Wednesday, January 7, 2015

ဝိုင်းမော်သစ်ခိုးထုတ်စခန်းမှ ဖမ်းမိသစ်များကို ၀န်ကြီးဌာနသို့ လွှဲပြောင်း

ကချင်ပြည်နယ်၊ ၀ိုင်း မော်မြို့နယ်အတွင်းရှိ တရားမ၀င် သစ်ခိုးထုတ်စခန်းတွင် လူနှင့်ယာဉ်များအပြင် သစ်နှင့် သစ်တော ထွက်ပစ္စည်းများပါ ဖမ်းဆီးရမိခဲ့ ပြီး ဖမ်းဆီးရမိသစ်များကို တပ်မ တော်က ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနသို့ လွှဲပြောင်းလိုက်ကြောင်း သတင်း ရရှိသည်။
‘‘သစ်လုံးတွေ၊ ခွဲသားတွေ လည်း ပါတယ်။ တန်ချိန်ဘယ် လောက်လဲဆိုတာ တိုင်းတာနေ တုန်းအချိန်မို့ ပြောလို့မရသေးပါ ဘူး။ အခုလောလောဆယ်တော့ ၀န်ကြီးရုံးကို ကား ၁၂ စီးနဲ့ သယ် နေတာပါ’’ဟု ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



ဖမ်းဆီးရမိသော ပစ္စည်းများ တွင် သစ်လုံးနှင့် ခွဲသားများပါဝင် ပြီး သစ်တော ထွက် ပစ္စည်းများနှင့် သက်ဆိုင်သော အရာများကို တပ်မတော်က ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနသို့ လွှဲပြောင်းပေးခဲ့သဖြင့် ၀န်ကြီးဌာနက အဆိုပါသစ်များကို လုံ ခြုံသည့်နေရာများသို့ သယ် ယူနေ ကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်၊ ၀ိုင်းမော် မြို့နယ် ၀ါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံးဒေသ များကို တပ်မတော်လေကြောင်းဖြင့် ကင်းထောက်ရာ တရားမ၀င်သစ်ခိုးထုတ်ရာတွင် အသုံးပြုသည့်ဒိုဇာ တစ်စီး၊ ပါဂျဲရိုးလေးစီး၊ ပီကင်းဂျစ် လေးစီး၊ ၀န်ဆွဲယာဉ် သုံးစီး၊ နှစ်ခန်းတွဲယာဉ်နှစ်စီးနှင့် သစ်တင်ယာဉ် ၄၃၆ စီး၊ ဒေါင်ဖန်းယာဉ် သုံးစီး၊ ကရိန်းနှစ်စီး၊ စုစုပေါင်းယာဉ် ၄၅၅ စီးနှင့် ဆိုင်ကယ် ကိုးစီးဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အစိုးရ၏ သတင်းထုတ်ပြန် ချက်၌ သစ်ခိုးထုတ်မှုဖမ်းဆီး ရမိသူများတွင် အခြားနိုင်ငံသားများဟု သုံးနှုန်းထားသော်လည်း အဆိုပါသစ်လုပ်ကွက်အတွင်း ဖမ်းဆီးရမိသူများမှာ တရုတ်နိုင်ငံသား များ ဖြစ်သည်ဟု တပ်မတော်အသိုင်း အ၀ိုင်းမှ သတင်းရရှိသည်။

7 Day Daily

No comments:

Post a Comment