Tuesday, January 27, 2015

ချယ်လ်ဆီးနှင့်လီဗာပူး ဗိုလ်လုပွဲ ဘယ်သူတက်မလဲ

Photo: ချယ်လ်ဆီးနှင့်လီဗာပူး ဗိုလ်လုပွဲ ဘယ်သူတက်မလဲ
=============================

Tuesday, January 27, 2015

ကတ်ပီတယ်ဝမ်းဖလားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ ပွဲစဉ်တွေကို ဇန်နဝါရီ ၂၈ ရက်နဲ့ ၂၉ ရက် နံနက်ပိုင်းတွေမှာ ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ပြတ်သားတဲ့ ရလဒ်ကို အပြိုင်ပုံဖော်ကြမယ့် လီဗာပူးနဲ့ ချယ်လ်ဆီးတို့ရဲ့ အားပြိုင်မှုနဲ့ စပါးနဲ့ ရှက်ဖ်ဖီးယူနိုက်တက်အသင်းတို့မှာ ဘယ်အသင်းတွေ နောက်ဆုံး ဗိုလ်လုပွဲတက်ရောက်မသွားမလဲဆိုတာ ရင်ခုန်စရာကောင်းနေပါတယ်။

ချယ်လ်ဆီးနှင့် လီဗာပူး

ပထမအကျော့မှာ တစ်ဂိုးစီသရေ ပွဲဖြစ်ခဲ့လို့ အခုပွဲစဉ်ဟာ အကြိတ် အနယ်ရှိမယ့် ပွဲစဉ်ဖြစ်နေပါတယ်။ နှစ်သင်းစလုံးဟာ ကတ်ပီတယ်ဝမ်း ဖလားရရှိဖို့အတွက် အခုပွဲစဉ်ဟာ အရေကြီးနေပြီး ခြေကုန်ထုတ် ကြရမယ့်ပွဲဖြစ်ပါတယ်။ ပထမ အကျော့ လီဗာပူးကွင်းမှာ ကစားခဲ့မှု ကိုကြည့်ရင် နည်းပြ ရော်ဂျာရဲ့ အခင်းအကျင်းနဲ့ နည်းဗျူဟာအောက် မှာ နည်းပြမော်ရင်ဟိုရဲ့ အဖွဲ့သားတွေ စိတ်တိုင်းကျ လှုပ်ရှားခွင့်မရခဲ့တာ တော့အမှန်ပါပဲ။ တစ်ဂိုးစီသရေ ရလဒ်ကို ခြေကုန်လက်ပန်းကျအောင် ရုန်းကန်အားထုတ်ခဲ့ရတဲ့ ချယ်လ်ဆီး အတွက် ဒီပွဲမှာတော့ တစ်သင်းလုံး ဖိဖိစီးစီးကစားမှာ သေချာ ပါတယ်။ နှစ်သင်းစလုံး အကောင်းဆုံးကစား သမားတွေနဲ့ ပွဲထွက်ကြဖို့ရှိနေပြီး အမှားအယွင်းနည်းအောင် ယှဉ်ပြိုင် ကြမှာမို့ နည်းပြမော်ရင်ဟိုဟာ ပထမပွဲ ကို သင်ခန်းစာအဖြစ် မှတ်ယူပြီး သေ သေချာချာပြင်ဆင်မှာ ဖြစ်ပါတယ်။ လီဗာပူးဟာ တိုက်စစ်မှာ စတာလင်းနဲ့ ကော်တင်ဟိုတို့ကိုထုတ်ပြီး ဂျာရတ်ကို တိုက်စစ်မှာ လိုက်ပါကစားစေဖို့ စီစဉ် ပါလိမ့်မယ်။ ချယ်လ်ဆီးကတော့ တိုက်စစ်မှာ ဒီယေဂိုကော်စတာကို တင်ကစားပြီး ဝီလီယံ၊ ဖာဘရီဂတ်တို့ ကို ကွင်းလယ်တိုက်စစ်တွေမှာ ထား ကာ ခင်းကျင်းဖို့တော့များနေပါတယ်။ ကတ်ပီတယ်ဝမ်းဖလားရယူဖို့ လက် တစ်ကမ်းအလိုမှာတော့ ချယ်လ်ဆီး ဟာ အိမ်ကွင်းမှာ ပြတ်သားတဲ့ ရလဒ် ကို ပုံဖော်ပြီး ဖြတ်ကျော်ဖို့ အခွင့်ရေး ကို ရယူမှာဖြစ်ပါတယ်။

စပါးနှင့် ရှက်ဖ်ဖီး

ပထမအကျော့ အကြိုဗိုလ်လုပွဲမှာ စပါးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေ မယ့် ကံကြမ္မာရဲ့ ဖေးမမှုကြောင့် ဖြစ် တာမို့ အခုပွဲအိမ်ကွင်းမှာ သတိထား ကစားရမှာဖြစ်ပါတယ်။ ပထမအကျော့ ပွဲစဉ်မှာ အဒီဘာယော၊ အဲရစ်ဆင် တောင်ဆန် တို့က ခြေစွမ်းမပြနိုင်ခဲ့ သလို ရှက်ဖ်ဖီးကိုလည်း စပါးတို့ဖိအား ပေးမကစားနိုင်ခဲ့ပါဘူး။ ရှက်ဖ်ဖီးတို့ ကတော့ နောက်ဆုံး ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့အတွက် ဒီပွဲကိုတော့ ခြေကုန်ထုတ်ပြီး မာမာတင်းတင်း ရင်ဆိုင်မှာဖြစ်ပါတယ်။ စပါးတို့ကတော့ အဝေးကွင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ပွဲ ရထားတာမို့ အခုပွဲမှာ အနိုင်ရလဒ်ကို ပဲဦးတည်ပြီး ရှက်ဖ်ဖီးကို ဧည့်ခံမှာဖြစ် ပါတယ်။ အိမ်ရှင်စပါးတို့ အခုပွဲမှာ အနိုင် ဆိုတာကို ဖော်ထုတ်ပြသပါလိမ့်မယ်။

MOI Webportal Myanmar

No comments:

Post a Comment