Wednesday, December 10, 2014

Lego ဝှီးချဲကြောင့် ပြန်လည် လှုပ်ရှားသွားလာနိုင်ခဲ့သည့် မသန်မစွမ်း လိပ်ကလေး


Metabolic အရိုးရောဂါ ခံစားနေရသော လိပ်ကလေးသည် Lego ဝှီးချဲ၏ အကူအညီကြောင့် ယခုအခါ ပြန်လည် လှုပ်ရှားသွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ လိပ်ကလေး၏ နာမည်မှာ Blade ဖြစ်ပြီး ၎င်းသည် metalbolic အရိုးရောဂါခံစားနေရကာ ၎င်း၏လိပ်ခွံ အလေးချိန်ကို သယ်ဆောင်၍ လှုပ်ရှားသွားလာနိုင်ခြင်း မရှိပေ။ ၎င်းအခြေအနေကို
လိပ်ကလေး၏ ပိုင်ရှင် အိုင်းရစ်ပလက်တီက သတိပြုမိခဲ့ပြီး ဂျာမနီနိုင်ငံ ဘီလီဖတ်မြို့ရှိ ဒေသခံ တိရစ္ဆာန်ဆေးကု ဆရာဝန် ကာစတန် ပလစ်ကီထံသို့ သွားရောက် ပြသခဲ့သည်။ ထို့နောက် ဆရာဝန်ပလစ်ကီက သားဖြစ်သူ၏ Lego အရုပ်များကို အသုံးပြုကာ Blade အတွက် စကိတ်တစ်ခုကို တည်ဆောက်ပေးခဲ့သည်။ အဆိုပါ Lego ဝှီးချဲသည် လိပ်ကလေး၏ အခွံမာကို မြေပြင်သို့ မကျစေရန် မ တင်ပေးထားသောကြောင့် Blade အနေဖြင့် လှုပ်ရှားသွားလာနိုင်ရန် ၎င်းခြေထောက်များကို ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်သည်။ လိပ်ကလေး Blade သည် အရိုးရောဂါတစ်မျိုးကြောင့် ကြွက်သားများ ဆုံးရှုံးခဲ့ပြီး လိပ်ခွံမှာ အလွန်လေးလံနေသောကြောင့် ၎င်းထံတွင် Lego ဝှီးချဲကို တပ်ဆင်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုရောဂါကြောင့် လိပ်ကလေးသည် လမ်းလျှောက်နိုင်ခြင်း မရှိကြောင်း၊ ၎င်း၏အရိုးများမှာ ရာဘာကဲ့သို့ ဖြစ်နေပြီး ကြွက်သားအင်အားမှာ ဆုတ်ယုတ်နေကြောင်း ပလစ်ကီက ပြောကြားသွားခဲ့သည်။
Blade အတွက် Lego ဝှီးချဲ တည်ဆောက်မှုတွင် အစိတ်အပိုင်း ၆ ခုအပြင် လိပ်ခွံ အောက်ဘက်တွင် အထူးပြုလုပ်ထားသော ကော်ဖြင့်ကပ်ထားသည့် တာယာဘီး လေးခုလည်း ပါဝင်သည်။ ၎င်းအစိတ်ပိုင်းများသည် လိပ်ကလေး၏ ခြေထောက်များကို အသုံးပြု၍ လှုပ်ရှားသွားလာနိုင်ရန် အကူအညီပေးနိုင်သည်။
Ref: CNET

No comments:

Post a Comment