Sunday, January 25, 2015

သပိတ်မှောက် ကျောင်းသားများ မြင်းခြံတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်


Photo: သပိတ်မှောက် ကျောင်းသားများ မြင်းခြံတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်
Sunday, January 25, 2015
အမျိုးသားပညာရေးဥပ ဒေကို မန္တလေးမှ ရန်ကုန်မြို့အထိ ခရီးရှည်ခြေလျင်ချီတက်သပိတ် မှောက်ကြသည့် ကျောင်းသားများ သည် ဇန်န၀ါရီ ၂၅ရက်တွင် မြင်း ခြံမြို့သို့ ရောက်ရှိမည်ဖြစ်ပြီး မြင်း ခြံမြို့တွင် တစ်ရက်နား၍ သတင်း စာရှင်းလင်းပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သပိတ်မှောက် တက္ကသိုလ် ကျောင်းသားတစ်ရာကျော်သည် ပဉ္စမမြောက်နေ့အဖြစ် ဇန်န၀ါရီ ၂၄ရက် နံနက်ပိုင်းက ပြင်စည်မှ ထွက်ခွာလာပြီး နွားထိုးကြီးမြို့ရှိ သိမ်တော်ကျောင်းတိုက်တွင် ည အိပ်ရပ်နားမည်ဖြစ်သည်။ ဇန်န၀ါရီ ၂၅ရက် နံနက် ၉နာရီအချိန်တွင် မြင်းခြံမြို့သို့ ဆက်လက်ချီတက် သွား၍ တစ်ရက် နားမည်ဖြစ် ကြောင်း သပိတ်မှောက်ဆန္ဒပြရာ တွင် ဦးဆောင်သည့် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီမှသိရသည်။
‘‘မနက်ဖြန် မြင်းခြံမြို့ကို ဆက်ချီတက်ပြီးရင် ၂၆ရက်တစ် ရက်လုံးကျောင်းသားတွေ နားပါ မယ်။ အခုကျောင်းသားတွေထဲမှာ ခြောက်ယောက်က ဖျားနေတာ ရယ်၊ ပြီးရင် အဲဒီနေ့နေ့လယ် ၁နာရီကျရင် ကျွန်တော်တို့နဲ့ ပတ် သက်ပြီးတော့ အွန်လိုင်းပေါ်မှာ ကောလာဟလ ထွက်နေတဲ့ ဘဏ္ဍာငွေကိစ္စ၊ ခေါင်းဆောင်ပိုင်း ဆိုင်ရာသဘောထားကွဲလွဲတယ်။ မြစ်သား ဘုန်းကြီးကျောင်း တည်းတုန်းက ယောက်ျားလေး၊ မိန်းကလေး အနေအထိုင်မဟုတ်လို့ ဘုန်းကြီးတွေနဲ့ ပြဿနာတတ် တယ်ဆိုတဲ့ ကိစ္စတွေကို သတင်း စာရှင်းလင်းပွဲလုပ်ပြီးတော့ ရှင်း လင်းသွားပါမယ်’’ဟု ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် ကိုမင်းသွေးသစ်က ပြောသည်။
သပိတ်မှောက်ဆန္ဒပြသည့် ကျောင်းသားများ၏ ရက် ၆၀ တောင်းဆိုမှုအလွန်တွင် မန္တလေး -ရန်ကုန် ခရီးရှည်သပိတ်မှောက် ခြေလျင်ချီတက်မှု အနေဖြင့် မန္တ လေးမြို့မှ ဇန်န၀ါရီ ၂၀ရက်မှ စ တင်ထွက်ခွာလာပြီး လမ်းတစ် လျှောက်တွင် ပုလိပ်၊ ကျောက် ဆည်၊ မြစ်သားနှင့် ပြင်စည်မြို့များတွင် ညအိပ်ရပ်နားခဲ့ကြသည်။
