Saturday, December 6, 2014

မလေးရှားရောက် တရားမဝင်မြန်မာလုပ်သားများ နေရပ်ပြန်လိုသော်လည်း မြန်မာနိုင်ငံသားအဖြစ် အထောက်အထားပြုလုပ်ရန် မှတ်ပုံတင်မရှိသဖြင့် အခက်အခဲကြုံရဟုဆို

Photo: မလေးရှားရောက် တရားမဝင်မြန်မာလုပ်သားများ နေရပ်ပြန်လိုသော်လည်း
မြန်မာနိုင်ငံသားအဖြစ် အထောက်အထားပြုလုပ်ရန် မှတ်ပုံတင်မရှိသဖြင့် အခက်အခဲကြုံရဟုဆို
Saturday, December 6, 2014

မလေးရှား နိုင်ငံ၌ တရားမဝင် ဖြစ်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ထဲမှ နေရပ်ပြန်လိုသူများ ရှိနေသော် လည်း မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား (ဃှု) ပြုလုပ်ရန် နိုင်ငံသားမှတ်ပုံတင် မရှိသည့်အတွက် နေရပ်ပြန်ရန် အခက်ခဲကြုံတွေ့ နေ ကြရကြောင်း မလေးရှားရှိမြန်မာ ရွှေ့ပြောင်းအလုပ်သမား အချို့ထံ မှ သိရသည်။

မလေးရှားနိုင်ငံတွင် သုံးလတစ် ကြိမ်(သို့) ခြောက်လတစ်ကြိမ် ဖမ်း ဆီးလေ့ရှိသည့် သက်တမ်းလွန် အလုပ် သမား(ဥလနမျအပေ) ဖမ်းဆီးနေခြင်း များကိုပြင်းထန်စွာ ပြုလုပ်လျက်ရှိ နေခြင်းနှင့် မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အသတ်ခံနေရမှုများကြောင့် နေ ရပ်ပြန်လိုကြခြင်းဖြစ်ကြောင်း မြန် မာရွှေ့ပြောင်း အလုပ်သမားများက ဆိုသည်။

မလေးရှားနိုင်ငံ ကွာလာလမ် ပူမြို့ပေါ်ရှိ သစ်အချောထည်စက်ရုံ တွင် အလုပ်လုပ်ကိုင်သည့်မြန်မာ ရွှေ့ပြောင်း အလုပ်သမား ကိုသန့်ဇင် က ''ဒီတစ်ခါဖမ်းတာက မလေးအစိုး ရကိုယ်တိုင်က ပြစ်ဒဏ်တွေပါတိုး ပြီး အမိန့်ထုတ်ထားတဲ့အတွက် ရော ဖမ်းတာလည်းနေရာစိတ်လာ တယ်။ အဲ့ဒါအပြင် ဟိုတလောက ဈေးရောင်းတဲ့မြန်မာတစ်ယောက် အသတ်ခံလိုက်ရသေးတယ်။ လူ တစ်စုက ဝင်သတ်သွားတာပဲ သိရ ပြီး ဘယ်သူသတ်သွားမှန်းမသိ လိုက်ဘူး။ အဲ့လိုတွေကြောင့် အရမ်း ကို ကြောက်နေကြတယ်။ ဒါ ကြောင့် ပြန်ချင်နေကြတယ်။ ပြန် ချင်ပေမယ့် မှတ်ပုံတင်တို့အိမ်ထောင် စုစာရင်းတို့ပြနိုင်မှ သရုံးမှ (CI)လျှောက်လို့ရမှာ တရားမဝင်ဖြစ်နေ တဲ့လူအတော်များများမှ အဲ့အထောက် အထား မရှိကြဘူး''ဟု ပြောသည်။

မလေးရှားနိုင်ငံတွင် တရား မဝင် အထောက်အထားမဲ့ မြန်မာ အလုပ်သမား ဖမ်းဆီးနေခြင်းသည် ယခုတစ်ကြိမ်တွင် အပြင်းထန်ဆုံး ဖြစ်ပြီး ယခင်ဖမ်းမိပါက ထောင်ဒဏ် ခြောက်လချမှတ်ပြီး ယခုတွင် ထောင် ဒဏ် ခြောက်လအပြင်၊ ကြိမ်ဒဏ် တစ်ချက်ကိုပါ ပြစ်ဒဏ်အဖြစ် တိုး မြှင့်ထားကြောင်း ပြင်းထန်းစွာဖမ်း ဆီးမှု ပြုလုပ်လျှက်ရှိကြောင်း မလေး ရှားရှိ မြန်မာရွှေ့ပြောင်း အလုပ် သမား ကိုစိုးနိုင်လင်းက ပြောသည်။

