Monday, December 22, 2014

ကချင်ပြည်နယ်အတွင်း KIA/KIO မှ သန်းခေါင်စရင်းကောက်ယူ

ကချင်ပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားအားလုံး၏ လူဦးရေးစာရင်းများကို KIA မှ လိုက်လံကောက်ယူနေပါသည်။ ထိုသို့ ကောက်ယူရာတွင် ရပ်ကွက်အုပ်ချုပ်ရေးများထံမှ တဆင့်ကောက် ခံခိုင်းနေပါသည်။ အုပ်ချုပ်ရေးမျးများမှာလည်း KIA ကိုကြောက် လန့်သောကြောင့် ရသမျှစာရင်းများ ကို ကောက်ယူပေးနေကြ ပါသည်။



ယခုလောလောဆယ် အင်းတော်ကြီးဒေသများတွင် ရှမ်းနီလူဦးရေစာရင်းများကို KIA မှ ကောက်ယူနေ ပါတယ် ။

“” ထို့သို့ကချင်ပြည်နယ်အတွင်း လူဦးရေစာရင်း ကောက်ခံခိုင်းခြင်း သည် အေအိုင်အေ မှ နှောက်ထပ် တပ်သားသစ်များ ထပ်မံ စုဆောင်းနိုင်ရန် လုပ်ဆောင်ခြင်းများနှင့် ဆက်စပ်နေကြောင်း ၊

၂၀၁၄ ဧပြီလအတွင်းက သန်းခေါင်စာရင်းကေက်ခံရာတွင်လည်း ရှမ်းဒေသရှိ ရှမ်းလူဦးလူစာရင်း ကောက်ခံရာ တွင်လည်း အေအိုင်အေ မှ တားမြစ်ပိတ် ပင်ခြိမ်းခြောက်ခဲ့ကြောင်း ၊

ယနေ့အချိန်ထိ ကချင်ပြည်နယ်အတွင်း ရှမ်းလူဦးရေးစာရင်းကိုလည်း တိတိကျကျ မသိရှိနိုင်သေးကြောင်း “”

ဟု အင်းတော်ကြီးဒေသ မှ အုပ်ချုပ်ရေးမူးတစ်ဦးက ရှမ်းနီအမျိုးသားရေး အစည်းအရုံးသို့ ပြောကြားခဲ့ပါ သည်။

ယနေ့အချိန်ထိ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဟု အမည်ခံ ထားသော်လည်း ကချင်ပြည်နယ် အတွင်းနေထိုင်နေကြသော ရှမ်းတိုင်းရင်း များအား လုံးဝ ကိုယ်စားမပြုပါ။

ကေအိုင်အေသည် ခေတ်အဆက် မတရား ဆက်ကြေးကောက်ခံ အနိုင်ကျင့် နိုပ်စက်မတရားဖမ်းစီးပြီး အေကိုင်အေစစ်သားများပြုလုပ်ခိုင်းနေပါသည်။

ကချင်ပြည်နယ်လို့အမည်ခံထားသော်လည်းပဲ ထိုနေရာဒေသသည် ရှမ်းမျိုးနွယ်စုများ ရှေးပဝေသဏီထဲက နေထိုင်စားသောက် ခဲ့သည့် ဘိုး ဘွား ပိုင်ဖြစ်ပါသည်။ ကချင်ပြည်နယ်အတွင်း ကချင်တိုင်းရင်းမဟုတ်သော ရှမ်း ၊ ဗမာ နှင့်အခြားတိုင်းရင်းသားမျိုးနွယ်စုများလည်း အများအပြားနေထိုင်ကြပါသည်။

ရှမ်းနီအမျိုးသားရေးအစည်းအရုံး

Kachin Daily News

No comments:

Post a Comment