Thursday, December 18, 2014

ကယားပါတီသုံးခု မဟာမိတ် ပါတီအဖြစ် ပူးပေါင်းယှဉ်ပြိုင်မည်

ကယားပြည်နယ်ရှိ ဒေသခံပါတီသုံးခုက ၂၀၁၅ ရွေးကောက်ပွဲတွင် သီးခြားစီယှဉ်ပြိုင်မည်မဟုတ်ဘဲ မဟာမိတ်ပါတီအဖြစ် ပူးပေါင်းယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း ကယန်းအမျိုးသားပါတီအထွေထွေ အတွင်းရေးမှူးဦးခွန်နန်းရီက ပြောသည်။

ကယားပြည်နယ်တွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီအပြင် ဒေသခံ ပါတီများဖြစ်သည့် ကယန်းအမျိုး သားပါတီ၊ လူမျိုးပေါင်းစုံဒီမိုက ရေစီပါတီ(ကယားပြည်နယ်) နှင့် ကယားလူမျိုးစုဒီမိုကရေစီပါတီ ဟူ၍ ပါတီခြောက်ခုရှိသော်လည်း ဒေသခံ ပါတီသုံးပါတီက မဟာမိတ်ပါတီအဖြစ်သာ ယှဉ်ပြိုင်သွား မည်ဟုသိရသည်။

‘‘ကျွန်တော်တို့ ဒေသခံပါတီ တွေအနေနဲ့ အချင်းချင်း မပြိုင် တော့ဘူး။

မဲဆန္ဒရှင်လည်းမကွဲ အောင်၊ မဲစုစည်းမှုလည်း ပိုရှိ အောင် မဟာမိတ်အနေနဲ့ပဲ ပူး ပေါင်းပြီးတော့ ယှဉ်ပြိုင်သွား မယ်။ မဲဆန္ဒနယ်တစ်ခုမှာ ပါတီ တစ်ခုက ၀င်ပြိုင်ရင်ကျန်တဲ့နှစ်ပါ တီကနေအထောက်အပံ့ ပေးသွား ဖို့အတွက် ကျွန်တော်တို့အချင်း ချင်းညှိနှိုင်းထားတယ်’’ ဟု ဦးခွန် နန်းရီကပြောသည်။
ဒေသခံပါတီများအနေဖြင့် မဟာမိတ်ပါတီများ အဖြစ်သာ ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး သက် ဆိုင်ရာမဲဆန္ဒနယ်အလိုက် အမျိုး သားလွှတ်တော် ကိုယ်စားလှယ် နှင့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်နေရာများတွင် ညှိနှိုင်းကာ ယှဉ်ပြိုင်သွားမည်ဟုဆိုသည်။

ဒေသခံပါတီများအနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီများနှင့်သာ အဓိက ယှဉ်ပြိုင်သွားမည်ဟုဆိုသည်။ လက်ရှိတွင် ကယန်းအမျိုးသားပါတီအနေဖြင့် ရပ်ကွက်၊ ကျေး ရွာများတွင် ပါတီဆိုင်းဘုတ်တင်ခြင်းများ၊ အမှုဆောင်များပြန်လည်ပြင်ဆင် ဖွဲ့စည်းခြင်း များကို စတင်ပြုလုပ် နေပြီဖြစ်ကြောင်းသတင်းရရှိသည်။

7Day Daily

No comments:

Post a Comment