''ကျွန်တော်တို့ဆို ကိုယ့်နိုင်ငံ ပဲ ကိုယ်ပြန်ဖို့စိတ်ကူးနေတယ်။ ဒါ ပေမဲ့(CI)လျှောက်ဖို့ အထောက်အ ထားပြစရာမရှိဘူး။ ပွဲစားတွေက အထောက်အထားမရှိလဲ (CI)လျှောက်လို့ရတယ်ဆိုလို့ ပွဲစား အားကိုးလိုက်တယ်။ အလိမ်ခံလိုက် ရရော အဲ့တော့ရှိတဲ့ပိုက်ဆံပါ ကုန် ရော''ဟု ကိုစိုးနိုင်က ယင်းကြုံတွေ့ ခဲ့ရသည်များကို ပြောသည်။

ထိုသို့ အိုဗာစတေးဖမ်းဆီးမှု များကြောင့် တရားမဝင်နိုင်ငံခြား သားလုပ်သားများနှင့် Overstay ဖြစ် နေသည့် နိုင်ငံခြားသားအလုပ် သမားများကို မလေးရှားအစိုးရမှဒီ ဇင်ဘာ ၃၁ရက် နောက်ဆုံးထားကာ မိမိနေရပ်နိုင်ငံများသို့ ပြန်ရန်ကြေ ညာထားပြီး ယင်းကြေညာချက် အပေါ် ပွဲစားများမှအမြတ်ထုတ် လျက်ရှိနေခြင်းဖြစ်ကြောင်း၊ နေရပ် ပြန်ရန် ဆန္ဒပြင်းပြနေကြသည့် မြန် မာနိုင်ငံသားများ အများဆုံး အမြတ် ထုတ်ခံနေရကြောင်း ကိုစိုးနိုင်လင်း က ဆိုသည်။

မလေးရှားနိုင်ငံ ကပုန်းလူမှု ကူညီရေးအသင်းမှ ဦးဆန်းဝင်းက ''(CI) လျှောက်ရင်မှတ်ပုံတင်လို တယ်၊ အိမ်ထောင်စုစာရင်းလိုတယ်။ အဲ့နှစ်ခုနဲ့ Passport စာအုပ်နဲ့သံရုံး မှာ(CI)လျှောက်ရတယ်။ အခုအခက် ခဲဖြစ်နေတာက အထောက်အထား မဲ့ဖြစ်နေတဲ့သူတွေ အားလုံးနီးပါး မှာ အဲဒီ့အထောက်အထား မရှိဘူး။ အထောက်အထားမရှိလို့ သံရုံးက နေအထောက်အထား လုပ်မယ်ဆို ရင်လည်း အနည်းဆုံးလူတစ်ယောက် ကို ခြောက်လလောက်ကြာတယ်။ အဲဒီတော့ ကြားပွဲစားတွေက သူတို့ လုပ်ပေးမယ်။ အထောက်အထားမ ရှိလည်းရတယ်။ မကြာစေရဘူးဆို တဲ့စကားကိုယုံပြီး အလိမ်ခံလိုက် ကျရရော''ဟု ပြောသည်။

မြန်မာရွှေ့ပြောင်း အလုပ်သ မားများအနေဖြင့် မိမိအစီစဉ်ဖြင့် နေရပ်ပြန်လိုပါက ပထမဦးစွာ မြန် မာသံရုံး၌(CI) လျှောက်ထားကာ မလေးရှား လဝကထံတွင် Special Pass အတွက် ကုန်ကျငွေမလေးရှား ငွေ ရင်းဂစ် ၁ဝဝနှင့် Compound ကြေး မလေးရှားငွေ ရင်းဂစ် ၄ဝဝ တို့ ကိုပေးဆောင်ကာ နေရပ်ပြန်နိုင် ကြောင်း၊ ထိုသို့ပြန်လိုသူများအနေ ဖြင့် မိမိတို့၏ သက်ဆိုင်ရာနေရပ်မှ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ မိမိတို့ လက်ဝယ်ရှိ ပတ်စပို့စာအုပ်တို့ဖြင့် သံ ရုံးတွင် CI လျှောက်ထားရမည်ဖြစ် ပြီး CI ရရှိပါက လေယာဉ်လက်မှတ် တစ်ကြောင်းစာဝယ်ကာ လဝကသို့ သွား၍ တုံကင်ယူရမည် ဖြစ်သည်။ 

