Thursday, January 22, 2015

အော်ဒါ မရှိ၍ စက်ရုံ အလုပ်သမား (၁၀၀) ကျော် အလုပ်မှ လျှော့ချ

လှိုင်သာယာ မြို့နယ် စက်မှုဇုန်(၂) ရှိ မြန်မာ ဆန်နီ အထည်ချုပ် စက်ရုံမှ ချုပ်ထည် အော်ဒါ မရှိသည့် အတွက် အလုပ်သမား တစ်ရာကျော်ကို အလုပ်မှ လျှော့ချခဲ့ကြောင်း၊ ယင်းစက်ရုံ အလုပ်သမားများ ထံမှ သိရသည်။အလုပ်သမား တစ်ရာကျော်ကို လုပ်သက် အလိုက် နစ်နာကြေးနဲ့ လစာပေးပြီး အလုပ်က ထုတ်လိုက်ပြီး ကျန်တဲ့ အလုပ်သမားတွေ ကိုတော့ ပုံမှန်အတိုင်း အလုပ်ပြန်ဆင်း ခိုင်းတယ် ဟု ၎င်းစက်ရုံမှ အလုပ်သမား ကိုယ်စားလှယ် တစ်ဦး ဖြစ်သူ မ၀င်းဝင်းအေးက ပြောသည်။

အဆိုပါ စက်ရုံသည် ယခင်က အလုပ်သမား (၆၀၀) ခန့်ဖြင့် လည်ပတ် နေသော စက်ရုံ ဖြစ်ပြီး ကျန်ရှိ နေသည့် အလုပ်သမား များကို ပုံမှန် အတိုင်း လစာ ပေးမည် ဖြစ်ကာ အလုပ်ရှင်မှ ဖေဖော်ဝါရီလ(၂၀) ရက်နေ့အထိ အော်ဒါ ရှာမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ အဓိက ကတော့ အော်ဒါပြတ်တဲ့ ပြဿနာပေါ့။ အလုပ်သမား အားလုံး အတွက် ဥပဒေ အတိုင်း ဆောင်ရွက်ခဲ့ ပါတယ်။ ရှိနေတဲ့ အလုပ်သမားတွေ ကိုလည်း လစာ အပြည့်ပေး မှာပါ ဟု မြန်မာဆန်နီ အထည်ချုပ် စက်ရုံမှ အထွေထွေ မန်နေဂျာ ဦးစောဦးက ပြောသည်။
Messenger News Journal

No comments:

Post a Comment