Monday, December 8, 2014

KIA လက်နက်ကိုင်အဖွဲ့၏ မတရား လုပ်ဆောင်မှုများ အပေါ် ဒေသခံပြည်သူအချို့မှ ထုတ်ဖော်ပြောကြား

Photo: KIA လက်နက်ကိုင်အဖွဲ့၏ မတရား လုပ်ဆောင်မှုများ အပေါ် ဒေသခံပြည်သူအချို့မှ ထုတ်ဖော်ပြောကြား

၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ၈ ရက်

KIA လက်နက်ကိုင် အဖွဲ့အနေဖြင့် လူသစ် စုဆောင်းခြင်း၊ အများပြည်သူ အသုံးပြုနေသည့် လမ်းကြောင်းများ၊ ကျေးရွာအနီး ဝန်းကျင်နှင့် တောင်ယာ စိုက်ခင်းတစ်ဝိုက် နေရာများ၌ မိုင်းထောင်ခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခြင်း များ ဆောင်ရွက်လျက် ရှိသည်။

လူသစ် စုဆောင်းခံရ သူများအနက်မှ အသက်လု၍ ထွက်ပြေး လွတ်မြောက် လာသူအချို့၏ ထုတ်ဖော် ပြောကြားချက် အရ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်မှုများ၊ လူမျိုးရေး ခွဲခြား ဆက်ဆံမှုများ၊ အချိန် ကြာမြင့်စွာ ဖမ်းဆီး ချုပ်နှောင်မှုများ၊ သတ်ဖြတ်မှု များလည်း ရှိကြောင်း သိရသည်။ လူသစ် စုဆောင်းရာတွင် အသက် ငယ်ရွယ်သူ များနှင့် အမျိုးသမီး များကိုပါ စုဆောင်းခဲ့ပြီး အနိုင်ကျင့် ခံရမှု များလည်း ရှိခဲ့သည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့နယ်၊ ချရာပတ္တီး ရပ်ကွက် နှင့် မိုးကောင်းမြို့နယ်၊ နတ်ကြီးကုန်း ရပ်ကွက်တို့၌ လူနေ ရပ်ကွက်ထဲ အထိ ဝင်ရောက်၍ ခြိမ်းခြောက် ဖမ်းဆီး ခေါ်ဆောင်မှု များကြောင့် ကျန်ရစ်သူ မိသားစုဝင်များ ပူဆွေးသောက ရောက်လျက် ရှိသည့် အပြင် ခင်ပွန်းသည် နှင့် လူငယ်များ စား၊ ဝတ်၊ နေရေး ဒုက္ခများကို ရင်ဆိုင် နေရကြောင်း လည်း သိရှိရသည်။

လူသစ် စုဆောင်းခံရသူ ကျား ၇၈၂ ဦး၊ မ ၃၆ ဦး စုစုပေါင်း ၈၁၈ ဦးရှိခဲ့ပြီး ၅၃၅ ဦးသည် လွတ်မြောက်ခြင်း မရှိသေးဘဲ ခြိမ်းခြောက် လျက် ဖြန့်ခွဲ တာဝန်ပေး ထားကြောင်း နယ်မြေခံ ပြည်သူများ ထံမှ သိရသည်။

KIA လက်နက်ကိုင် အဖွဲ့၏ တိုင်းရင်းသားများ အပေါ် ခွဲခြား ဆက်ဆံမှု၊ လူမျိုးရေး ဖိနှိပ်မှုတို့မှာ စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိ နေပြီး မိုင်းထောင် တိုက်ခိုက်မှု ကြောင့် ခြေ၊ လက်အင်္ဂါ ဆုံးရှုံးရ သူများ၊ အသက် ဆုံးရှုံး ရသူများလည်း ရှိကြောင်း ကိုယ်တိုင် တွေ့ကြုံခံစား ရသူ ပြည်သူများက ရင်ဖွင့် ပြောကြား ခဲ့သည်။ ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ မှ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ အထိ KIA လက်နက်ကိုင် အဖွဲ့၏ မိုင်းထောင် တိုက်ခိုက်မှု ကြောင့် အသက် ဆုံးရှုံးခဲ့ ရသည့် ဒေသခံပြည်သူ ၁ဝ ဦး နှင့် ဒဏ်ရာ ရရှိသူ ၃၇ ဦး ရှိကြောင်း သိရှိရသည်။(၁၀၀)

၁၉-၅-၂၀၁၄ ရက်တွင် KIA လက်နက်ကိုင် အဖွဲ့ ထောင်ထားသော မိုင်းကြောင့် ဒဏ်ရာ ရရှိခဲ့သည့် ဆရာတော် ဦးနန္ဒိမ အား တွေ့ရစဉ်

၂၈-၁၁-၂၀၁၄ ရက်တွင် KIA လက်နက်ကိုင် အဖွဲ့ ထောင်ထားသော မိုင်းကြောင့် ဒဏ်ရာ ရရှိခဲ့သည့် ဒေါ်အားညီ အား တွေ့ရစဉ်

The Myawady Daily

No comments:

Post a Comment