တုံကင်ရက်ရပါက ၅ ရက်အတွင်း မြန်မာပြည်သို့ ပြန်လည်ထွက်ခွာနိုင် ကြောင်းလည်း မလေးရှားအစိုးရမှ ထုတ်ပြန်ထားသည်။

ZCL
Ref : Straitstimes
Yangon Media Group
မလေးရှား နိုင်ငံ၌ တရားမဝင် ဖြစ်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ထဲမှ နေရပ်ပြန်လိုသူများ ရှိနေသော် လည်း မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား (ဃှု) ပြုလုပ်ရန် နိုင်ငံသားမှတ်ပုံတင် မရှိသည့်အတွက် နေရပ်ပြန်ရန် အခက်ခဲကြုံတွေ့ နေကြရကြောင်း မလေးရှားရှိမြန်မာ ရွှေ့ပြောင်း အလုပ်သမား အချို့ထံ မှ သိရသည်။

မလေးရှားနိုင်ငံတွင် သုံးလတစ် ကြိမ်(သို့) ခြောက်လတစ်ကြိမ် ဖမ်း ဆီးလေ့ရှိသည့် သက်တမ်းလွန် အလုပ် သမား(ဥလနမျအပေ) ဖမ်းဆီးနေခြင်း များကိုပြင်းထန်စွာ ပြုလုပ်လျက်ရှိ နေခြင်းနှင့် မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အသတ်ခံနေရမှုများကြောင့် နေ ရပ်ပြန်လိုကြခြင်းဖြစ်ကြောင်း မြန် မာရွှေ့ပြောင်း အလုပ်သမားများက ဆိုသည်။

မလေးရှားနိုင်ငံ ကွာလာလမ် ပူမြို့ပေါ်ရှိ သစ်အချောထည်စက်ရုံ တွင် အလုပ်လုပ်ကိုင်သည့်မြန်မာ ရွှေ့ပြောင်း အလုပ်သမား ကိုသန့်ဇင် က ''ဒီတစ်ခါဖမ်းတာက မလေးအစိုး ရကိုယ်တိုင်က ပြစ်ဒဏ်တွေ ပါတိုး ပြီး အမိန့်ထုတ်ထားတဲ့အတွက် ရော ဖမ်းတာလည်းနေရာစိတ်လာ တယ်။ အဲ့ဒါအပြင် ဟိုတလောက ဈေးရောင်းတဲ့မြန်မာတစ်ယောက် အသတ်ခံလိုက်ရသေးတယ်။ လူ တစ်စုက ဝင်သတ်သွားတာပဲ သိရ ပြီး ဘယ်သူသတ်သွားမှန်းမသိ လိုက်ဘူး။ အဲ့လိုတွေကြောင့် အရမ်း ကို ကြောက်နေကြတယ်။ ဒါ ကြောင့် ပြန်ချင်နေကြတယ်။ ပြန် ချင်ပေမယ့် မှတ်ပုံတင်တို့အိမ်ထောင် စုစာရင်းတို့ပြနိုင်မှ သရုံးမှ (CI)လျှောက်လို့ရမှာ တရားမဝင်ဖြစ်နေ တဲ့လူအတော်များများမှ အဲ့အထောက် အထား မရှိကြဘူး''ဟု ပြောသည်။

မလေးရှားနိုင်ငံတွင် တရား မဝင် အထောက်အထားမဲ့ မြန်မာ အလုပ်သမား ဖမ်းဆီးနေခြင်းသည် ယခု တစ်ကြိမ် တွင် အပြင်းထန်ဆုံး ဖြစ်ပြီး ယခင်ဖမ်းမိပါက ထောင်ဒဏ် ခြောက်လချမှတ်ပြီး ယခုတွင် ထောင် ဒဏ် ခြောက်လအပြင်၊ ကြိမ်ဒဏ် တစ်ချက်ကိုပါ ပြစ်ဒဏ်အဖြစ် တိုး မြှင့်ထားကြောင်း ပြင်းထန်းစွာဖမ်း ဆီးမှု ပြုလုပ်လျှက်ရှိကြောင်း မလေး ရှားရှိ မြန်မာရွှေ့ပြောင်း အလုပ် သမား ကိုစိုးနိုင်လင်းက ပြောသည်။

