Monday, December 8, 2014

အိန္ဒိယ ဗုံးပေါက်ကွဲမှု ဖမ်းဆီးထားသည့် မြန်မာသုံးဦး နှစ်နိုင်ငံ ရဲတပ်ဖွဲ့များ ပူးပေါင်းစစ်ဆေးနေ

အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့ ဗုံးပေါက်ကွဲမှုတွင် သံသယရှိ သူများအဖြစ် ဖမ်းဆီး ခံထားရ သည့် မြန်မာနိုင်ငံသားသုံးဦးအမှု ကို နှစ်နိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်း စစ် ဆေးနေကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဌာနချုပ်မှ အဆင့်မြင့်အ ရာရှိကြီးတစ်ဦးက ပြောကြား သည်။

‘‘ကျွန်တော်တို့ကို အိန္ဒိယနိုင် ငံရဲတပ်ဖွဲ့က ဒီအမှုကို ပူးပေါင်း ဖော်ထုတ်ဖို့ အကြောင်းကြား တယ်။ ဖြစ်စဉ်ကို အတည်ပြုဖို့ ရယ်၊ နောက်ထပ်ကျွန်တော်တို့ ဘက်က လုပ်စရာရှိတာဆက်လုပ် ရမှာပေါ့။ ကိုယ့်ဘက်က လုံခြုံ ရေးကိုလည်း တိုးမြှင့်ရင်းပေါ့’’ဟု ရဲအရာရှိက ပြောသည်။

နယူးဒေလီမြို့တွင် ပြီးခဲ့ သည့် အောက်တိုဘာ ၂ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အိန္ဒိယနိုင် ငံရဲတပ်ဖွဲ့က အဆိုပါ ဗုံးပေါက်ကွဲမှုကို ဦးဆောင်သူ ခါလစ်ဆိုသူ ပါဝင်သည့် မြန်မာနိုင်ငံသားသုံးဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းတို့ကို ပါကစ္စတန်တာလီဘန်အဖွဲ့(TTP)က ဖောက်ခွဲရေးသင်တန်းပေး ထားပြီး ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဝင်အဖြစ်လည်း အိန္ဒိယရဲတပ်ဖွဲ့က စွပ်စွဲ ထားသည်။

မြန်မာနှင့် အိန္ဒိယနိုင်ငံနယ် စပ်တစ်လျှောက် မှုခင်းများနှင့်အ ကြမ်းဖက် အဖွဲ့အစည်းများ စုံစမ်း ဖော်ထုတ်ရေးအတွက် နှစ်နိုင်ငံရဲ တပ်ဖွဲ့ချင်း နိုဝင်ဘာက သ ဘောတူလက်မှတ်ရေးထိုးခဲ့သည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း၌ အကြမ်းဖက်သမားအဖြစ် သံသယရှိကာ ဖမ်းဆီးစစ်ဆေးနေသူ သုံးဆယ်နီးပါး ရှိနေကြောင်း နေ ပြည်တော်မှ သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment