Tuesday, December 30, 2014

အစိုးရဝန်ထမ်းများ လစာတိုးရန်သင့်၊ မသင့် သမ္မတရုံး စစ်တမ်းကောက်ယူနေ

Photo: အစိုးရဝန်ထမ်းများ လစာတိုးရန်သင့်၊ မသင့် သမ္မတရုံး စစ်တမ်းကောက်ယူနေ

ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၁၄

အစိုးရဝန်ထမ်းများအား လစာတိုးပေးသင့်၊ မသင့်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးဝက်ဘ် ဆိုက်တွင် ပထမဆုံးအကြိမ် စစ် တမ်း ကောက်ယူလျက်ရှိသည်။

လွှတ်တော်က အစိုးရဝန် ထမ်းများ၏လစာကို အနည်းဆုံးတစ်ဦးလျှင် ကျပ်နှစ်သိန်းထိ တိုး မြှင့်ပေးရန် အဆိုပြုတင်ပြ ထောက်ခံပြီးနောက် နိုင်ငံတော် သမ္မတရုံးက ဝန်ထမ်းများနှင့် တွေ့ ဆုံပွဲ၊ စီးပွားရေးပညာရှင်များနှင့် ဆွေးနွေးပွဲများပြုလုပ်ကာ စစ် တမ်းကောက်ယူခြင်းဖြစ်သည်။အစိုးရသက်တမ်း လေးနှစ် အတွင်း ပြည်သူများ၏ ၂ ရာခိုင် နှုန်းရှိသော နိုင်ငံ့ဝန်ထမ်း တစ် သန်းခွဲဝန်းကျင်ကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် လစာများတိုးပေး ရန်ပြုလုပ်သင့်၊ မသင့် စစ်တမ်းကောက်ယူခြင်းဖြစ်သည်။

အစိုးရဝန်ထမ်းများကို လစာတိုးပေးမှုသည် ယခင်သုံးကြိမ်တိုး မြှင့်ပေးခဲ့သော်လည်း ကုန်ဈေး နှုန်းကြီးမြင့်မှုကိုထည့်သွင်း မစဉ်း စားဘဲတိုးပေးခဲ့သည်။ ယခုနှစ်မှ သာ လစာတိုးမြှင့်ပေးရာမှ ကုန် ဈေးနှုန်းကြီးမည်ကိုစိုးရိမ်နေခြင်း ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကလည်း လာဘ်ပေးလာဘ်ယူ ကင်းရှင်းရန် အစိုးရဝန်ထမ်းများအားလုံး လုံလောက်သောလစာထောက်ပံ့ ငွေများပေးရန် လိုအပ်ကြောင်းပြောကြားသည်။

လွှတ်တော်မှ တောင်းဆို ထားသည့်အတိုင်း ဝန်ထမ်းလစာ များ တိုးမြှင့်ပေးလျှင် မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ မြင့် တက်လာနိုင်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဋ္ဌဒေါ်ခင်စောဦး ကပြောကြားသည်။

အစိုးရဝန်ထမ်းများ လစာ တိုးမြှင့်မှုကြောင့် ငွေကြေးဖောင်း ပွမှုကို အစိုးရ အသုံးစရိတ်များ လျှော့ချပြီး အခွန်ငွေပိုရအောင် ကောက်ယူခြင်း၊ ပြည်ပမှနှစ်ရှည် ချေးငွေများရယူခြင်းတို့ဖြင့် ထိန်း သိမ်းနိုင်ကြောင်း ကမ္ဘောဇဘဏ် အကြီးတန်းအကြံပေးဦးသန်းလွင် ကပြောကြားသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ဝန်ထမ်း များကိုလစာတိုးမြှင့်ပေးမှုအတွက် ကျပ်ဘီလီယံ ၈၀၀ ကျော် ပိုမို သုံးစွဲခဲ့ပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှစ၍ ဝန်ထမ်းတစ်ဦးလျှင် တစ်လကျပ်နှစ်သောင်းတိုးပေးမှု ကြောင့် ကျပ် ၃၄၈ ဘီလီယံ၊ ၂၀၁၃-၁၄တွင် ကျပ် ၂၃၃ ဘီလီယံ၊ ၂၀၁၄-၁၅ တွင် ကျပ် ၂၅၄ ဘီလီယံရှိကြောင်း ဘဏ္ဍာအခွန်ဒုဝန်ကြီးဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။