''ကျွန်တော်တို့ဆို ကိုယ့်နိုင်ငံ ပဲ ကိုယ်ပြန်ဖို့စိတ်ကူးနေတယ်။ ဒါ ပေမဲ့(CI)လျှောက်ဖို့ အထောက်အ ထားပြ စရာမရှိဘူး။ ပွဲစားတွေက အထောက်အထားမရှိလဲ (CI)လျှောက်လို့ရတယ်ဆိုလို့ ပွဲစား အားကိုးလိုက် တယ်။ အလိမ်ခံလိုက် ရရော အဲ့တော့ရှိတဲ့ပိုက်ဆံပါ ကုန် ရော''ဟု ကိုစိုးနိုင်က ယင်းကြုံတွေ့ ခဲ့ရသည်များ ကို ပြောသည်။

ထိုသို့ အိုဗာစတေးဖမ်းဆီးမှု များကြောင့် တရားမဝင်နိုင်ငံခြား သားလုပ်သားများနှင့် Overstay ဖြစ် နေသည့် နိုင်ငံခြားသားအလုပ် သမားများကို မလေးရှားအစိုးရမှဒီ ဇင်ဘာ ၃၁ရက် နောက်ဆုံးထားကာ မိမိနေရပ်နိုင်ငံများသို့ ပြန်ရန်ကြေ ညာထားပြီး ယင်းကြေညာချက် အပေါ် ပွဲစားများမှအမြတ်ထုတ် လျက်ရှိနေခြင်းဖြစ်ကြောင်း၊ နေရပ် ပြန်ရန် ဆန္ဒပြင်းပြနေကြသည့် မြန် မာနိုင်ငံသားများ အများဆုံး အမြတ် ထုတ်ခံနေရကြောင်း ကိုစိုးနိုင်လင်း က ဆိုသည်။

မလေးရှားနိုင်ငံ ကပုန်းလူမှု ကူညီရေးအသင်းမှ ဦးဆန်းဝင်းက ''(CI) လျှောက်ရင်မှတ်ပုံတင်လို တယ်၊ အိမ်ထောင်စုစာရင်းလိုတယ်။ အဲ့နှစ်ခုနဲ့ Passport စာအုပ်နဲ့သံရုံး မှာ(CI)လျှောက်ရတယ်။ အခုအခက် ခဲဖြစ်နေတာက အထောက်အထား မဲ့ဖြစ်နေတဲ့သူတွေ အားလုံးနီးပါး မှာ အဲဒီ့အထောက်အထား မရှိဘူး။ အထောက်အထားမရှိလို့ သံရုံးက နေအထောက်အထား လုပ်မယ်ဆို ရင်လည်း အနည်းဆုံးလူတစ်ယောက် ကို ခြောက်လလောက်ကြာတယ်။ အဲဒီတော့ ကြားပွဲစားတွေက သူတို့ လုပ်ပေးမယ်။ အထောက်အထားမ ရှိလည်းရတယ်။ မကြာစေရဘူးဆို တဲ့စကားကိုယုံပြီး အလိမ်ခံလိုက် ကျရရော''ဟု ပြောသည်။

မြန်မာရွှေ့ပြောင်း အလုပ်သ မားများအနေဖြင့် မိမိအစီစဉ်ဖြင့် နေရပ်ပြန်လိုပါက ပထမဦးစွာ မြန် မာသံရုံး၌(CI) လျှောက်ထားကာ မလေးရှား လဝကထံတွင် Special Pass အတွက် ကုန်ကျငွေမလေးရှား ငွေ ရင်းဂစ် ၁ဝဝနှင့် Compound ကြေး မလေးရှားငွေ ရင်းဂစ် ၄ဝဝ တို့ ကိုပေးဆောင်ကာ နေရပ်ပြန်နိုင် ကြောင်း၊ ထိုသို့ပြန်လိုသူများအနေ ဖြင့် မိမိတို့၏ သက်ဆိုင်ရာနေရပ်မှ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ မိမိတို့ လက်ဝယ်ရှိ ပတ်စပို့စာအုပ်တို့ဖြင့် သံ ရုံးတွင် CI လျှောက်ထားရမည်ဖြစ် ပြီး CI ရရှိပါက လေယာဉ်လက်မှတ် တစ်ကြောင်းစာဝယ်ကာ လဝကသို့ သွား၍ တုံကင်ယူရမည် ဖြစ်သည်။

တုံကင်ရက်ရပါက ၅ ရက်အတွင်း မြန်မာပြည်သို့ ပြန်လည်ထွက်ခွာနိုင် ကြောင်းလည်း မလေးရှားအစိုးရမှ ထုတ်ပြန်ထားသည်။

ZCL
Ref : Straitstimes
Yangon Media Group

No comments:

Post a Comment