Wednesday, December 10, 2014

အစိုးရ၏ ပူးပေါင်း ပါဝင်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး စိတ်ချစရာ ဖြစ်လာဟုဆို

အစိုးရ၏ ပူးပေါင်း ပါဝင်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးသည် လက်ရှိတွင် ပိုမို စိတ်ချစရာ ဖြစ်လာကြောင်း ဒေါ်အောင်ဆန်းစုကြည် ၏ လုံခြုံရေး အဖွဲ့ ခေါင်းဆောင် ဦးဝင်းထိန်က The Messenger Media သို့ ပြောသည်။ အရင်တုန်း ကတော့ သူတို့က မဆိုင်သလို နေတယ်။ လှစ်လျူ ရှုတယ်၊ နောက် တစ်ခုက မေးတာ မြန်းတာက အစတားမယ့် ပုံစံမျိုး လုပ်တာ ရှိတယ်။ အမူအရာ ကလည်း မလိုတဲ့ သဘော၊ အခုတော့ အဲဒီလို မဟုတ် တော့ဘဲ စေတနာနဲ့ လိုလို လားလား ပူးပေါင်း ဆောင်ရွက်တဲ့ သဘောတွေ့ ရတယ် ဟု ဦးဝင်းထိန် ကဆိုသည်။ လုံခြုံရေးမှာ အဓိကကျကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သဘောပေါက် သော်လည်း ပြည်သူ လူထုနှင့် ကင်းကွာခြင်းကို
မလိုလားကြောင်း၊ ရောက်လေရာ အရပ်တွင် ပြည်သူ များနှင့် တွေ့ဆုံ နှုတ်ဆက်မှုများရှိနိုင် သောကြောင့် မသွားခင် ကတည်းက သွားမည့် နေရာရှိ ဒေသခံ လူငယ်များ၊ ဗဟိုမှ လူငယ်များက အန္တရာယ်များကို တားဆီးရန် ဆောင်ရွက် နေကြောင်း၊ ဦးဝင်းထိန်က ပြောသည်။

NLD နဲ့ပူးပေါင်း ဆောင်ရွက်နေ ပါတယ်။ လုံခြုံရေးကို ပွင့်လင်း မြင်သာစွာ ထုတ်ပြန်ပြီး လုပ်နေ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ လုံခြုံရေးနဲ့ ပတ်သက်ရင် နိုင်ငံတော် အဆင့်ပေါ့၊ သက်ဆိုင်ရာ နယ်မြေ အလိုက် လုပ်ပေးပါတယ် ဟု ဗဟန်းမြို့နယ် စခန်းမှူး ဒုရဲမှူး မင်းရန်နိုင် က The Messenger Media သို့ ပြောသည်။ပြည်သူလူထုသည် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်သည် မှန်သော်လည်း ပတ်ဝန်းကျင်ကို အကဲခတ်ပြီးမှ နှုတ်ဆက် ခြင်း၊ လက်ဆောင်ပေးခြင်း တို့ကို ဆောင်ရွက်ရန် ပြည်သူ လူထုကို ပြောကြား လိုကြောင်း၊ NLD တွင် လက်နက် မရှိသော်လည်း၊ ရဲတပ်ဖွဲ့နှင့် EU တို့၏ ပူးပေါင်း ဆောင်ရွက်မှု အရ ကျေနပ်ကြောင်းလည်း ၎င်းက ပြောသည်။

အစိုးရသစ် လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာ ပြီးနောက် ဟောပြောပွဲ အချို့ကို လုံခြုံရေး အရ ခွင့်မပြုခြင်း များလည်း ရှိခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာမှ အသိအမှတ်ပြုသော အမျိုးသမီးတစ်ဦး ဖြစ်ပြီး၊ သမ္မတ လုပ်လိုသည်ဟု တရားဝင် ပြောကြားထား ကာ၊ ကာချုပ်၊ သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ တို့နှင့် လေးပွင့်ဆိုင် တွေ့ဆုံရန် တောင်းဆို ထားသည်။

The Messenger

No comments:

Post a Comment