Thursday, January 29, 2015

မြန်မာ−ထိုင်း−ကမ္ဘောဒီးယား ရထားလမ်းကွန်ရက် တည်ဆောက်ရန် ဂျပန်က ထိုင်းအား ကူညီမည်

ထိုင်းနှင့် ဂျပန်အ စိုးရတို့သည် ထိုင်းနိုင်ငံတွင်းရှိ မြန်မာ နယ်စပ် ကန်ချနဘူရီမှ ထားဝယ်နှင့်လည်း ဆက်သွယ်ပြီး ထိုင်းနိုင်ငံမှ အနောက်သို့ ဖြတ်သန်းကာ ကမ္ဘောဒီးယားနှင့်ဆက်သွယ်မည့် ရထားလမ်းကွန်ရက်တည်ဆောက်ရေး ပူးတွဲ လုပ်ဆောင်ရန် မူအားဖြင့် သဘောတူညီမှု ရခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာ ဘေး၏ အထူးအကြံပေးဟီရိုတိုအိ ဇူမီနှင့် တွေ့ဆုံပြီးနောက် တိုကျို သည် မြန်မာရှိထားဝယ်မှ ထိုင်း နိုင်ငံတွင်းမှသည် ကမ္ဘောဒီးယား အထိ ဆက်သွယ်မည့်ထိုရထား လမ်းကွန်ရက်ကို ပါဝင်လုပ်ကိုင် ရန်ဆန္ဒရှိခဲ့ကြောင်း ထိုင်းလက် ထောက်ဝန်ကြီးချုပ် ပရီဒီယာသွန် ဒီဗာကူလာကဆိုသည်။အဆိုပါ ရထားလမ်းကွန်ရက်မှာ လမ်းအ ကျယ် လေးပေရှိသည့် စံချိန်မီ Standard-guageရထားလမ်း ဖြစ်ပြီး ထားဝယ်ရှိ စီးပွားရေးဇုန် နှင့် ကန်ချနာဘူရီ၊ဘန်ကောက်၊ ချာချုန်စောင်၊ အရမ်ယာပရာ သတ်ခရိုင်များကို ဆက်သွယ်ထား ပြီး ထိုင်းနိုင်ငံအရှေ့ပိုင်းမှ အ နောက်ပိုင်း ကမ္ဘောဒီးယားဘက် သို့ပါ ချိတ်ဆက်သွားမည်ဖြစ် သည်။

ထိုင်းနှင့် ဂျပန်လုပ်ငန်းကော် မတီက နောက်ပိုင်းတွင် ထိုလမ်း အတွက် ခရီးမိုင်၊ အရွယ်အစား နှင့် ရင်းနှီးမြှုပ်နှံရမည့် ပမာဏအ တိုင်းအတာများကိုလည်း ဆွေး နွေးမည်ဖြစ်သည်။ ၀န်ကြီးချုပ်ပ ရာရွတ်ချန်အိုချာသည်လည်း လာ မည့်ဖေဖော်ဝါရီ ၈-၉ရက်များ တွင် ဂျပန်သို့ သွားရောက်စဉ်နှစ် နိုင်ငံကြားထိုရထားလမ်းဖောက် လုပ်ရေးအတွက် နားလည်မှုစာ ချွန်လွှာလက်မှတ်ရေးထိုးနိုင်ရန် စီစဉ်ထားသည်။ ထိုင်းမှ မြန်မာသို့ ကန်ချနာဘူရီမှ ဆက်သွယ်ထား သော ရထားလမ်းကို ယခင်ဒုတိ ယကမ္ဘာစစ်အတွင်း ကြိုးစားခဲ့ ဖူးသော်လည်း ၁၉၄၅ သြဂုတ်တွင် ရပ်တန့်သွားခဲ့သည်။
‘‘ရထားလမ်းကြောင်းက နောင်ခိုင်-ဘန်ကောက်-မတ် တာဖွတ် (အမြန်နှုန်း တစ်နာရီ ၁၆၀-၁၈၀ကီလိုမီတာမောင်းနှင် နိုင်)လမ်းကြောင်းထက်ပိုမြန်ပါ လိမ့်မယ်။ ဂျပန်ဘက်က လိုချင် တဲ့အတိုင်း တစ်နာရီ ၂၀၀ကီလိုမီ တာနှုန်းထက် ပိုမြန်ပါလိမ့်မယ်’’ ဟု လက်ထောက်ဝန်ကြီးချုပ် မစ္စ တာပရီဒီယတ်သွန်ကဆိုသည်။
ထို့အပြင် ၎င်းက ဂျပန်နိုင်ငံ အား ထိုင်းနှင့် မြန်မာတို့ကြားလုပ် ဆောင်နေသည့် ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်းတွင်လည်း ၀င်ရောက်ရင်းနှီးမြှုပ်နှံရန်တိုက် တွန်းထားကြောင်းဆိုသည်။
‘‘ဂျပန်ကိုထားဝယ်မှာ တတိယပါတနာတစ်ဦးအနေနဲ့ ၀င်မြှုပ် နှံဖို့ ဖိတ်ခေါ်ထားပါတယ်။ ဘာ ကြောင့်လဲဆိုတော့ ထားဝယ်စီမံ ကိန်းက အလွန်ကိုကြီးမားလို့ဖြစ် ပါတယ်။ ထားဝယ်ရဲ့ဖွံ့ဖြိုးမှုဟာ ဂျပန်ဘက်က ပါဝင်ဖို့သဘောတူ လိုက်တာနဲ့ လျင်မြန်တဲ့တိုးတက် မှုရလာမှာ ဖြစ်ပါတယ်’’ ဟုဆို သည်။
မြန်မာသို့ ထိုင်းစစ်အစိုးရအ ကြီးအကဲ ပရာရွတ်ချန်အိုချာလာ ရောက်ခဲ့ပြီးနောက် လုပ်ငန်းအ များစုနှောင့်နှေးနေခဲ့သောထား ၀ယ်အထူးစီးပွားရေးဇုန်စီမံကိန်း တွင် ထိုင်းကုမ္ပဏီများက ပိုကြီး မားသောအခန်းကဏ္ဍမှပါဝင်ရန်၊ စီမံကိန်းကို ပြန်လည်လုပ်ဆောင် ကြရန် မြန်မာနှင့် ထိုင်းအစိုးရများ ကြားတွင် အောက်တိုဘာလက သဘောတူညီချက်ရရှိခဲ့ပြီးဖြစ် သည်။
‘‘အခုချိန်ထိတော့ ပြည် ထောင်စုအစိုးရကရော ထိုင်းနိုင်ငံ အစိုးရကရော ဘာမှတော့မပြော သေးဘူး။ လောလောဆယ်တော့ ကားလမ်းကိုပဲ အဓိကလုပ်နေ တယ်’’ဟု တနင်္လာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ အတွင်းရေးမှူး ဦးတင်သိန်းက 7Day Dailyမှ ဇန် န၀ါရီ ၂၈တွင် အဆိုပါရထားလမ်းစီမံကိန်းနှင့် ပတ်သက်၍ ဖုန်းဖြင့် မေးမြန်းမှုကို ပြန်လည်ဖြေကြား သည်။
Ref- Bangkokpost
7Day DAILY

No comments:

Post a Comment