Thursday, January 22, 2015

တိုက်ပွဲများအကြား ပိတ်မိနေသော ဒေသခံအမျိုးသား(၂၀၀) ဦးအား KIA အဖွဲ့မှ ပေါ်တာဆွဲရန်စီစဉ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများအကြားတွင်ပိတ် မိနေသော ဒေသခံ(၇၀၀)ကျော် အနက်မှ အမျိုးသား (၂၀၀) ကျော်အား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ ပေါ်တာအဖြစ် အသုံးပြုရန် စီစဉ်လျက်ရှိကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးမှ Tomorrow ဂျာနယ်သို့ပြောကြားခဲ့ကြောင်း အင်္ဂါနေ့ထုတ် Tomorrow ဂျာနယ် No.47, Volume 1, 20-1-2015 (Tuesday) တွင်ဖော်ပြပါရှိသည်။

၎င်းဖြစ်စဉ်အား အင်တာနက်စာမျက်နှာများနှင့် ကချင်ဝါဒဖြန့် Facebook Account များတွင် ဒေသခံများအား အစိုးရတပ်မှ ပေါ်တာဆွဲ၍ ခိုင်းစေ မှုများပြုလုပ်နေကြောင်း ရေးသားနေကြသည်ကို လည်းတွေ့မြင် နေရ ပါသည်။ အလားတူ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ဆရာမ (၂)ဦး သေဆုံးမှု တွင်လည်း အစိုးရတပ် သားများမှ မုဒိန်းကျင့် သတ်ဖြတ် ခဲ့ကြောင်း ရေး သားဖော်ပြနေ တာတွေနဲ့ပတ်သက်ပြီး “ အဲဒီဒေသမှာ ရှိတဲ့ နိုင်ငံရေးပါတီ အချို့နှင့် အစိုးရတပ်ကို အပုပ်ချလို၍ရေးသားခြင်း များဖြစ်ကြောင်း၊ ပြစ်မှုကျူး လွန်သူ၏ ဓါတ်ပုံနှင့် အထောက်အထား အချို့ကို လက်ခံရရှိထားကြောင်းနှင့် မကြာမီ ပြစ်မှုကျူးလွန်သူ အား ဖော်ထုတ် နိုင်တော့ မည် ဖြစ်ကြောင်း ကချင်ပြည်နယ်၊ ပြည်နယ်အဆင့် ရဲအရာရှိတစ်ဦးမှ ပြောကြား ပါသည်။
ယခုကဲ့သို့ ပြောဆိုနေခြင်းများနှင့် ပတ်သက်၍ “ ကျွန်တော်တို့မှာ တိုက်ပွဲတွေဖြစ်လို့ ပြေးနေ ရချိန်မှာ KIA အဖွဲ့က ပေါ်တာဆွဲပြီး ခိုင်းအုံးမယ်ဆိုတော့ ဘယ်နားပြေးပုန်းရမလဲ မသိတော့ဘူး .. သူတို့ပဲ ဟိုနေရာ ပြောင်းခိုင်း ဒီနေရာပြောင်းခိုင်း လုပ်နေတာ၊ ကျွန်တော်တို့ဆီကနေ ဆက်ကြေး ကောက်တယ် ရွာသားတွေ ကိုလည်း လူသစ်အဖြစ် ဖမ်းတယ်.. ပြီးရင် လမ်းတွေ တံတားတွေကိုလည်း မီးရှို့ဖျက်ဆီးတဲ့အပြင် ရွာထဲကို လည်း လက်ပစ်ဗုံးတွေနဲ့ ၀င်ပစ်တာတွေရှိတယ် အဲဒါကြောင့် ဒဏ်ရာရခဲ့သူတွေလည်း အများကြီး ဖြစ်ခဲ့တယ်၊ သေသွားတဲ့ လူတွေလည်း ရှိတယ်၊ ကျွန်တော်တို့ ဒေသခံတွေအနေနဲ့ကတော့ ဒီတိုက်ပွဲတွေ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းနေရုံကလွဲပြီး ဘာမှ မတတ်နိုင်ပါ ဘူးဗျာ” ဟု အောင်ဘာလေ ကျေးရွာ မှ တိုက်ပွဲများကြောင့် ထွက်ပြေးခဲ့ရသော ဦးနန်ဂေါင် မှ ပြောပြပါသည်။
တိုက်ပွဲဖြစ်လာပြီလာဆိုရင် ဒေသခံတွေကို ပေါ်တာအဖြစ်ခိုင်းမယ်၊ သူတို့စခန်း နား မှာ ခေါ်ထားပြီး လူသား Cover အဖြစ် အသုံးပြုမယ်၊ အစိုးရတပ်တွေ မလာနိုင်အောင် လမ်း၊ တံတားတွေကို ဖျက်ဆီးမယ် စတာတွေဟာ KIA အဖွဲ့ ၏ လုပ်နေကြပုံစံများသာဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးမှ လည်း ပြောကြားခဲ့ပါသည်။
ဇော်ထောင် (ဖားကန့်)

No comments:

Post a Comment