Thursday, December 18, 2014

သြစတြေးလျတပ်မတော်က မြန်မာ့တပ်မတော်အား ငြိမ်းချမ်းရေးထိန်းသိမ်းမှုသင်တန်းပေးရန်စီစဉ်

ငြိမ်းချမ်းရေးထိန်းသိမ်း မှုဆိုင်ရာသင်တန်းကို သြစတြေး လျတပ်မတော်က မြန်မာ့တပ်မ တော်အား လေ့ကျင့်သင်ကြားပေးရန် စီစဉ်နေကြောင်းသတင်းရရှိ သည်။

ယခုလ ၁၆ရက်တွင် နေ ပြည်တော်ဘုရင့်နောင်ရိပ်သာ၌ မြန်မာနိုင်ငံဆိုင်ရာသြစတြေးလျ သံအမတ်ကြီးနှင့်တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့တွေ့ဆုံ စဉ်အထက်ပါအတိုင်းဆွေးနွေး ပြောဆိုခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် ပြုလုပ် နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ ရပ်တန့်ကာ နေရာအချို့တွင် တိုက်ပွဲများပြန်လည်ဖြစ်ပေါ်နေ ချိန်၌ သြစတြေးလျတပ်မတော် က အထက်ပါသင်တန်းပို့ချရန် ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ် သည်။

ထို့အပြင် မြန်မာ့တပ်မတော် နှင့် သြစတြေးလျတပ်မတော်နှစ် ရပ်အကြား စစ်ရေးနှင့်မပတ်သက် သောလုံခြုံရေးဆိုင်ရာကိစ္စရပ် များနှင့် အခြားကဏ္ဍများတွင် လည်း ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနသတင်းထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။
တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရာတွင် စစ် ရေးကိစ္စရပ်များသာဆောင်ရွက် သည်မဟုတ်ဘဲ နည်းပညာဆိုင် ရာကိစ္စရပ်များ၊ ထောက်ပံ့ရေး ပစ္စည်းများထုတ်လုပ်မှုဆိုင်ရာ ကိစ္စရပ်များစသည့် အချက်များကို ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်းကာ ကွယ်ရေးဝန်ကြီးဌာနမှ တပ်မ တော်အရာရှိကြီး တစ်ဦးကပြော သည်။

အနာဂတ်တွင်နှစ်နိုင်ငံရှိ တပ်မတော်နှစ်ရပ်အကြား စစ် ရေးသာမကဘဲ အခြားနယ်ပယ် များတွင်ပါ ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နိုင်မည်ဟု ယုံကြည် ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ကပြောသည်။
မိမိတို့သည် အာရှဒေသ တွင်းနိုင်ငံများဖြစ်သဖြင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြားဆက် ဆံရေးကောင်းမွန်လာသည်နှင့်အ မျှ ဒေသလုံခြုံရေးကိစ္စရပ်များကို လည်း အထောက်အကူပြုမည် ဖြစ်ကာ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များ တွင် ထောက်ခံကူညီခဲ့မှုများ၊ အ ခြားအကူအညီပေးအပ်ခဲ့မှုများ နှင့် ပတ်သက်၍ ကျေးဇူးတင် ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကပြောသည်။
ယခင်တပ်မတော်အစိုးရ လက်ထက်တွင် အမေရိကန်အပါ အ၀င်နိုင်ငံအများစုကမြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ထားခဲ့သဖြင့် မြန်မာ့ တပ်မတော်အနေဖြင့် တရုတ်၊ ရုရှားတပ်မတော်များနှင့်သာ အဆက်အဆံရှိခဲ့သည်။

အစိုးရသစ်လက်ထက်တွင် နိုင်ငံတကာနှင့် ဆက်ဆံရေး ကောင်းမွန်လာခဲ့သဖြင့် အမေရိ ကန်၊ ဗြိတိန်၊ ဂျပန်အပါအ၀င် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ တပ်မတော်များအနေဖြင့် မြန်မာ့ တပ်မတော်အား အကူအညီပေး မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ရှိလာသော်လည်း လက်နက်အကူ အညီများပေးအပ်ရောင်းချရေး ကိစ္စရပ်များတွင် ပိတ်ဆို့ခံထားရ ဆဲဖြစ်သည်။

7Day Daily

No comments:

Post a Comment