Sunday, December 28, 2014

အမ်ပီတီက ဖုန်းဘီလ်နှင့် ဝန်ဆောင်ခလျှော့ချမည့်အစီအစဉ် ရွှေ့ဆိုင်းပြန်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ၎င်းတို့၏ ဝန်ဆောင်မှုနှင့် အသုံးပြုခများကိုယခုလမကုန်မီ လျှော့ချပေးသွားရန်စီစဉ်ခဲ့သော်လည်း အဆင်မပြေမှုများရှိသည့်အတွက် အနည်းငယ်နောက်ကျ နိုင်ကြောင်း သတင်းရရှိသည်။

‘‘အစက ဒီလထဲမှာပဲလုပ်သွားဖို့ စီစဉ်ခဲ့တယ်။ ဒါပေမဲ့ အဆင်မပြေတာလေးတွေရှိတဲ့အတွက် အနည်းငယ်နောက်ကျနိုင်ပါတယ်။ ဒီလကုန်လည်းဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်’’ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ ဝန်ဆောင်မှုများလျှော့ချပေးသွားမည့်ရက်ကို အဆင်မပြေမှု အချို့ကြောင့် အနည်းငယ်နောက်ကျမည်ဟုသာ ဖြေကြားခဲ့ပြီး မည်သည့်အကြောင်းရင်းကြောင့်ဆိုသည်ကို တိကျစွာပြောကြားခဲ့ခြင်း မရှိပေ။

MPT က လျှော့ချပေးသွားမည့် ဝန်ဆောင်မှုများမှာ ဖုန်းပြောခ များ၊ အင်တာနက်အသုံးပြုခများ နှင့် ဆင်းမ်ကတ်ဝယ်လျှင် ငွေ ကျပ်တစ်သောင်းဖြင့် အင်တာနက် လျှောက်ရသည့်ဝန်ဆောင်မှုများ ပါဝင်ပြီး အခြားသောဝန်ဆောင်မှု များ လျှော့ချပေးသွားမည်ဖြစ်ပြီး ဈေးနှုန်းအတိအကျကို တရားဝင် ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအနေဖြင့် ဖုန်း ပြောခတစ်မိနစ်လျှင် ၅၀ ကျပ်နှင့် SMS တစ်စောင်လျှင် ၂၅ ကျပ် နှုန်းဖြင့် ကောက်ခံလျက်ရှိပြီး ပြည်ပအော်ပရေတာနှစ်ခုမှ ဖုန်း ပြောခ တစ်မိနစ်လျှင် ၂၅ ကျပ်နှင့် SMS တစ်စောင်လျှင် ၁၅ ကျပ် နှုန်းဖြင့် ကောက်ခံလျက်ရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် နိုင်ငံတစ်ဝန်းတွင် ဆင်းမ်ကတ်ပေါင်း ၁၄ သန်းဝန်း ကျင်အထိ ရောင်းချပေးထားပြီး အဆိုပါအရေအတွက်မှာ ပြည် တွင်း၌ မိုဘိုင်းဖုန်းအသုံးပြုသူ အားလုံး၏ ၉၀ ရာခိုင်နှုန်းကျော် ရှိကြောင်း အော်ပရေတာများ၏ ထုတ်ပြန်မှုစာရင်းများအရ သိရ သည်။

7Day Daily

No comments:

Post a Comment