Sunday, January 25, 2015

ဒေသခံနှစ်ဦးကို အစိုးရတပ်မှ ဖမ်းဆီးသတ်ဖြတ်သည်ဟု စွပ်စွဲမှု တာဝန်ရှိသူများငြင်း


ကွတ်ခိုင်မြို့နယ်မော် ဟန်ကျေးရွာမှ ဒေသခံလူငယ် နှစ်ဦးကို အစိုးရတပ်မှ ဖမ်းဆီးသွား ပြီး တစ်ဦးအသတ် ခံခဲ့ရကြောင်း ဒေသတွင်း အဖွဲ့အစည်းများက စွပ်စွဲပြောကြားခဲ့ကြောင်း သ တင်းရရှိသည်။
သို့သော်အစိုးရစစ်တပ်က ၎င်းတို့ကို ဖမ်းဆီးသွားခြင်း မဟုတ်ဘဲ တိုက်ပွဲကြားတွင် သေ ဆုံးသွား ခြင်းဖြစ်ကြောင်း ငြင်းဆို ထားသည်။
ကွတ်ခိုင်မြို့နယ်၊ မော်ဟန် ကျေးရွာ ရပ်ကွက် (၄) မှ ကိုတူးနန် နှင့် မောင်နောင်ဂျာတို့ နှစ်ဦးကို ဇန်န၀ါရီ ၂၂ ရက်က မော်ဟန်နှင့် တာမိုးညဲကြားတွင် အစိုးရတပ် ခလရ (၆၈) က ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်း ရင်းမြစ်များကဆိုသည်။
၎င်းတို့နှစ်ဦးမှာ ထင်းခွေ သွားခြင်းဖြစ်ပြီး အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့ တိုက်ပွဲဖြစ်ပွား မှုကြောင့် ကြောက်လန့်ထွက်ပြေးစဉ် ဖမ်းဆီးခေါ် ဆောင်သွားခြင်းဖြစ်ကြောင်း ဒေ သခံများကပြောသည်။
ဇန်န၀ါရီ ၂၃ ရက် နံနက်တွင် ၎င်းတို့နှစ်ဦးအနက် တစ်ဦး၏အ လောင်းကို လာရောက်သယ်ယူ ရန်နှင့် ကျန်တစ်ဦးကို ရဲတပ်ဖွဲ့ထံ အပ်နှံထားသည်ဟု မော်ဟန်ကျေး ရွာလူကြီးများနှင့် ဘာသာရေးအဖွဲ့များထံ အစိုးရတပ်က အကြောင်းကြားခဲ့ကြောင်း ကချင်နှစ်ခြင်းအ သင်းတော် (ကွက်ခိုင်ဇုန်နယ်) မှ ဓမ္မဆရာတစ်ဦးက ပြောသည်။
‘‘အလောင်းကောက်ဖို့ သွား တော့ လမ်းမှာ တိုက်ပွဲထပ်ဖြစ်လို့ နည်းနည်းကြန့်ကြာသွားတယ်။ နေ့လယ် ၂ နာရီမှာ အလောင်းရပါတယ်’’ဟု အဆိုပါ ဓမ္မဆရာက ပြောသည်။
သေဆုံးသူမှာ အသက် (၂၁)အရွယ် ကိုတူးနန်ဖြစ်ပြီး သေ နတ်ဒဏ်ရာအပြင် ခြေသလုံး၊ ခြေမျက်စိတို့ တွင်လည်း ညိုမည်း ဒဏ်ရာများတွေ့ကြောင်း ဒေသခံ များကဆိုသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရှေ့တန်းစစ်မြေပြင်အရာရှိ တစ် ဦးက နယ်မြေလုံခြုံရေးဆောင် ရွက်နေသော စစ်ကြောင်းကို ဇန် န၀ါရီ ၂၂ ရက်တွင် ကေအိုင်အေ က ကွက်ခိုင်-တာမိုးညဲလမ်းပိုင်း တောင်ကုန်းတစ်ခုပေါ်မှ စောင့် ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
အဆိုပါဒေသခံနှစ်ဦးမှာ ရန် သူနေရာယူထားသည့် တောင် ကုန်းပေါ်မှ ဆင်းပြေးလာခြင်းဖြစ် ပြီး စုံစမ်းတွေ့ရှိချက်များအရ ကေအိုင်အေ၏ အမာခံသတင်း ပေးများဖြစ်ကြောင်း ဆိုသည်။ ၎င်းတို့နှစ်ဦးကို ဖမ်းဆီးခဲ့ခြင်းမဟုတ် ဘဲ တိုက်ပွဲကြား သေနတ်ထိမှန် ၍ တစ်ဦးသေဆုံးခဲ့ပြီး ကျန်တစ် ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ၎င်းကဆက်လက် ပြောသည်။
‘‘တိုက်ပွဲဖြစ်တုန်းက ကျည် ဆန်မှန်သေဆုံးသွားတယ်ဆိုတာ ကျွန်တော်တို့ကပဲ အကြောင်း ကြားပေးခဲ့တာပါ။ မရိုးသားရင် အကြောင်းကြားစရာမရှိပါဘူး။ ပြီးတော့ သူတို့က ရန်သူဘက်ကအမာ ခံတွေပေါ့ဗျာ’’ဟု၎င်းကပြောသည်။၎င်းတို့နှစ်ဦးမှာ ရိုးရိုးသား သားလုပ်ကိုင်စားသောက်နေသူ များဖြစ်ပြီး ကေအိုင်အေနှင့် မပတ်သက်ဘဲ ထင်းခွေရန် အမြဲ သွားရောက်နေကျဖြစ်ကြောင်း ဒေသခံများကဆိုသည်။
‘‘အခုဒီဒေသမှာက ရွာနဲ့ အလှမ်းဝေးဝေး တစ်နေရာမှာ တွေ့ပြီဆိုရင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ရန်သူလို့ သတ်မှတ်ပြီး ဖမ်း ဆီးနှိပ်စက်တာတွေရှိတယ်။ အ ရာအားလုံး ဒီလိုယူဆပြီး မလုပ် သင့်ဘူး။ သေချာ စစ်ဆေးမေးမြန်း ပြီးမှ လုပ်သင့်တယ်’’ဟု နှစ်ခြင်း အသင်းတော်(ကွတ်ခိုင်ဇုန်နယ်) တာဝန်ရှိသူ တစ်ဦးကပြောသည်။
သေဆုံးသူ၏ နာရေးနှင့် ဆုတောင်းဝတ်ပြုပွဲကို ဇန်န၀ါရီ ၂၅ ရက် နေ့လယ် ၂ နာရီတွင် ပြု လုပ်သွားမည်ဖြစ်ပြီး ကွက်ခိုင်မြို့ နယ်အတွင်းမှ ဒေသခံများပါဝင် တက်ရောက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
7Day Daily

No comments:

Post a Comment