Wednesday, December 31, 2014

နှစ်နိုင်ငံနယ်ခြားစောင့်တပ်များ အလံတင်အစည်းအဝေးတွင် အိန္ဒိယ၏ကျူးကျော်မှုများ ဖယ်ရှားရန် တောင်းဆို

အိန္ဒိယ- မြန်မာနှစ်နိုင်ငံ နယ်ခြားစောင့်တပ်များအလံတင် အစည်းအဝေး၌ နယ်စပ်မိုင်တိုင် ခုနစ်ခုတွင် အိန္ဒိယနိုင်ငံက ကျူး ကျော်ထားသော အခြေခံအ ဆောက်အအုံများ ကိုဖယ်ရှားပေးရန် မြန်မာအစိုးရကတောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အိန္ဒိယနိုင်ငံက ကျူးကျော် ထားသော မြေနေရာအကျယ်အ ၀န်းမည်မျှရှိသည်ဆိုသောအချက် အလက်များကို မြန်မာ့တပ်မ တော်က စတင်စုဆောင်းနေပြီး လာမည့်နှစ်အတွင်း ကျင်းပမည့် နှစ်နိုင်ငံနယ်ခြားစောင့်တပ်အလံ တင်အစည်းအဝေး၌ အိန္ဒိယအစိုး ရကို ဖိအားပေးပြောဆိုသွားရန် ပြင်ဆင်နေကြောင်းတပ်မတော် အသိုင်းအ၀ိုင်းမှ သတင်းရရှိ သည်။



တပ်မတော်က လက်ရှိစု ဆောင်းရရှိထားသောအချက်အ လက်များအရ အိန္ဒိယ-မြန်မာ နယ်စပ်မိုင်တိုင် ၇၆၊ ၇၇၊ ၇၈၊ ၇၉နှင့် ၈၂၊ ၈၃၊ ၁၅၅တို့တွင် အိန္ဒိယနိုင်ငံဘက်က ဒေသခံများ နေအိမ်တိုးချဲ့တည်ဆောက်ခြင်း၊ တာဝါတိုင်များစိုက်ထူခြင်းများပြု လုပ်နေသည်ကိုတွေ့ရှိရသည်ဟု ဆိုသည်။

နယ်စပ်မိုင်တိုင် ၇၆မှ ၇၉ သည် တမူးမြို့နှင့်နီးကပ်စွာရှိပြီး ကျန်မိုင်တိုင်များသည် တမူးမြို့ အထက်ပိုင်းနှင့် ဟုမ္မလင်းမြို့နယ် တို့တွင် တည်ရှိမည်ဟုသိရသည်။

‘‘မိုင်တိုင် ၇၆မှာတော့ သူတို့ ဘက်က ရွာတည်ထားတာတွေ့ရ တယ်။ အိမ်နှစ်အိမ်ဆောက်ထား တယ်။ အိမ်ကတော့မရှိတော့ဘူး။ ဒါပေမဲ့ မီးတိုင်တွေတော့ ရှိသေး တယ်။ မိုင်တိုင် ၇၇နဲ့ ၇၈ကြားမှာ တော့ တာဝါတိုင်တွေရှိသေး တယ်။ မိုင်တိုင် ၇၉နားမှာတော့ အိန္ဒိယစစ်တပ်ရဲကင်းမျှော်စင်စ ခန်းဆောက်ထားတယ်။ အဲဒါ တော့ မဖယ်ရသေးဘူး’’ဟု နယ် နိမိတ်ကျူးကျော်များနှင့်ပတ် သက်၍ ဆန္ဒပြဆန့်ကျင်ကန့်ကွက်ခဲ့သူတမူးမြို့ခံကိုယဉ်ကိုဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာအတွင်းက ရန်ကုန်မြို့တွင် တွေ့ဆုံသော အိန္ဒိယ-မြန်မာပြည်ထဲရေး ၀န်ကြီးဌာနများ တွေ့ဆုံသည့် အစည်းအဝေးပွဲတွင်လည်း မြန်မာအစိုးရက အိန္ဒိယနိုင်ငံဘက်မှ ကျူးကျော်ထားသော နယ်များကို ပြန်လည် စိစစ်၍ ဖယ်ရှားပေးရန် ဖိအားပေးပြောဆိုခဲ့သည်။

နှစ်နိုင်ငံထိစပ်မှုမိုင်ပေါင်း တစ်ထောင်ကျော်ရှည်သောနယ် နိမိတ်အတွင်း အိန္ဒိယနိုင်ငံဘက်မှ တိုင်းတာပြီး နယ်နိမိတ်များအပြင် မတိုင်းတာရသေးသော နယ်နိမိတ်များတွင်လည်း အရပ်ဘက်က ကျုးကျော်ခြင်း၊ ပြည်နယ်အစိုးရနှင့် အိန္ဒိယစစ်တပ်မှ ကျူးကျော် အဆောက်အအုံများတည် ဆောက်ထားသည်ကို တွေ့ရှိရသ ဖြင့် စိစစ်ဖယ်ရှားပေးရန်ပြည်ထဲ ရေးဝန်ကြီးဌာနက အိန္ဒိယပြည်ထဲ ရေးဝန်ကြီးဌာနသို့ နိုဝင်ဘာ ၁၇ ရက်က တင်ပြတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံက နယ်နိမိတ် ကျူးကျော်ခြင်းနှင့်ပတ်သက်၍ မြန်မာအစိုးရဘက်မှ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန် ကြီးဌာနတို့က ဖိအားပေးပြောဆို ခဲ့ပြီး ယခုတပ်မတော် မှ ကန့်ကွက်ဖယ်ရှား၍ပေးရန် တောင်းဆိုခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။

မြန်မာ-အိန္ဒိယနယ်နိမိတ် တိုင်းတာရေးစာချုပ်ကို ၁၉၆၇ မတ် ၁၈ရက်တွင် စာချုပ်ချုပ်ဆိုခဲ့ ပြီး အဆိုပါစာချုပ်ကို အခြေခံပြီး နယ်နိမိတ်တိုင်းတာခြင်းများကို ၁၉၆၈မှ ၁၉၇၂အထိ ပြုလုပ်ခဲ့သည်။ နှစ်နိုင်ငံသဘာတူညီချက်ဖြင့် နယ်ခြားမှတ်တိုင် ၅၅တိုင်တိုင်းခဲ့သော်လည်း ကိုးမှတ်တိုင်မှာ နယ်မြေအခက်အခဲကြောင့်ကျန်ရှိနေခြင်းဖြစ်သည်။

7Day Daily

No comments:

Post a Comment