Sunday, December 28, 2014

အလိုတော်ပြည့်ဆရာတော်နှင့် သမ္မတဦးသိန်းစိန် ရခိုင်အရေးဆွေးနွေး

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အလိုတော်ပြည့် ဆရာ တော်အား သွားရောက်ဖူးမြော်စဉ် ရခိုင်ပြည်နယ် အရေးနှင့် စပ်လျဉ်း ၍ သီးသန့်ဆွေးနွေးခဲ့ကြောင်း သ တင်းရရှိသည်။

သမ္မတ၏ ဒုတိယအကြိမ် ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ဒီ ဇင်ဘာလ ၂၅ ရက်က သံတွဲမြို့သို့ရောက်ရှိစဉ် ငပလီ ဂျိတ္တောကျေးရွာရှိ အလိုတော်ပြည့်ကျောင်းတိုက်တွင် သွားရောက်ဖူးမြော်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဖူးမြော်စဉ် နိုင်ငံ တော်သမ္မတက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး နှင့် ဖွံ့ဖြိုးရေးကိစ္စရပ်များကို သီး သန့်တံခါးပိတ်ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း အလိုတော်ပြည့်ဆရာ တော်၏ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်ဆရာတော် ဦးကုမာရက မိန့်ကြားသည်။

‘‘ဟုတ်ပါတယ်။ ဒါပေမဲ့လျှို့ဝှက်တံခါးပိတ်ဆွေးနွေးတာဆိုတော့ ဦးပဉ္စင်းတို့ ပြောခွင့်မရှိပါဘူး’’ဟု ဦးကုမာရက မိန့်ကြားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်သည် တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်ခွဲ ဆရာတော်ထံ လာရောက်ဖူးမြော် စဉ် ရခိုင်ပြည်နယ်အရေးဆွေးနွေး ခဲ့သည်။ လူထုခေါင်းဆောင်ဒေါ် အောင်ဆန်းစုကြည်သည် ရခိုင် ပြည်နယ်အရေးနှင့် ပတ်သက်၍ ထောက်ခံမှုကျဆင်းလာကြောင်း ဝေဖန်စွပ်စွဲ ပြောဆိုမှုများရှိခဲ့ သည်။ နိုင်ငံတော်သမ္မတ ဦးသိန်း စိန်အစိုးရအဖွဲ့သည်လည်း ရခိုင် ပြည်နယ်အရေးကိုင်တွယ်ရာတွင် လူနည်းစုအစ္စလာမ်ဘာသာဝင် များအပေါ် ဖိနှိပ်မှုများရှိနေကြောင်းကုလအပါအ၀င်နိုင်ငံတကာအ သိုင်းအ၀ိုင်းမှ ဝေဖန်ပြောကြားမှု များရှိခဲ့သည်။

ထို့အပြင် သမ္မတ ဦးသိန်းစိန် သည် ပြည်သူ့ဆန္ဒခံသူပွဲပြုလုပ် ရာတွင် White Card ကိုင်ဆောင် ထားသူများကို ယခင်အတိုင်း မဲ ပေးခွင့်ပေးရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးမူကြမ်းဆွေး နွေးနေ သည့် လွှတ်တော်သို့ သ ၀ဏ်လွှာပေးပို့ခဲ့ခြင်းအပေါ် ရခိုင် အမျိုးသားအင်အားစုများ၏ ဝေ ဖန်ကန့်ကွက် မှုများနှင့်လည်း မ ကြာသေးမီက ကြုံတွေ့ခဲ့ရသည်။

လူဦးရေနှစ်ရာခန့်သေဆုံး ပြီး တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သော ရခိုင်ပြည်နယ်အရေး မှာ ပြေလည်နိုင်ခြင်းမရှိသေးဘဲ ၂၀၁၅ ရွေးကောက်ပွဲကာလတွင် အဓိက စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင် ကြောင်း နိုင်ငံတကာလေ့လာသူ ကအချို့က သုံးသပ်ထားသည်။

7Day Daily

No comments:

Post a Comment