Sunday, December 28, 2014

အစိုးရ၀န်ထမ်းများ ပင်စင်ယူပြီးနောက် နေထိုင်ရေးအတွက် အစီအစဉ်ဆောင်ရွက်နေကြောင်း သမ္မတပြောကြား

ဝန်ထမ်းများကျန်းမာ ရေး၊ ပညာရေးကိစ္စအ၀၀အပါ အ၀င် ပင်စင်ယူသည့်အချိန်တွင် နေထိုင်နိုင်ရန် သင့်လျော်သည့် အိမ်ရာစနစ်ကို အစိုးရက စတင်အကောင်အထည်ဖော် နေကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

ဝန်ထမ်းများအား လစာတိုး ပေးရန် အဆိုကို ၂၀၁၅ နှစ်ဆန်း တွင် ပြန်စမည့်လွှတ်တော်အစည်းအဝေးများ၌ ဆွေးနွေးမည်ဖြစ် ပြီး ၀န်ထမ်းလစာတိုးရေးနှင့် ပတ် သက်၍ အစိုးရနှင့် ၀န်ထမ်းများ ယခုရက်အတွင်း ဆွေးနွေးမှု များပြုလုပ်နေစဉ် သမ္မတက ဒီဇင် ဘာ ၂၆ ရက်တွင် ရခိုင်ပြည်နယ် ခရီးစဉ်၌ ယင်းသို့ ပြောကြားခဲ့ ခြင်း ဖြစ်သည်။

သွားလာရခက်ခဲသည့် ဒေသ များသို့ သွားရောက်ရသည့် ၀န်ထမ်းများအားလစာ နှစ်ဆတိုးမြှင့် ပေးခဲ့ပြီး ၀န်ထမ်းများ၏ အနာဂတ်ကောင်းမွန်စေရေး ရေတို ရေရှည် စီမံကိန်းများ ချမှတ်ဆောင်ရွက် နေသည်ဟု သမ္မတက ပြောသည်။ ထို့ပြင် လစာတိုးရေးအဆို ကို လွှတ်တော်တွင် ဆွေးနွေးကြ ပြီး မကြာမီရက်အတွင်း အစိုးရက ၀န်ထမ်းများအား တစ်ဦးချင်း ၀င်ငွေ စုဆောင်းသည့်စနစ် စတင် အကောင်အထည်ဖော်ရန် အ စည်းအဝေး များပြု လုပ်၍ ပြော ကြားခဲ့သည်။

သမ္မတကလည်း ထိုတစ်ဦး ချင်းဝင်ငွေစုဆောင်းသည့်စနစ် ကို စတင်အကောင်အထည်ဖော် ရမည်ဖြစ်ပြီး ထိုက်သင့်သည့် စု ဆောင်းငွေဖြင့် အိမ်ခန်းများပါဝင် သည့် အိမ်ရာစနစ်ကို ပင်စင်ယူ မည့် ၀န်ထမ်းများအတွက် စီစဉ် ထားကြောင်း ရခိုင်ပြည်နယ်သို့ ရောက်ရှိစဉ် ပြောကြားသည်။

ဝန်ထမ်းများလစာတိုးရေး အဆိုကို ပြည်ထောင်စုလွှတ်တော် ၌ ဆွေးနွေးစဉ် ဘဏ္ဍာရေးဝန် ကြီး ဦးဝင်းရှိန်က တိုင်းပြည်တွင် ဘတ်ဂျက်လိုငွေပြနေပြီး ၀င်ငွေ တိုးတက်အောင် မလုပ်နိုင်သေး ချိန်၌ ၀န်ထမ်းဦးရေ ၁၄ သိန်းကျော် ကို လစာတိုးပေးရန်ကိစ္စမှာ စဉ်း စားရမည်ဖြစ်ပြီး ကုန်ဈေးနှုန်းကြီး မြင့်မှုဒဏ်ကို ကျန်တောင်သူလယ်သမား၊ အလုပ်သမား၊ ပုဂ္ဂလိက ၀န်ထမ်းများက ခံစားရမည်ဖြစ် ကြောင်း လာရောက်ရှင်းလင်း ပြောကြားထားသည်။

အစိုးရအနေဖြင့် ၀န်ထမ်း များအား အခမဲ့ဆေးဝါးကုသရေး၊ ပညာရေးတွင် မူလတန်း၊ အလယ်တန်းအခမဲ့ပညာရေးစနစ်ကို စီစဉ် ခဲ့ပြီး ၀န်ထမ်းသားသမီးများအ ဆင့်မြင့်ပညာသင်ကြားရေးအ တွက် ပညာသင်ဆုများ ပေးအပ်သွားမည်ဖြစ်ပြီး ပြည်ပပညာတော်သင်ဆုပေးအပ်ရန် ၊သမ္မတ၏ ပညာတော်သင်ဆုကိုပါ ပေးအပ်ရန် စီစဉ်နေကြောင်း သမ္မတက ပြောသည်။

‘‘အောက်ခြေ၀န်ထမ်းတွေ နဲ့ တော်ရုံဝန်ထမ်းတွေ ဘ၀မြှင့် တင်ဖို့ဆိုရင် လစာတိုးပေးရုံနဲ့ မလုံလောက် ပါဘူး။ အခြေခံလိုအပ် ချက်တွေဖြစ်တဲ့ နေရေး၊ စာရေး၊ ကျန်းမာရေးတွေကို မြှင့်တင်ပေး ရမှာပါ။ အခုဆို အမှုထမ်းတွေအ တွက် ရွှေပြည်သာအိမ်ရာလိုမျိုး အိမ်ရာတွေစနေပြီ။ အရာထမ်း တော့မပါသေးဘူးပေါ့။ လစာတိုး ပေးတာတစ်ခုတည်းဆိုရင် တက် လာတဲ့ကုန်ဈေးနှုန်းနဲ့ပဲ ချာလပတ်ယမ်းနေမှာပါ’’ဟု ပူတာအိုသိပ္ပံနှင့် နည်းပညာကျောင်းအုပ်ကြီး ဦး ၀င်းမင်းဆန်းက ပြောသည်။

ဝန်ထမ်းများကို လစာတိုး ပေးရာတွင် လက်ရှိမြန်မာနိုင်ငံ ၌ ၀န်ထမ်းစုစုပေါင်း ၁၄ သိန်းမှာ အမှန်တကယ်လိုအပ်သည့် ပမာဏဟုတ်၊ မဟုတ် ဆန်းစစ်ရမည်ဖြစ်ပြီး မလိုအပ်သည့် ၀န်ထမ်းများ လျှော့ချ၍ ကျွမ်းကျင်ဝန်ထမ်းများထားရှိရန်အရေးကြီးကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောသည်။

7Day Daily

No comments:

Post a Comment