Wednesday, January 28, 2015

ဟာနန်ဒက်ဇ် မန်ယူကို ပြန်လာမှာလား..

ရီးရဲမက်ဒရစ်အသင်းမှာ တစ်နှစ်တာအငှားချထားတဲ့ မန်ယူတိုက်စစ် မှူးဟောင်း ဟာနန်ဒက်ဇ်ကတော့ ဘာနေဗျူးမှာ ကစားခွင့်ပုံမှန်မရလို့ စိတ်ဓာတ်ကျဆင်းနေပြီး မန်ယူအသင်းကို ပြန်လာတော့မယ်လို့ ဆိုနေပါတယ်။

အသက် ၂၆ နှစ်ရှိတဲ့ တိုက်စစ်မှူး ဟာနန်ဒက်ဇ်ကို မန်ယူနည်းပြ ဗန်ဟားလ်ကတော့ စိတ်အားထက် သန်စွာနဲ့ ပြန်ခေါ်ချင်ပုံတော့မရပါဘူး။ လောလောဆယ်မှာ မန်ယူတိုက်စစ် ဟာ အကောင်းဆုံး ပုံစံမရသေးမယ့်အလုပ်တော့ဖြစ်နေတယ်လို့ ယုံကြည် နေသူဖြစ်ပါတယ်။



ဟာနန်ဒက်ဇ်အတွက်ကတော့ ရီရဲမက်ဒရစ်မှာ မကစားခင်ကတည်း က ပုံမှန်နေရာရရှိဖို့နဲ့ ပုံမှန်ပွဲထွက် ခွင့်ရဖို့ခက်ခဲမယ်ဆိုတာ ကြိုတင် သိရှိထားပါတယ်လို့ ဆိုပါတယ်။ တကယ်တော့ ရီးရဲမက်ဒရစ်မှာ စီရော်နယ်ဒို၊ ဂါရက်ဘေးလ်၊ ဘင်ဇီမာနဲ့ ဂျိမ်းရိုဒရီဂွက်ဇ်တို့ကို ကျော်ပြီး နေရာရရှိဖို့ ခက်ခဲလွန်းတဲ့ အနေအထားဆိုတာ သဘောပေါက် သွားခဲ့ပြီဖြစ်ပါတယ်။

တကယ်တမ်းမှာတော့ ရီးရဲမက်ဒရစ်အသင်းမှာ ပါဝင်ကစား နိုင်ဖို့ရုန်းကန်ခဲ့ရပြီး ခြေစွမ်းလည်း မပြနိုင်ဘူးဖြစ်ခဲ့ရပါတယ်။ စပိန် လာလီဂါရဲ့ ရီးရဲမက်ဒရစ်အသင်းမှာ ဟာနန်ဒက်ဇ်အနေနဲ့ အခုအချိန် အထိ ပွဲကစားချိန် မိနစ်ပေါင်း ၁၇ဝ သာ ရှိသေးတာ တွေ့ရပါ တယ်။

ဟာနန်ဒက်ဇ်အနေနဲ့ ရီးရဲမက်ဒရစ်မှာ အခုအချိန်အထိစုစုပေါင်း ရှစ်ပွဲကစားခဲ့ပြီး သုံးဂိုးသွင်းယူထား နိုင်ပေမယ့် နည်းပြအန်ဆယ်လော့တီ ရဲ့ စိတ်တိုင်းကျကစားသမားအဖြစ် ရောက်မလာသေးတာမို့ ပုံမှန်ပွဲထွက် ခွင့်မရဘဲဖြစ်နေတာကြောင့် စာချုပ် သက်တမ်းကုန်ရင် ဘယ်အသင်းမှ မပြောင်းဘဲ မန်ယူကိုပဲ ပြန်လည် ကစားဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါ တယ်။

တစ်ပတ်လုပ်ခလစာ ပေါင် ၇၅ဝဝဝ ရရှိနေတဲ့ တိုက်စစ်မှူး ဟာနန်ဒက်ဇ်ကို ရီးရဲမက်ဒရစ်အသင်း ဒါရိုက်တာတစ်ဦးဖြစ်တဲ့ အီမီလီရိုက စာချုပ်သက်တမ်း ပြည့်ပြီးရင်လည်း ရီးရဲမက်ဒရစ်မှာ ဆက်ကစားဖို့ ပြောဆိုခဲ့ပေမယ့် ပုံမှန်ပွဲထွက်ခွင့် မရတဲ့ ဟာနန်ဒက်ဇ်ကတော့ မန်ယူ မှာ ပြန်လည်ကစားဖို့ပဲ အာရုံရှိနေ တယ်လို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့် နည်းပြအန်ဆယ် လော့တီက ရီးရဲမက်ဒရစ်အသင်းမှာပဲ ဆက်လက်ခေါ်ထားမယ်ဆိုရင်တော့ သူရဲ့ဆုံးဖြတ်ချက်နဲ့ သူရဲ့နေရာပေးမှု အပေါ်မှာ မူတည်ပါတယ်လို့ ဆိုပါ တယ်။ တကယ်တော့ မန်ယူအသင်း မှာလည်း တောင့်တင်းထက်မြက်တဲ့တိုက်စစ်မှူးကောင်းတွေ လိုအပ်နေ ဆဲဖြစ်တာမို့ မန်ယူနည်းပြ ဗန်ဟားလ် က စဉ်းစားနေတယ်လို့ဆိုပါတယ်။

ဟာနန်ဒက်ဇ်ဟာ မက္ကဆီကို ကလပ် ဂွါဒါလာဂျာရာကနေပြီး ၂ဝ၁ဝ ပြည့်နှစ်မှာ မန်ယူအသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မန်ယူ အတွက်ပွဲပေါင်း ၁ဝ၂ ပွဲ ကစားပေး ခဲ့ကာ ဂိုးပေါင်း ၃၇ ဂိုး သွင်းယူပေး နိုင်ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် ဟာနန်ဒက်ဇ်ရဲ့ အပြောင်းအရွှေ့ကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

No comments:

Post a Comment