Thursday, January 22, 2015

အမေရိကား၌ ပညာ သင်ယူရန် မန္တလေးတွင် ပထမဆုံးအကြိမ် ဖိတ်ခါ်

ဇန်န၀ါရီလ (၂၁) ရက်နေ့က မန္တလေးမြို့ Jefferson Centre တွင် အမေရိကား၌ ပညာသင်ယူရန် တက္ကသိုလ်ပေါင်း (၂၀) ကျော်မှ ပထမဆုံးအကြိမ် အဖြစ် ကျောင်းသား များကို လာရောက်၍ ခေါ်ယူကြောင်း သိရသည်။
မန္တလေးမှာ ပထမဆုံးအကြိမ် အနေနဲ့ လာတာပါ။ မြန်မာနိုင်ငံ မှာတော့ သုံးကြိမ် ရှိပါပြီ။ နှစ်ရက်ပဲ ပွဲလုပ် မှာပါ။ အရင် ကတော့ ရန်ကုန်မှာပဲ လုပ်တာ။ ဒီနှစ်တော့ မန္တလေးမှာ တစ်ရက်၊ ရန်ကုန်မှာ တစ်ရက် လုပ်သွား မှာပါ။ မနက်ဖြန်ဆို ရန်ကုန်မှာ လုပ်မှာလေ ဟု အဆိုပါပွဲမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

၂၀၁၅ US university fair အနေဖြင့် ကျင်းပခြင်း ဖြစ်ပြီး ဟောပြောပွဲများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဟောပြောပွဲများ ကို မနက် (၁၁) နာရီမှ နေ့ခင်း နှစ်နာရီ အတွင်း ပြုလုပ် သွားမည် ဖြစ်ပြီး မိမိ တက်ရောက်မည့် တက္ကသိုလ်နှင့် သက်ဆိုင်သည့် ပညာ အရည်အချင်းများ အား တက္ကသိုလ်မှ တာဝန်ရှိသူများက ရှင်းလင်း ပြောကြား သွားမည် ဖြစ်ကြောင်း သိရသည်။ မနက် (၁၁) နာရီမှ တစ်နာရီခွဲ အတွင်း လာရောက်သူ ဦးရေ(၈၀၀) ကျော်ရှိ ခဲ့ကြောင်း သိရသည်။
Messenger News Journal

No comments:

Post a Comment