Thursday, January 29, 2015

လွတ်လပ်အတွေး ဆွေးနွေးဖလှယ်

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်နိုင်ရေး ရက် ၆၀ အတွင်း ဆွေးနွေးဖို့ တောင်းဆိုချက်ကို အစိုးရက မတုံ့ ပြန်ခဲ့တာကြောင့် ကျောင်းသားတွေရဲ့ ဆန္ဒပြမှုတွေ ကြီးထွားလာခဲ့ပါတယ်။
အခုလို အခြေအနေမျိုးထိမရောက်အောင် မဖြေရှင်းနိုင်ခဲ့တာ ဘာကြောင့်လဲဒီလို ကျောင်းသားတွေနဲ့ ဖြစ်နေတဲ့ တင်းမာမှုကို ပြေလည်အောင် ဘယ်လို ဖြေရှင်းနိုင်မလဲသောတရှင်တို့ရဲ့ အမြင်သဘော ထားတွေ ကို လာမယ့် ဇန်နဝါရီလ ၃၁ ရက် စနေနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ပါဝင်ဆွေးနွေးချင်တဲ့ သောတရှင်တို့အနေနဲ့ ဒီစာမျက်နှာရဲ့ Message Box မှာ မိမိနာမည်၊ တယ်လီဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်၊ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို ပေးပို့ရင် ဘီဘီစီက ပြန်ခေါ်ပေးမှာ ဖြစ်ပါတယ်။
အီးမေးလ်နဲ့ ဆက်သွယ်ချင်ရင်တော့ burmese@bbc.co.uk ကို ဖြစ်စေ၊ bbcburmese@gmail.com ကို ဖြစ်စေ ဆက်သွယ်ပြီး အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။
BBC

No comments:

Post a Comment