7Day Daily
အစိုးရဝန်ထမ်းများအား လစာတိုးပေးသင့်၊ မသင့်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးဝက်ဘ် ဆိုက်တွင် ပထမဆုံးအကြိမ် စစ် တမ်း ကောက်ယူလျက်ရှိသည်။

လွှတ်တော်က အစိုးရဝန် ထမ်းများ၏လစာကို အနည်းဆုံးတစ်ဦးလျှင် ကျပ်နှစ်သိန်းထိ တိုး မြှင့်ပေးရန် အဆိုပြုတင်ပြ ထောက်ခံပြီးနောက် နိုင်ငံတော် သမ္မတရုံးက ဝန်ထမ်းများနှင့် တွေ့ ဆုံပွဲ၊ စီးပွားရေးပညာရှင်များနှင့် ဆွေးနွေးပွဲများပြုလုပ်ကာ စစ် တမ်းကောက်ယူခြင်းဖြစ်သည်။အစိုးရသက်တမ်း လေးနှစ် အတွင်း ပြည်သူများ၏ ၂ ရာခိုင် နှုန်းရှိသော နိုင်ငံ့ဝန်ထမ်း တစ် သန်းခွဲဝန်းကျင်ကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် လစာများတိုးပေး ရန်ပြုလုပ်သင့်၊ မသင့် စစ်တမ်းကောက်ယူခြင်းဖြစ်သည်။

အစိုးရဝန်ထမ်းများကို လစာတိုးပေးမှုသည် ယခင်သုံးကြိမ်တိုး မြှင့်ပေးခဲ့သော်လည်း ကုန်ဈေး နှုန်းကြီးမြင့်မှုကိုထည့်သွင်း မစဉ်း စားဘဲတိုးပေးခဲ့သည်။ ယခုနှစ်မှ သာ လစာတိုးမြှင့်ပေးရာမှ ကုန် ဈေးနှုန်းကြီးမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကလည်း လာဘ်ပေးလာဘ်ယူ ကင်းရှင်းရန် အစိုးရဝန်ထမ်းများအားလုံး လုံလောက်သောလစာထောက်ပံ့ ငွေများပေးရန် လိုအပ်ကြောင်းပြောကြား သည်။

လွှတ်တော်မှ တောင်းဆို ထားသည့်အတိုင်း ဝန်ထမ်းလစာ များ တိုးမြှင့်ပေးလျှင် မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ မြင့် တက်လာနိုင်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဋ္ဌဒေါ်ခင်စောဦး ကပြောကြားသည်။

အစိုးရဝန်ထမ်းများ လစာ တိုးမြှင့်မှုကြောင့် ငွေကြေးဖောင်း ပွမှုကို အစိုးရ အသုံးစရိတ်များ လျှော့ချပြီး အခွန်ငွေပိုရအောင် ကောက်ယူခြင်း၊ ပြည်ပမှနှစ်ရှည် ချေးငွေများရယူခြင်းတို့ဖြင့် ထိန်း သိမ်းနိုင်ကြောင်း ကမ္ဘောဇဘဏ် အကြီးတန်းအကြံပေးဦးသန်းလွင် ကပြောကြားသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ဝန်ထမ်း များကိုလစာတိုးမြှင့်ပေးမှုအတွက် ကျပ်ဘီလီယံ ၈၀၀ ကျော် ပိုမို သုံးစွဲခဲ့ပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှစ၍ ဝန်ထမ်းတစ်ဦးလျှင် တစ်လ ကျပ်နှစ်သောင်းတိုးပေးမှု ကြောင့် ကျပ် ၃၄၈ ဘီလီယံ၊ ၂၀၁၃-၁၄တွင် ကျပ် ၂၃၃ ဘီလီယံ၊ ၂၀၁၄-၁၅ တွင် ကျပ် ၂၅၄ ဘီလီယံရှိကြောင်း ဘဏ္ဍာအခွန်ဒုဝန်ကြီးဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။

7Day Daily

No comments:

Post a Comment