Tuesday, January 27, 2015

ဘူးသီးတောင်တွင် ဗုံးပေါက်ကွဲမှုဖြင့် ဖမ်းဆီးခံရသူသုံးဦး ပေါက်ကွဲဥပဒေဖြင့် တရားစွဲခံရမည်

ဘူးသီးတောင်မြို့ မြို့နယ်ထွေအုပ်ရိပ်သာအနီးတွင် ပြီးခဲ့သည့်အောက်တိုဘာ ၃၁ ရက်က ဗုံးပေါက်ကွဲမှုဖြင့် ဖမ်းဆီးခံရ သူ ဘင်္ဂါလီသုံးဦးကို ပုဒ်မ နှစ်ခု ဖြင့် တရားစွဲဆိုထားပြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရပါက ပေါက်ကွဲ စေတတ်သော အရာဝတ္ထုများ အက်ဥပဒေဖြင့်ပါ ဆက်လက် တရားစွဲဆိုသွားမည်ဟု ခရိုင်ဥပ ဒေရုံးမှ သတင်းရရှိသည်။

ဘူးသီးတောင်မြို့ ဗုံးပေါက် ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သူ အာမောက်ဒူလာ၊ နုရ်ရာလောင်(ခ)အောင်နိုင်နှင့် ရာမာလီသုံးဦးကို လက်နက်ဥပ ဒေပုဒ်မ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး GRAMMEN ဖုန်းဆင်းမ်ကတ် အသုံးပြု ဖောက်ခွဲခြင်းဖြစ်၍ တရားမ၀င်ဆက်သွယ်ရေးဆင်းမ် ကတ်အသုံးပြုမှုအတွက် ပို့ကုန်သွင်းကုန်ဥပဒေတို့ဖြင့် တရားစွဲဆိုထားသည်။

ပေါက်ကွဲစေတတ်သော အ ရာဝတ္ထုများအက်ဥပဒေဖြင့် ဆက်လက်တရားစွဲဆိုရန် အစိုးရအဖွဲ့ ၏ ခွင့်ပြုချက်ကို တောင်းခံထား ပြီး ခွင့်ပြုချက်ရရှိပါက ပေါက်ကွဲ ဥပဒေပုဒ်မ ၃/၅ဖြင့် ဆက်လက် တရားစွဲဆိုမည်ဟု သတင်းရရှိ သည်

7Day Daily

No comments:

Post a Comment