Monday, January 5, 2015

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် သမ္မတ တို့ ပြည်တွင်းငြိမ်း ချမ်းရေး ဆွေးနွေး

Photo: တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် သမ္မတ တို့ ပြည်တွင်းငြိမ်း ချမ်းရေး ဆွေးနွေး

ဇန်န၀ါရီလ ၄ ရက်၊ ၂၀၁၅

နေပြည်တော်ရောက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ သမ္မတဦးသိန်းစိန်တို့ ဒီကနေ့ ဇန်န၀ါရီ ၅ ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က ခေါင်းဆောင် ၂ ဦးကျစီ တက်ရောက်ကြမှာ ဖြစ်ပြီး အဓိက ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး ကိစ္စရပ်ကို ဆွေးနွေးကြမှာဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက စုံစမ်းသိရှိရပါတယ်။
နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်မယ့် သမ္မတနဲ့ တွေ့ဆုံဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်နေပါတယ်။

သမ္မတနဲ့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်တို့ ဆက်လက်တွေ့ဆုံမှာဖြစ်ပြီး ဒါဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်းများစွာက ခေါင်းဆောင်တွေနဲ့ အစိုးရပိုင်းတာဝန်အရှိဆုံးသူတွေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုလည်း ဖြစ်ပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ အဆိုအရတော့ သမ္မတနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပွဲမှာ အချိန်ကန့်သတ်မှု မရှိဘူးလို့ ဆိုပါတယ်။

DVB
နေပြည်တော်ရောက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ သမ္မတဦးသိန်းစိန်တို့ ဒီကနေ့ ဇန်န၀ါရီ ၅ ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က ခေါင်းဆောင် ၂ ဦးကျစီ တက်ရောက်ကြမှာ ဖြစ်ပြီး အဓိက ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး ကိစ္စရပ်ကို ဆွေးနွေးကြမှာဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက စုံစမ်းသိရှိရပါတယ်။
နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်မယ့် သမ္မတနဲ့ တွေ့ဆုံဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်နေ ပါတယ်။



သမ္မတနဲ့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်တို့ ဆက်လက်တွေ့ဆုံမှာဖြစ်ပြီး ဒါဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်းများစွာက ခေါင်းဆောင်တွေနဲ့ အစိုးရပိုင်းတာဝန်အရှိဆုံးသူတွေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုလည်း ဖြစ်ပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ အဆိုအရတော့ သမ္မတနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပွဲမှာ အချိန်ကန့်သတ်မှု မရှိဘူးလို့ ဆိုပါတယ်။

DVB

No comments:

Post a Comment