Thursday, January 1, 2015

လျှပ်စစ်မီးပြတ်တောက်မှုများ ယခုရက်ပိုင်းအတွင်း မကြာခဏဖြစ်နိုင်ဟုဆို

ရန်ကုန်မြို့သို့ ပို့လွှတ်နေ သည့် ဓာတ်အားလိုင်းများ ၀န် အား မနိုင်သဖြင့် ယခုရက်ပိုင်းအ တွင်း မီးပြတ်တောက်ခြင်း၊ ဓာတ် အားလျော့နည်းခြင်းများ ဖြစ်ပေါ် နိုင်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။

ယင်းကဲ့သို့ ဖြစ်ပေါ်ရခြင်းမှာ ရန်ကုန်မြို့သို့ အဓိကပို့လွှတ်နေ သည့် ရတနာကမ်းလွန်သဘာဝ ဓာတ်ငွေ့တွင်းတူးစင် ထိန်းသိမ်း ပြုပြင်ခြင်းများ ပြုလုပ်နေသဖြင့် သဘာဝဓာတ်ငွေ့သုံးစက်ရုံများ ၏ ဓာတ်အားထုတ်လွှင့်မှုမှာ လျော့နည်းသွားနိုင်သဖြင့် ယခု ရက်ပိုင်းအတွင်း ရန်ကုန်တွင် လျှပ်စစ်မီးများ ပြတ်တောက်နေရ ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ (YESB)အဆင့်မြင့် အရာရှိတစ် ဦးက ပြောသည်။

အထူးသဖြင့် လျှပ်စစ်ဓာတ် အား အများဆုံးသုံးစွဲနေသည့် စက်မှုဇုန်များကို လျှော့ချပြတ် တောက်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့က ပြောသည်။

ကမ်းလွန်လုပ်ကွက်မှ သဘာဝဓာတ်ငွေ့ပို့လွှတ်မှုနည်း ပါးစဉ် ရေအားလျှပ်စစ်စက်ရုံများ မှ အကူအညီရယူပြီး ရန်ကုန် တွင် လျှပ်စစ်မီးများ ဖြန့်ဖြူးရန် စီစဉ်ထားသော်လည်း ခရီးအကွာ အဝေးလှမ်းနေသဖြင့် လိုအပ် သည့် ဓာတ်အားအလုံအလောက် မရရှိနိုင်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့က ပြောသည်။

‘‘နှစ်ရက်ရှိပြီ ညဘက်ဆို မီးအကြာကြီး ပြတ်နေတယ်။ ဖယောင်းတိုင်ဈေးကလည်း အရင်တစ်ထုပ်ကို ၂၅၀ တန်က ၄၀၀ ဖြစ်သွားပြီ’’ ဟု လျှပ်စစ်မီး မရသဖြင့်ခက်ခဲပုံကို မြောက်ဥက္ကလာပမြို့နယ်နေအိမ်ရှင်မ တစ်ဦးကပြောကြားသည်။

ထို့အပြင် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သောကြောင့် လျှပ်စစ်မီး မရရှိပါက ဆင်ခြေဖုံး ရပ်ကွက်များတွင် မီးရေး၊ ထင်း ရေး စိုးရိမ်ရကြောင်း၎င်းက ပြောသည်။

7Day Daily

No comments:

Post a Comment