ့ဒါနဲ့ ဆက်သွယ်ပြီး လုပ်ရမယ်။” ဟု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (မြန်မာပြည်မြောက်ပိုင်းမှ) ရှမ်းနီ အမျိုးသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးစန်းဝေကပြောကြားသည်။
ယခုနှစ်အတွင်း KIA အဖွဲ့၏ ဦးဆောင်မူဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လူပ်ရှားမူများ အရှိန်မြင့် ဆောင်ရွက်လျှက်ရှိပြီး ထိုသို့ဆောင်ရွက်ရာတွင် ၎င်းတို့ တပ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်မူများရှိနေကြောင်း သတင်းပေးပို့မူများ လည်းရှိနေ သည်။


ရှမ်းနီအမျိုးသားရေး အစည်းအရုံး

No comments:

Post a Comment