Sunday, December 28, 2014

မဲရုံအချို့ရှေ့တွင် ကိုယ်စားလှယ်အမည်များ မဲဆန္ဒရှင်များအား ဖြန့်ဝေမှုရှိ


Photo: မဲရုံအချို့ရှေ့တွင် ကိုယ်စားလှယ်အမည်များ မဲဆန္ဒရှင်များအား ဖြန့်ဝေမှုရှိ

ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၁၄

 ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲကျင်းပခဲ့သည့် မဲရုံ အချို့ရှေ့၌ ကိုယ်စားလှယ်လောင်းအချို့၏ လူစာရင်းကို ဖြန့်ဝေပြီး မဲဆန္ဒရှင်များအား ဝေဝါးအောင်လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သော စည်းကမ်းဥပဒေ များအရ ဆန္ဒမဲပေးသည့် ၂၇ ရက် မတိုင်မီ တစ်ရက်မှစတင်ကာ ကိုယ်စားလှယ်လောင်းများ အနေ ဖြင့် မဲဆွယ်ခွင့်မရှိတော့သော်လည်း ဆန္ဒမဲပေးသည့်နေ့တွင် မဲဆန္ဒပြုသူများအား မဲပေးစေလိုသည့်နာမည်များကို ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

‘‘ဒီစာရွက်တွေကို မဲရုံရှေ့မှာ မနက် ၁၀ နာရီလောက်ကစပြီး ဖြန့်ဝေနေတာတွေ့တယ်’’ဟု သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက် မဲရုံ (၁၊ ၂၊ ၃)ရှေ့တွင် လာရောက် စောင့်ကြည့်နေသည့် ကိုယ်စား လှယ်တစ်ဦးကပြော သည်။

မဲရုံမှူးများအနေဖြင့် သိ ထားသင့်သောစည်းမျဉ်းဥပဒေများကို သိရှိထားခြင်းမရှိ၍ မဲရုံများအနီး မဲဆွယ်သည့်စာတန်းများ၊ ဗီနိုင်းများ၊ ကြော်ငြာများရှိနေပြီး မသမာသည့်နည်းလမ်းများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း အနောက်ပိုင်းခရိုင်ကိုယ်စားပြုကော်မတီဝင်လောင်းဦးဝင်းချိုက သုံးသပ်သည်။

‘‘အပြင်မှာဖြစ်နေတာ ဆရာမတို့မသိနိုင်ဘူး။ ဆရာမတို့က ဒီမဲရုံအတွင်းမှာပဲ ကြီးကြပ်လုပ်ဆောင်ရတယ်’’သင်္ဃန်းကျွန်းမြို့ နယ် ငမိုးရိပ်ရပ်ကွက်မဲရုံ (၂)တွင် တာဝန်ကျသည့်မဲရုံမှူးကပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ ရပ်ကွက်မဲရုံများအပြင် လသာ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်မြို့ နယ်များ၏ မဲရုံများအနီးကိုယ် စားလှယ်လောင်းများ၏ မဲဆွယ်တီရှပ်များဝတ်ဆင်ကာ မဲဆန္ဒပြုသူများအား မည်သူ့ကိုမဲပေးရမည်ကို ဆွဲဆောင်ပြောဆိုမှုများရှိခဲ့သည်။

  ‘‘ကိုယ်စားလှယ်လောင်း တီရှပ်တွေဝတ်ပြီး မဲရုံထဲမှာ ခပ် တည်တည်နဲ့ အများကြီးဝင်ထိုင် နေကြတယ်။ ညနေပိုင်းမဲလာ မပေးတဲ့သူတွေရဲ့ မဲစာရင်းတွေ ကို သူတို့ဖြစ်စေချင်တဲ့သူထဲ ပေါင်းထည့်လိုက်မှာ  စိုးရိမ်ရ တယ်။ တချို့က မဲရုံအဝမှာ လက် ကမ်းစာစောင်တွေဝေနေတယ်။ စည်းရုံးရေးကားတွေလည်း လာ ရပ်ထားတယ်’’ဟု စည်ပင်ရွေး ကောက်ပွဲစောင့်ကြည့်လေ့လာ နေသူ ကြည့်မြင်တိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဦးတင်မျိုးကပြောသည်။

မဲရုံများတွင် တာဝန်ကျကြီးကြပ်သူများအပြင် ကိုယ်စားလှယ်

လောင်း၏ ကိုယ်စားလှယ်များအား ၀င်ခွင့်ပြုထားသော်လည်း နေရာ သတ်မှတ်ထားပြီး ဆန္ဒပြုသူများအား ပြောဆိုခွင့်မပြုဘဲ လုပ်ဆောင်ချက်များ ကိုသာ စောင့်ကြည့်စေကြောင်း သင်္ဃန်းကျွန်းမြို့နယ် ၁၆(၁)နှင့် ကျိုက္ကဆံ အနောက်ရပ်ကွက် နှစ်ခု ပေါင်းမဲရုံတွင်တာဝန်ကျမဲရုံမှူးက ပြောသည်။

