‘‘နိုင်ငံတကာမှာလည်း သက် ကြီးရွယ်အိုတွေအတွက် ပြုလုပ်ပါ တယ်။ အသက်ရှင်နေထိုင်နိုင်တဲ့ ဘိုးဘွားတွေအတွက် နိုင်ငံတော် က ချီးမြှင့်တာပါ’’ဟု ယင်းဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဒေါ်စံစံ အေးက ပြောသည်။
အသက်၁၀၀နှင့် အထက် အဘိုးအဘွား ၅၀၀ ကျော်အတွက် တစ်ဦးလျှင် ငွေကျပ် တစ်သိန်းပေးအပ်ရန် ယာယီသတ်မှတ်ထားပြီး တိုင်းဒေသကြီးများမှ တာဝန်ရှိသူ များက အထက်ပါဘိုးဘွားများ၏အိမ်အထိ လိုက်လံပေးဆောင်ပေးမည်ဟု ၎င်းက ဆိုသည်။
‘‘အသက် တစ်ရာနဲ့ အထက်ဆိုတာ နေနိုင်ဖို့မလွယ်ပါဘူး။ ထောက်ပံ့ကြေးဆိုတာထက် အမှန်တကယ်နေစရာမရှိ၊ စားစရာမရှိတဲ့သူတွေကို တကယ်ကူညီနိုင်ဖို့ လိုအပ်ပါတယ်။ လမ်းပေါ်မှာ တောင်းစားနေတာဟာ အဘွားတို့ တကယ်ငတ်နေလို့ပါ’’ဟု ပျဉ်းမနားမြို့ရှိ လက်ဖက်ရည်ဆိုင်များ တွင် လိုက်လံတောင်းခံနေသူ အ သက် ၆၀ အရွယ်အဘွားအိုတစ် ဦးက ဆိုသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန် ကြီးဌာနက တာဝန်ယူပြီး အသက် ၁၀၀နှင့်အထက် သက်ကြီး ၀ါကြီးများအား တစ်လလျှင် တစ်ကြိမ်ဂုဏ်ပြုလွှာနှင့် ထောက်ပံ့ငွေပေး အပ်နိုင်ရန် စီစဉ်နေကြောင်း ပြည် ထောင်စုဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင်က ထပ်လောင်းပြော ကြားသွားသည်။
7Day Daily
No comments:
Post a Comment