Monday, December 8, 2014

ကျောင်းထောက်ပံ့ကြေးများ အလွဲသုံးစားလုပ်ပါက တိုင်ကြားနိုင်

အခြေခံပညာကျောင်း များသို့ ထောက်ပံ့ထားသည့် ထောက်ပံ့ကြေးများကို အလွဲသုံး စားမှုများရှိပါက သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံးများသို့ ဆက် သွယ်တိုင်ကြားနိုင်ကြောင်း ပညာ ရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။ယခုနှစ် ပညာသင်နှစ်အ တွက် ကျောင်းထောက်ပံ့ကြေး များ ပေးအပ်သည့် အစီအစဉ်ကို နိုင်ငံတော်ဘတ်ဂျက်မှ ငွေကျပ် ၂၃ ဒသမ ၉၇၀၄ ဘီလီယံ (၆၁ ရာခိုင်နှုန်း) နှင့် ကမ္ဘာ့ဘဏ်၊ သြစ တြေးလျအစိုးရ အကူအညီမှ ချေး ငွေ/အထောက်အပံ့ငွေကျပ် ၁၅ ဒသမ ၆၈ ဘီလီယံ (၃၉ ရာ ခိုင်နှုန်း) စုစုပေါင်းငွေကျပ် ၃၉ ဒသမ ၆၅၀၄ ဘီလီယံအသုံးပြုရန် လျာထားပြီး ပထမအကြိမ် ပထမ စာသင်နှစ်ဝက်အဖြစ် ၅၀ ရာ ခိုင်နှုန်းကို စမ်းသပ်ဖြန့် ဝေပြီးစီး သွားပြီဖြစ်ကြောင်း ပညာရေးဝန် ကြီးဌာနမှ သိရသည်။

‘‘အစီအစဉ် ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး မကျေနပ်ချက်တွေ၊ အလွဲသုံးစားမှုတွေရှိနေရင် သက် ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံးတွေ ကို တိုင်ကြားနိုင်ပါတယ်။ သက် ဆိုင်ရာ ဦးစီးဌာနတွေက သတ် မှတ်ထားတဲ့ တာဝန်ယူသူတွေ၊ ပညာရေးစီမံကိန်းနဲ့ လေ့ကျင့် ရေးဦးစီးဌာနက တာဝန်ရှိသူတွေ ဆီကို ဖုန်းဆက်တိုင်ကြားလို့လည်း ရပါတယ်။ တိုင်ကြားမှုလက်ခံရရှိ တာနဲ့ အမြန်ဆုံး ဖြေရှင်းပေးပါ တယ်။ အမှတ် (၁) မှာတော့ အခု လို တိုင်ကြားတာမျိုး မရှိသေးပါ ဘူး’’ ဟု အမှတ် (၁) အခြေခံ ပညာဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် (ပညာ) ဦးစိုးဝင်းက ပြောသည်။ကျောင်း ထောက်ပံ့ကြေး များ ပေးအပ်သည့်အစီအစဉ် ရည်ရွယ်ချက်မှာ အခြေခံပညာ အရည်အသွေး ပိုမိုမြင့်မားလာစေ ရန်၊ ပြည်သူလူထုထံမှ ထည့်ဝင် နေရသည့် ထောက်ပံ့ငွေပမာဏ ကို လျှော့ချနိုင်စေရန်နှင့် အခြေခံ ပညာကျောင်းများ၏ အရည်အ သွေးမီ သင်ကြားသင်ယူမှု ပတ် ၀န်းကျင် ဖြစ်ပေါ်လာစေရန်ဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ကျောင်း ထောက်ပံ့ကြေး များအနေဖြင့် ပညာသင်နှစ်တစ် နှစ်လုံးအတွက် မူလတန်းကျောင်း သား ၁၀၀ အောက်အတွက် ငွေ ကျပ် ရှစ်သိန်း၊ ၁၀၁ နှင့် ၂၀၀ ကြားအတွက် ၁၀ သိန်း၊ ၂၀၁ နှင့် ၃၀၀ ကြားအတွက် ၁၂ သိန်း၊ ၃၀၁ နှင့် ၄၀၀ ကြားအတွက် ၁၄ သိန်း၊ ၄၀၀ အထက်အတွက် ၁၆ သိန်းနှင့် မူလတန်းကျောင်းခွဲများ အတွက် ငွေကျပ် လေးသိန်းနှုန်း ဖြင့် ဖြန့်ဝေပေးခဲ့ကြောင်း ပညာ ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ကျောင်းထောက်ပံ့ ကြေးများကို ကျောင်းအုပ်ဆရာ က ဦးဆောင်၍ ရပ်ကွက်အုပ်ချုပ် ရေးမှူး၊ ရပ်မိရပ်ဖ၊ ကျောင်း ကော်မတီ၊ ကျောင်းအကျိုးတော် ဆောင်အဖွဲ့ဝင်များ ပါဝင်ဖွဲ့စည်း ထားသည့် ကျောင်းထောက်ပံ့ ကြေး ကော်မတီ၏ ဆုံးဖြတ်ချက် ဖြင့် ခေါင်းစဉ် ၁၂ ခုတွင် အသုံး ပြုရမည်ဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်

7Day Daily

No comments:

Post a Comment