Tuesday, December 30, 2014

နယ်စပ်ဒေသလုံခြုံရေး ထိရောက်စွာ ကာကွယ်ရမည်ဟု ကာချုပ်ပြော


မြန်မာနိုင်ငံ၏ နယ်စပ် ဒေသလုံခြုံရေးကိုထိရောက်စွာ ကာကွယ်စောင့်ရှောက်ရမည်ဖြစ် ပြီး ဘာသာရေးအစွန်းရောက်များ ၏ အန္တရာယ်နှင့် တရားမ၀င်လူ ၀င်ရောက်မှုတို့ကို အမျိုးသားရေး အမြင်ဖြင့် တပ်မတော်က ထိန်း သိမ်းစောင့်ရှောက်ရမည်ဖြစ် ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ မြေသယံဇာတ၊ ရေသယံဇာတများတရားမ၀င်ခိုးထုတ်ရောင်း ၀ယ်မှုများမရှိစေရေး ထိထိရောက်ရောက်ကာကွယ်ပေးရန် အလေးထားဆောင်ရွက်စေလိုကြောင်း ၎င်းကဆက်လက်ပြောသည်။
ဒီဇင်ဘာ ၂၈ ရက်က မြိတ်နှင့် ဘုတ်ပြင်းမြို့နယ်တို့ရှိတပ်နယ်မှ အရာရှိ စစ်သည်များနှင့် တွေ့ဆုံစဉ် ၎င်းကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြိတ်၊ ဘုတ်ပြင်းတို့မှာ မြန်မာနိုင်ငံ၏ နယ်စပ်မြို့များဖြစ်ပြီး အထူးသ ဖြင့် ပင်လယ်ကမ်းရိုးတန်းဒေသ များလည်းဖြစ်၍ ပင်လယ်ရေ ကြောင်းမှ တရားမ၀င် ၀င်ရောက် မှုနှင့် သဘာဝသယံဇာတများခိုး ယူထုတ်ရောင်းခြင်းကို တပ်မ တော်က ကာကွယ်ရန် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင်တပ်မတော်၏ စည်းရုံးရေးလုပ်ငန်းစဉ်မှာ အမိန့် ပေးစေခိုင်းခြင်းမဟုတ်ဘဲ တပ်မ တော်သားများ၊ တပ်မတော်သား မိသားစုများ ကိုယ်တိုင်အသိစိတ် ဓာတ်ဖြင့် လိုက်ပါလုပ်ဆောင်စေ ရန် စည်းရုံးရေးနည်းလမ်းဖြင့်သာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကာ ချုပ်ကပြောကြားသည်။
သို့သော်တပ်မတော်တွင် အမိန့်၊ ညွှန်ကြားချက်များထုတ် ပြန်ထားခြင်းမရှိသော်လည်း တပ်မတော်နှင့် မဆိုင်သည့် ပြင်ပလှုပ် ရှားမှုများကို အထက်အရာရှိ၏ ခွင့်ပြုချက်ရရှိမှသာ လုပ်ဆောင် ရလေ့ရှိသည်။ မကြာမီကလည်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက် မှတ်ရေးထိုးသည့်အတွက် ဗိုလ် မှူးကျော်စွာဝင်းအား စစ်ခုံရုံးက တပ်မတော်သားနှင့် မလျော်ကန် သည့်အပြုအမူကို ကျူးလွန်သည့် ပုဒ်မဖြင့် ထောင် ၂ နှစ်ချမှတ်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြိတ်မြို့တွင် စကားပြောကြားနေစဉ်
7Day Daily

No comments:

Post a Comment