7 Day Daily
ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲကျင်းပခဲ့သည့် မဲရုံ အချို့ရှေ့၌ ကိုယ်စားလှယ်လောင်းအချို့၏ လူစာရင်းကို ဖြန့်ဝေပြီး မဲဆန္ဒရှင်များအား ဝေဝါးအောင်လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သော စည်းကမ်းဥပဒေ များအရ ဆန္ဒမဲပေးသည့် ၂၇ ရက် မတိုင်မီ တစ်ရက်မှစတင်ကာ ကိုယ်စားလှယ်လောင်းများ အနေ ဖြင့် မဲဆွယ်ခွင့်မရှိတော့သော်လည်း ဆန္ဒမဲပေးသည့်နေ့တွင် မဲဆန္ဒပြုသူများအား မဲပေးစေလိုသည့်နာမည်များကို ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

‘‘ဒီစာရွက်တွေကို မဲရုံရှေ့မှာ မနက် ၁၀ နာရီလောက်ကစပြီး ဖြန့်ဝေနေတာတွေ့တယ်’’ဟု သင်္ဃန်းကျွန်းမြို့ နယ် ငမိုးရိပ်ရပ်ကွက် မဲရုံ (၁၊ ၂၊ ၃)ရှေ့တွင် လာရောက် စောင့်ကြည့်နေသည့် ကိုယ်စား လှယ်တစ်ဦး က ပြောသည်။

မဲရုံမှူးများအနေဖြင့် သိ ထားသင့်သောစည်းမျဉ်းဥပဒေများကို သိရှိထားခြင်းမရှိ၍ မဲရုံများအနီး မဲဆွယ်သည့်စာတန်းများ၊ ဗီနိုင်းများ၊ ကြော်ငြာများရှိနေပြီး မသမာသည့်နည်းလမ်းများ ဖြစ်ပေါ် ခဲ့ခြင်းဖြစ်ကြောင်း အနောက်ပိုင်းခရိုင်ကိုယ်စားပြုကော်မတီဝင်လောင်းဦးဝင်းချိုက သုံးသပ်သည်။

‘‘အပြင်မှာဖြစ်နေတာ ဆရာမတို့မသိနိုင်ဘူး။ ဆရာမတို့က ဒီမဲရုံအတွင်းမှာပဲ ကြီးကြပ်လုပ်ဆောင်ရတယ်’’သင်္ဃန်းကျွန်းမြို့ နယ် ငမိုးရိပ်ရပ်ကွက်မဲရုံ (၂)တွင် တာဝန်ကျသည့်မဲရုံမှူးကပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ ရပ်ကွက်မဲရုံများအပြင် လသာ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်မြို့ နယ်များ၏ မဲရုံများအနီးကိုယ် စားလှယ်လောင်းများ၏ မဲဆွယ်တီရှပ်များဝတ်ဆင်ကာ မဲဆန္ဒပြုသူများအား မည်သူ့ကိုမဲပေးရမည်ကို ဆွဲဆောင်ပြောဆိုမှုများရှိခဲ့သည်။

‘‘ကိုယ်စားလှယ်လောင်း တီရှပ်တွေဝတ်ပြီး မဲရုံထဲမှာ ခပ် တည်တည်နဲ့ အများကြီးဝင်ထိုင် နေကြတယ်။ ညနေပိုင်းမဲလာ မပေးတဲ့သူတွေရဲ့ မဲစာရင်းတွေ ကို သူတို့ဖြစ်စေချင်တဲ့သူထဲ ပေါင်းထည့်လိုက်မှာ စိုးရိမ်ရ တယ်။ တချို့က မဲရုံအဝမှာ လက် ကမ်းစာစောင်တွေဝေနေတယ်။ စည်းရုံးရေးကားတွေလည်း လာ ရပ်ထားတယ်’’ဟု စည်ပင်ရွေး ကောက်ပွဲစောင့်ကြည့်လေ့လာ နေသူ ကြည့်မြင်တိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဦးတင်မျိုးကပြောသည်။

မဲရုံများတွင် တာဝန်ကျကြီးကြပ်သူများအပြင် ကိုယ်စားလှယ်လောင်း၏ ကိုယ်စားလှယ်များအား ၀င်ခွင့်ပြု ထားသော်လည်း နေရာ သတ်မှတ်ထားပြီး ဆန္ဒပြုသူများအား ပြောဆိုခွင့်မပြုဘဲ လုပ်ဆောင်ချက်များ ကိုသာ စောင့်ကြည့်စေကြောင်း သင်္ဃန်းကျွန်းမြို့နယ် ၁၆(၁)နှင့် ကျိုက္ကဆံ အနောက်ရပ်ကွက် နှစ်ခု ပေါင်းမဲရုံတွင်တာဝန်ကျမဲရုံမှူးက ပြောသည်။

7 Day Daily

No comments:

Post a Comment