Monday, December 15, 2014

UPWC နှင့် NCCT ယနေ့ ဆွေးနွေးမည်

ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) အလုပ်အဖွဲ့ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ရေးအဖွဲ့ (NCCT) တို့ ဒီဇင်ဘာ ၁၅ ရက် (ယနေ့) တွင် ချင်းမိုင်မြို့ ၌ တွေ့ဆုံမည်ဖြစ်သည်။

တွေ့ဆုံပြီးပါက UPWC နှင့် NCCT တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် သမတ္တမအကြိမ် တရားဝင်ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ပြုလုပ်နိုင်ခြင်းရှိ၊ မရှိ ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း
NCCTအဖွဲ့ဝင်ဗိုလ်မှူးကြီး ခွန်ဥက္ကာကပြောသည်။‘‘မနက်ဖြန်ညနေမှာ သူတို့နဲ့တွေ့မယ်။ အဲဒါပြီးရင်တော့ သိရပါပြီ’’ဟု ၎င်းက ပြောသည်။NCCT ဘက်မှ ကေအိုင်အေ ဗိုလ်လောင်းသင်တန်းကျောင်း လက်နက်ကြီးပစ်ခတ်ခံရမှု အပါ အ၀င် အခြားအချက်တချို့ကို ၀န် ကြီးဦးအောင်မင်းထံ မေးမြန်းထား ဒီဇင်ဘာ ၁၅ ရက်၌ မြန်မာ့ ငြိမ်းချမ်းရေးစင်တာ (MPC) အကြီးတန်း အကြံပေးများ ပါဝင်သော UPWC အလုပ်အဖွဲ့နှင့် ယင်းအချက်များကို ဆွေးနွေးသွားကြမည်ဖြစ်သည်။

‘‘ကျွန်တော်တို့ဘက်ကတော့ တွေ့ဆုံညှိနှိုင်းရေးမူကို ဆုပ်ကိုင် ထားပါတယ်။ NCCT သဘော ထားကတော့ ၁၅ ရက်နေ့ပြီးမှ သိမှာပါ’’ဟု MPC အကြီးတန်း အကြံပေးဦးလှမောင်ရွှေက ပြော သည်။ ယင်းနှစ်ဖွဲ့သည် စက်တင်ဘာလက နောက်ဆုံးတွေ့ဆုံခဲ့သည်။ထို့အပြင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC) နှင့် မြန်မာ နိုင်ငံသို့ လာရောက်ရန်ရှိသည့် ကမ္ဘာ့ရပ်မိရပ်ဖ အဖွဲ့(The Eiders) တို့ ဒီဇင်ဘာ ၁၄ ရက်က ချင်းမိုင်မြို့တွင် တွေ့ဆုံ၍ ငြိမ်း ချမ်းရေးဖြစ်စဉ်အပေါ် ဆွေးနွေး ခဲ့ကြကြောင်း ဗိုလ်မှူးကြီး ခွန် ဥက္ကာက ဆက်လက်ပြောသည်။

7Day Daily

No comments:

Post a Comment