Tuesday, December 30, 2014

ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ အကြောင်းအရာ မသိရသေး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်သည် ဒီဇင်ဘာ ၃၀ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ် မည်ဟု သတင်းရရှိသည်။

တစ်ကျော့ပြန်လည်ဖြစ်ပေါ် လာသော လက်ပံတောင်းတောင် အရေးအခင်းတွင် တောင်သူအ မျိုးသမီးတစ်ဦး သေနတ်မှန်သေ ဆုံးခြင်းကြောင့် ပဋိပက္ခပိုမိုကြီး မားလာရာ ယင်းကိစ္စများသည် ကော်မရှင်၏ အကြံပြုချက်များကို အပြည့်အ၀အကောင်အထည် ဖော်နိုင်မှုမရှိခြင်းနှင့် ရုန်းရင်းဆန် ခတ်မှုများကို ဖြေရှင်းရန် နည်း လမ်းအတိအကျရှိသော်လည်း မဖြေရှင်းနိုင်ခြင်းတို့ကြောင့် ဖြစ် သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။



ရက်ပိုင်းအတွင်းပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲသည် မည် သည့်အကြောင်းကြောင့်ဟု ကြေ ညာမထားသော်လည်း လတ်တ လောဖြစ်ပွားနေသည့် လက်ပံ တောင်းတောင်ကိစ္စနှင့် ၂၀၁၅ နှစ်ဆန်းတွင် ပါတီက လုပ်ဆောင် မည့် မူဝါဒများနှင့် ပတ်သက်နိုင် သည်ဟု ပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက သုံးသပ် သည်။

၂၀၁၅ ကို စည်းရုံးရေးနှစ်အဖြစ် သတ်မှတ်ထားသည်ဟု မကြာသေးမီက ပြုလုပ်ခဲ့သော ဗဟိုကော်မတီညီလာခံတွင် ကြေညာခဲ့ပြီးဖြစ်ရာ ၂၀၁၅ ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရွေးကောက်ပွဲဝင်ရောက်မည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်ဟု သိရသည်။

7Day Daily

No comments:

Post a Comment