Thursday, December 18, 2014

လှိုင်သာယာကျူးကျော်မှု ပဋိပက္ခတွင် လူနှစ်ဦးသေဆုံးဟု သတင်းထွက်ပေါ်

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာ ယာမြို့နယ် ဒဂုံဧရာစက်မှုဇုန်အတွင်း ကျူးကျော်နေထိုင်သူများနှင့် ဝါဝါဝင်း ကုမ္ပဏီတို့ ကျူးကျော်များကို ဖယ်ရှား ခြင်းမှ စတင်ကာ ပဋိပက္ခများကြောင့် ကျူးကျော်နေထိုင်သူများအတွင်းမှ နှစ် ဦးသေဆုံးခဲ့သည်ဟု ယူဆရကြောင်း ကျူးကျော်များထံမှ သိရသည်။
ဝါဝါဝင်းကုမ္ပဏီမှ လူအင်အား ၁ဝဝ ကျော်က ဒီဇင်ဘာ ၁၆ရက် ည ၆ နာရီခွဲတွင် လေးခွ၊ တုတ်နှင့် ဓားများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျူးကျော် နေထိုင်သူများဘက်မှ ၃ဝ ဝန်းကျင်ခန့် ဒဏ်ရာရရှိကာ နှစ်ဦးသေဆုံးခဲ့ရသည်ဟု ကျူးကျော်နေထိုင်သူများထံမှ သိရသည်။

''ညနေတည်းက သူတို့ဘက်က လူ စုနေလို့ မသင်္ကာတာနဲ့ ကျွန်တော်တို့လဲ လူစုထားတယ်။ ၆ နာရီခွဲလောက်ကျ တော့ သူတို့က စက်ရုံဝင်းထဲကနေ လေး ခွတွေမှာ ကုန်းသီး(စက်ဘီးမူလီခေါင်း) တွေထည့်ပြီးစပစ်တယ်။ ဒါနဲ့ကျွန်တော် တို့ကလဲ ကျောက်ခဲတွေနဲ့ပြန်ထုတော့ သူတို့က ဓားမြှောင်တွေ၊ ဓားရှည်တွေနဲ့ လာခုတ်တယ်''ဟု ပဋိပက္ခအတွင်းပါဝင် ခဲ့သည့် ကျူးကျော်နေထိုင်သူ ကိုမျိုးက ပြောသည်။

ကျူးကျော်နေထိုင်သူများဘက်မှ သေဆုံးခဲ့သူမှာ အမျိုးသားနှစ်ဦးဖြစ်ပြီး သေဆုံးသူ၏အမည်အား အတည်မပြု နိုင်သေးကြောင်းနှင့် ဝါဝါဝင်းကုမ္ပဏီ ဘက်မှလူများ တိုက်ခိုက်ခဲ့စဉ် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များရှိနေသော်လည်း တစ်စုံ တစ်ရာ ဝင်ရောက်ဟန့်တားခြင်း မရှိ ကြောင်း ၄င်းက ဆက်ပြောသည်။
''ကျွန်တော်တို့ဘက်က နှစ်ယောက် သေသွားတယ်။ မှောင်နေတော့ ဘယ် သူရယ်လို့ အတိအကျပြောလို့မရသေး ဘူး။ စက်ရုံအနောက်ဘက်အပေါက်နား ကနေ ကျွန်တော်တို့လူတွေပဲ ဝိုင်းသယ် သွားကြတယ်''ဟု နေအိမ်မီးရှို့ဖျက်ဆီး ခံရသူ ကိုသန့်ဇင်ကပြောသည်။

ကုမ္ပဏီဘက်မှ ကျူးကျော်တဲများ အား ဒီဇင်ဘာ ၁၅ရက် ည ၆နာရီဝန်း ကျင်မှ နံနက် ၃နာရီခန့်အထိ တစ်အိမ် တက်ဆင်း လိုက်လံနှိုးခဲ့ကာ မီးရှို့ဖျက် ဆီးခဲ့ပြီး လက်ရှိအချိန်အထိ ကျူးကျော် တဲအိမ်ပေါင်း ၁ဝအိမ်ခန့် မီးရှို့ဖျက်ဆီး ပြီးဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် လည်း မီးသတ်ကားတစ်စီးဖြင့်သာ လိုက် လံ ငြှိမ်းသတ်လျက်ရှိကြောင်း ၄င်းက ဆိုသည်။

''ကျွန်တော်တို့ ရဲစခန်းက စခန်း မှူးကိုယ်တိုင် ရှိသမျှ ရဲကင်းက သူတွေ ခေါ်ပြီး အခင်းဖြစ်ပွားရာနေရာကို သွား ရောက်ရှင်းနေပါပြီ။ ကျန်တာတော့မသိ သေးပါဘူး''ဟု အခင်းဖြစ်ပွားရာနေ ရာနှင့်သက်ဆိုင်သည့် သောင်ကြီးနယ် မြေခံရဲစခန်းမှ တာဝန်ကျအရာရှိတစ် ဦးက ပြောသည်။
ထိုသို့ ကျူးကျော်သူများ ဆန္ဒပြမှု ကြောင့် လှိုင်သာယာရဲစခန်းမှ ရဲများ ရောက်လာပြီး ခေါင်းဆောင်ငါးဦးနှင့် ညှိနှိုင်းမှုများ ဆောင်ရွက်နေကြောင်း လှိုင်သာယာ မြို့မရဲစခန်းတာဝန်ရှိသူ များထံမှ သိရသည်။


Photo : kowailu facebook
Yangon Media Group

No comments:

Post a Comment