Wednesday, January 28, 2015

အမျိုးသားပညာရေး ဥပဒေ အမြန်ဆုံး ပြင်ဆင်နိုင်ရန် အရေးပေါ် အစည်းအဝေးပြုလုပ်

အမျိုးသားပညာ ရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေ သော သပိတ်မှောက်ကျောင်းသား များ တောင်း ဆိုသည့် အချက် များ အမြန်ဆုံးပြင်ဆင်ပေးနိုင်ရန် အစည်းအဝေးတစ်ရပ်ကို ဇန်န ၀ါရီ ၂၇ ရက်တွင် နေပြည်တော် ရှိ လွှတ်တော်အဆောက်အအုံ ၌ အရေးပေါ်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိအမျိုးသားပညာရေး ဥပဒေပြင်ဆင်နိုင်ရန် ပြည်ထောင်စုလွှတ်တော် ဒုနာယက ဦးနန္ဒ ကျော်စွာ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီး များ၊ လွှတ်တော်ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌများပါဝင်သော အစည်းအဝေးကို ဇန်န၀ါ ရီ ၂၇ ရက် နေ့လယ် ၁ နာရီက ကျင်းပခဲ့သည်။



ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်သည့် အမျိုးသားပညာရေး ဥပဒေတွင် ပါဝင်သော အချက်များကို ပြုပြင်ပြောင်းလဲပေးရန် မန္တလေးမှ ရန်ကုန်ထိ ခရီးရှည်ချီတက်ကာ ကျောင်းသားများက သပိတ်မှောက်မှုများ ပြုလုပ်နေသည်။

လက်ရှိအတည်ပြုပြဋ္ဌာန်း ထားသည့် အမျိုးသားပညာရေး ဥပဒေတွင် ဗဟိုချုပ်ကိုင်မှုများ ပါ ၀င်နေခြင်း၊ ကျောင်းသား၊ ပြည်သူကို အခြေမခံခြင်းနှင့် ကျောင်းသားသမဂ္ဂများဖွဲ့စည်းခွင့်မရရှိခြင်းတို့ ကို ပြုပြင်ပေးရန် ယင်းဥပဒေကို ကန့်ကွက်သပိတ်မှောက်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အမျိုးသားပညာရေးဥပဒေ ကို သပိတ်မှောက်ဆန္ဒပြကြသည့် တက္ကသိုလ်ကျောင်းသားများသည် အစိုးရအဖွဲ့၊ လွှတ်တော်၊ မြန်မာ နိုင်ငံပညာရေးစနစ်ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) နှင့် သပိတ်မှောက်ဆန္ဒ ပြရာတွင် ဦးဆောင်ခဲ့သည့် ဒီမိုက ရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီတို့ လေးပွင့်ဆိုင်တွေ့ ဆုံညှိနှိုင်း၍ အမျိုးသားပညာရေး ဥပဒေ၌ ၎င်းတို့ပြင်ဆင် လိုသည့် အချက်များ ပြင်ဆင်နိုင်သည်အထိ သပိတ်မှောက်ဆန္ဒပြသွားမည်ဟု သိရှိရသည်။

7 Day Daily

No comments:

Post a Comment