Thursday, December 18, 2014

တပ်ရင်းတပ်ဖွဲ့များတွင် ကျင်းပမည့် ခရစ္စမတ်ပွဲများနှင့် ပတ်သက်၍ ကေအိုင်အေဦးစီးချုပ် သတိပေး

တပ်မတော်နှင့် စစ်ရေး တင်းမာမှုများဖြစ်နေသည့် ကချင် လွတ်မြောက်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့များတွင် ခရစ္စမတ်ပွဲတော်များ ခမ်းခမ်းနားနား မပြုလုပ်ရန်နှင့် စစ်ရေးသတိရှိကြရန် ကေအိုင်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က ထုတ်ပြန်လိုက် ကြောင်း သတင်းရရှိသည်။
ကချင်လူမျိုးများသည် ခရစ် ယာန်ဘာသာဝင် အများစုဖြစ်ကြ ပြီး ၂၀၁၂ က ကေအိုင်အိုဌာနချုပ် အနီးတစ်ဝိုက်တွင် အစိုးရ တပ်မတော်နှင့် ကေအိုင်အေတပ်များ ခရစ္စမတ်ကာလအတွင်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

‘‘ဒေသတွင်း လက်ရှိအခြေ အနေအရ သတိထားဖို့ ပြောတာ ပါ။ သိပ်မပျော်ဘဲ ထိန်းထိန်း သိမ်းသိမ်း နေကြဖို့ပါ’’ ဟု ကေ အိုင်အေအဆင့်မြင့် အရာရှိတစ် ဦးက ပြောသည်။

မြန်မာ့တပ်မတော်က နိုဝင် ဘာ ၁၉ ရက်တွင် ကေအိုင်အေ ဌာနချုပ်အနီးရှိ ဗိုလ်သင်တန်း ကျောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ကေအိုင်အေ နှင့် မြန်မာ့တပ်မတော်တို့အကြား စစ်ရေးတင်းမာမှုများရှိလာခဲ့သည်။
ယင်းကိစ္စဖြစ်ပွားပြီးနောက် ကချင်ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုများ လျှော့ချရန် နှစ်ဖက်ဖွဲ့စည်းထားသော ပဋိပက္ခ ညှိနှိုင်းရေးဖြေရှင်းရေးအဖွဲ့ ဆွေး နွေးပွဲသို့ မတက်ရောက်တော့ကြောင်း ဘီဘီစီသတင်းဌာနတွင် ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါး၏ ပြောစကားကို ကိုးကား၍ ဖော် ပြထားသည်။

‘‘ကျွန်တော်လည်း ညကမှ ပြန်ရောက်တာဆိုတော့ စစ်ရုံး ချုပ်က ဘယ်လိုညွှန်ကြားထားလဲ မသိသေးဘူး။ ကချင်ပြည်နယ် တွင်းမှာတော့ တိုက်ပွဲတွေမရှိဘူး’’ ဟု မြစ်ကြီးနားမြို့တွင် ဖွင့်လှစ်ထားသော ကေအိုင်အို ဆက်ဆံရေးရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောသည်။
ထို့အပြင် လာမည့် ၂၂ ရက် တွင် ရန်ကုန်မြို့၌ ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော် ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးပွဲသို့ ဗိုလ်ချုပ်ဂွန်မော်တက်ရောက်မည့်ကိစ္စမှာ လည်း မသေချာသေးကြောင်း ဦးဒေါင်ခါးက ပြောသည်။

7Day Daily

No comments:

Post a Comment