Tuesday, January 27, 2015

စည်းကမ်းလိုက်နာရန် ပျက်ကွက်ခဲ့သော ယာဉ်လုပ်သား ၄၀၀ နီးပါးအား အလုပ်မှထုတ်ပယ်

Photo: စည်းကမ်းလိုက်နာရန် ပျက်ကွက်ခဲ့သော ယာဉ်လုပ်သား ၄၀၀ နီးပါးအား အလုပ်မှထုတ်ပယ်

Tuesday, January 27, 2015

ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်အတွင်း ယာဉ်လုပ်သား ၄ဝဝ နီးပါးအား စည်း ကမ်းလိုက်နာရန် ပျက်ကွက်မှုများ ဖြင့် အလုပ်မှ ထုတ်ပယ်ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်း ကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဦးလှအောင် က ပြောကြားသည်။

''ပြီးခဲ့တဲ့နှစ်အတွင်း ယာဉ်လုပ် သား ၄ဝဝ နီးပါးကို စည်းကမ်းလိုက်နာ ရန်ပျက်ကွက်မှုနဲ့မထသ(ဗဟို)ကထုတ် ပယ်ခဲ့ရပါတယ်။ အဓိကကတော့ ခရီး သည်တွေက ကျေနပ်မှုမရှိလို့ ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို တိုင်ကြားခဲ့ပါတယ်။ ဒီလိုတိုင်ကြားတဲ့ နေရာမှာ မထသ(ဗဟို)အနေနဲ့ ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို တိုင်ကြားမှုများနဲ့ပတ်သက်လို့ လာ ရောက်ဖြေရှင်းဖို့ ဆင့်ခေါ်ပေမယ့် လာရောက်ဖြေရှင်းခြင်းမရှိတဲ့ ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို မထသ(ဗဟို)မှ ထုတ်ပယ်ခဲ့ပါတယ်'' ဟု ဦးလှအောင်က ပြောကြားသည်။

ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်အတွင်း မထသ(ဗဟို)အနေဖြင့် ယာဉ်မောင်း ၂၁၇ ဦးနှင့် ယာဉ်နောက်လိုက် ၃၅၅ ဦးကို အလုပ်အကိုင်များခန့်ထားပေး ခဲ့ပြီး ယင်းတို့အနက် ယာဉ်မောင်း ၁၆၄ ဦးနှင့် ယာဉ်နောက်လိုက် ၂၃၃ ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့ ကြောင်း သိရသည်။

ယခုအခါ ခရီးသည်များအနေ ဖြင့် မချေမငံဆက်ဆံသော ယာဉ် နောက် လိုက်များ၊ ဂိတ်ဆုံးအောင် မောင်းနှင်ခြင်းမရှိဘဲ လမ်းတစ်ဝက် မှ ပြန် လှည့်သော မော်တော် ယာဉ် များနှင့် ယာဉ်စီးခပိုတောင်းခံသော ယာဉ် နောက်လိုက် များကို တိုင်ကြား မှုများ ပိုမိုပြုလုပ်လာကြောင်း မထသ (ဗဟို)စာရင်းများအရ သိရသည်။ ထိုသို့တိုင်ကြားမှုများ ပိုမိုများပြားလာ သည့်အတွက် မထသ(ဗဟို)အနေဖြင့် ယာဉ်မောင်းများနှင့် ယာဉ်နောက် လိုက်များကို သင်တန်းများ ဖွင့်လှစ် ပို့ချလျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar
ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်အတွင်း ယာဉ်လုပ်သား ၄ဝဝ နီးပါးအား စည်း ကမ်းလိုက်နာရန် ပျက်ကွက်မှုများ ဖြင့် အလုပ်မှ ထုတ်ပယ်ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်း ကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဦးလှအောင် က ပြောကြားသည်။

''ပြီးခဲ့တဲ့နှစ်အတွင်း ယာဉ်လုပ် သား ၄ဝဝ နီးပါးကို စည်းကမ်းလိုက်နာ ရန်ပျက်ကွက်မှုနဲ့မထသ(ဗဟို)ကထုတ် ပယ်ခဲ့ရပါတယ်။ အဓိကကတော့ ခရီး သည်တွေက ကျေနပ်မှုမရှိလို့ ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို တိုင်ကြားခဲ့ပါတယ်။ ဒီလိုတိုင်ကြားတဲ့ နေရာမှာ မထသ(ဗဟို)အနေနဲ့ ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို တိုင်ကြားမှုများနဲ့ပတ်သက်လို့ လာ ရောက်ဖြေရှင်းဖို့ ဆင့်ခေါ်ပေမယ့်
လာရောက်ဖြေရှင်းခြင်းမရှိတဲ့ ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို မထသ(ဗဟို)မှ ထုတ်ပယ်ခဲ့ပါတယ်'' ဟု ဦးလှအောင်က ပြောကြားသည်။

ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်အတွင်း မထသ(ဗဟို)အနေဖြင့် ယာဉ်မောင်း ၂၁၇ ဦးနှင့် ယာဉ်နောက်လိုက် ၃၅၅ ဦးကို အလုပ်အကိုင်များခန့်ထားပေး ခဲ့ပြီး ယင်းတို့အနက် ယာဉ်မောင်း ၁၆၄ ဦးနှင့် ယာဉ်နောက်လိုက် ၂၃၃ ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့ ကြောင်း သိရသည်။

ယခုအခါ ခရီးသည်များအနေ ဖြင့် မချေမငံဆက်ဆံသော ယာဉ် နောက် လိုက်များ၊ ဂိတ်ဆုံးအောင် မောင်းနှင်ခြင်းမရှိဘဲ လမ်းတစ်ဝက် မှ ပြန် လှည့်သော မော်တော် ယာဉ် များနှင့် ယာဉ်စီးခပိုတောင်းခံသော ယာဉ် နောက်လိုက် များကို တိုင်ကြား မှုများ ပိုမိုပြုလုပ်လာကြောင်း မထသ (ဗဟို)စာရင်းများအရ သိရသည်။ ထိုသို့တိုင်ကြားမှုများ ပိုမိုများပြားလာ သည့်အတွက် မထသ(ဗဟို)အနေဖြင့် ယာဉ်မောင်းများနှင့် ယာဉ်နောက် လိုက်များကို သင်တန်းများ ဖွင့်လှစ် ပို့ချလျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment