Wednesday, January 28, 2015

ဆင်းမ်ကတ် ရှစ်သန်းကျော် လာမည့် ဘဏ္ဍာနှစ်အတွင်း ထပ်မံ ရောင်းချမည်

လာမည့် ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ် အတွင်း တစ်နိုင်ငံလုံး တယ်လီဖုန်း သိပ်သည်းဆ ၈၀ ရာခိုင်နှုန်း အထိ ရှိလာစေရန် ရည်ရွယ်လျက် ဆင်းမ်ကတ် ရှစ်သန်းကျော် ထပ်မံ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ငွေကျပ် ၁၅၀၀ တန် GSM နှင့် WCDMA ဆင်းမ်ကတ် ရှစ်သန်းကျော်ကို လာမယ့် ဘဏ္ဍာနှစ်အတွင်း တယ်လီဖုန်း သိပ်သည်းဆ တိုးလာစေဖို့ တိုးမြှင့် ရောင်းချပေးသွားဖို့ စီစဉ်လျက် ရှိပါတယ်"ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



လာမည့်၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း မြို့ပေါင်း ၃၆၀ ကို လွှမ်းခြုံလျက် GSM နှင့် WCDMA ဆင်းမ်ကတ် ၈၀၅၅၃၀၀ နှင့် အော်တိုတယ်လီဖုန်း ၁၈၃၄၀ ထပ်မံ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်လူဦးရေ၏ တယ်လီဖုန်း သုံးစွဲနိုင်မှု သိပ်သည်းဆကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၁၄ ဒသမ ၈ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် တယ်လီဖုန်း သိပ်သည်းဆကို ၅၀ ရာခိုင်နှုန်းနှင့် လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် သိပ်သည်းဆ ၈၀ ရာခိုင်နှုန်းခန့် ရှိလာစေရန် မျှော်မှန်း ဆောင်ရွက်လျက် ရှိရာ လာမည့် ဘဏ္ဍာနှစ်အတွင်း မိုဘိုင်းဖုန်း အလုံးရေ ရှစ်သန်းကျော် ရောင်းချ ပေးသွားရန် စီစဉ်လျက် ရှိသည်။

MOI

No comments:

Post a Comment