Wednesday, December 31, 2014

အိုဘားမားက ၄င်း၏ ဂေါက်ကစားပွဲအစီအစဉ်ကြောင့် မင်္ဂလာဆောင် တစ်ခုကို နေရာပြောင်းရွှေ့စေခဲ့ ရသဖြင့် တောင်းပန်



အမေရိကန်သမ္မတ ဘားရက် အိုဘားမားသည် ဟာဝိုင်ယီရှိ ၄င်း ၏ ဂေါက်ကစားပွဲ အစီအစဉ်ကြောင့် မင်္ဂလာပွဲတစ်ခုကို နေရာပြောင်းရွှေ့ စေခဲ့သဖြင့် ထိုဇနီးမောင်နှံအား တောင်း ပန်စကားပြောကြားခဲ့သည်။
အိုဘား မားသည် ဟာဝိုင်ယီသို့ မိသားစုအ ပန်းဖြေခရီးလာရောက်မည်ကို သိသ ဖြင့် စစ်တပ်မှဗိုလ်ကြီးများဖြစ်သော ထိုဇနီးမောင်နှံက အိုဘားမားကို မင်္ဂလာဆောင်သို့ လာရန် ဖိတ်ကြားခဲ့ ကြောင်း ဘလွန်းဘတ်သတင်းများ အရ သိရသည်။
နာတာလီဟီမယ်လ်နှင့် အက် ဒဝပ်မယ်လူဂျေအာတို့သည် ၄င်း၏ ဖိတ်ကြားချက်ကို သမ္မတက ပယ်ချ ခဲ့သော်လည်း ဆုမွန်ကောင်းများ ပို့ သကြောင်း ဒီဇင်ဘာ ၂၇က စာတစ် စောင်လက်ခံရရှိခဲ့သည်။
ဒီဇင်ဘာ ၂၇ရက် ညဘက်တွင် သမ္မတ၏ ဂေါက်ကစားပွဲအစီအစဉ်ကြောင့် ဟာ ဝိုင်ယီရေတပ်စခန်းတည်ရှိရာ ဂေါက် ကွင်းအနီးရှိ မင်္ဂလာခန်းမတွင် ကျင်း ပမည့် မင်္ဂလာပွဲကို တခြားနေရာသို့ ပြောင်းလဲကျင်းပရန် ပြောကြားခဲ့သည်။
''ဒါဟာ စိတ်ထိခိုက်စရာပါပဲ၊ အထူး သဖြင့် သူမအတွက်ပေါ့၊ သူမဟာ သတို့သမီးတစ်ယောက်ဖြစ်တယ်၊ ၂၄ နာရီ မပြည့်ခင်အချိန်လေးမှာ သူတို့ တွေ စီစဉ်ထားခဲ့တဲ့ အရာတွေအား လုံး ပြောင်းလဲသွားခဲ့တယ်''ဟု သတို့ သား၏ အစ်မဖြစ်သူက ပြောသည်။

အိုဘားမားသည် ထိုဂေါက်ကွင်းတွင် ကစားနေကျဖြစ်ပြီး ထိုကစားပွဲအတွက် စီစဉ်ပေးသူတစ်ဦးက မင်္ဂလာပွဲကို နေရာပြောင်းပေးရန် ပြောခဲ့ကြောင်း မင်္ဂလာပွဲ စီစဉ်သည့် ကုမ္ပဏီမှမန်နေ ဂျာတစ်ဦးက ပြောသည်။
ထိုပြဿနာနှင့်ပတ်သက်၍ ဘ လွန်းဘတ်မှ ဆက်သွယ်မေးမြန်းခဲ့ပြီး နောက် သမ္မတက သတို့သမီးကိုဖုန်း ခေါ်ခဲ့ပြီး ထိုအဖြစ်အပျက်ကို တောင်း ပန်ကြောင်းနှင့် ထိုဇနီးမောင်နှံအား ဂုဏ်ပြုကြောင်းနှင့် ထိုနေရာတွင် မင်္ဂလာပွဲ ဆက်လုပ်ရန် ပြောခဲ့သည်။
ထို အဖြစ်အပျက်နှင့်ပတ်သက်ပြီး မှတ်ချက် တစ်စုံတစ်ရာပေးရန် အိမ်ဖြူတော် က ငြင်းဆန်ခဲ့သည်။
Ref : CNN
Democracytoday

No comments:

Post a Comment