အမျိုးသားပညာရေးဥပဒေ ကို သပိတ်မှောက်ဆန္ဒပြကြသည့် တက္ကသိုလ် ကျောင်းသားများ သည် အစိုးရအဖွဲ့၊ လွှတ်တော်၊ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) နှင့် သပိတ် မှောက်ဆန္ဒပြရာတွင် ဦးဆောင်ခဲ့ သည့် ဒီမိုကရေစီ ပညာရေးလှုပ် ရှားမှုဦးဆောင်ကော်မတီတို့ လေး ပွင့်ဆိုင် တွေ့ဆုံညှိနှိုင်း၍ အမျိုး သားပညာရေးဥပဒေတွင် ၎င်းတို့ ပြင်ဆင်လိုသည့် အချက်များကို ပြင်ဆင်နိုင်သည်အထိ သပိတ် မှောက်ဆန္ဒပြသွားမည်ဖြစ်သည်။
အဆိုပါ သပိတ်မှောက် တက္ကသိုလ် ကျောင်းသားများသည့် ကျောက်ဆည်၊ မြင်းခြံ၊ ပခုက္ကူ၊ မကွေး၊ ပြည်မြို့များကို ဖြတ်သန်းသွားကာ ရန်ကုန်မြို့တွင် ၁၅ရက်အတွင်း သပိတ်စခန်းဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း သပိတ်မှောက် ဆန္ဒပြရာတွင် ဦးဆောင်သည့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီမှ သိရသည်
ပညာရေးဥပဒေကို ခရီးရှည်ချီတက်ဆန္ဒပြနေသော ကျောင်းသားများ (ဓာတ်ပုံ − ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ)
7Day Daily
အမျိုးသားပညာရေးဥပ ဒေကို မန္တလေးမှ ရန်ကုန်မြို့အထိ ခရီးရှည်ခြေလျင်ချီတက်သပိတ် မှောက်ကြသည့် ကျောင်းသားများ သည် ဇန်န၀ါရီ ၂၅ရက်တွင် မြင်း ခြံမြို့သို့ ရောက်ရှိမည်ဖြစ်ပြီး မြင်း ခြံမြို့တွင် တစ်ရက်နား၍ သတင်း စာရှင်းလင်းပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သပိတ်မှောက် တက္ကသိုလ် ကျောင်းသားတစ်ရာကျော်သည် ပဉ္စမမြောက်နေ့အဖြစ် ဇန်န၀ါရီ ၂၄ရက် နံနက်ပိုင်းက ပြင်စည်မှ ထွက်ခွာလာပြီး နွားထိုးကြီးမြို့ရှိ သိမ်တော်ကျောင်းတိုက်တွင် ည အိပ်ရပ်နားမည်ဖြစ်သည်။ ဇန်န၀ါရီ ၂၅ရက် နံနက် ၉နာရီအချိန်တွင် မြင်းခြံမြို့သို့ ဆက်လက်ချီတက် သွား၍ တစ်ရက် နားမည်ဖြစ် ကြောင်း သပိတ်မှောက်ဆန္ဒပြရာ တွင် ဦးဆောင်သည့် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီမှသိရသည်။
‘‘မနက်ဖြန် မြင်းခြံမြို့ကို ဆက်ချီတက်ပြီးရင် ၂၆ရက်တစ် ရက်လုံးကျောင်းသားတွေ နားပါ မယ်။ အခုကျောင်းသားတွေထဲမှာ ခြောက်ယောက်က ဖျားနေတာ ရယ်၊ ပြီးရင် အဲဒီနေ့နေ့လယ် ၁နာရီကျရင် ကျွန်တော်တို့နဲ့ ပတ် သက်ပြီးတော့ အွန်လိုင်းပေါ်မှာ ကောလာဟလ ထွက်နေတဲ့ ဘဏ္ဍာငွေကိစ္စ၊ ခေါင်းဆောင်ပိုင်း ဆိုင်ရာသဘောထားကွဲလွဲတယ်။ မြစ်သား ဘုန်းကြီးကျောင်း တည်းတုန်းက ယောက်ျားလေး၊ မိန်းကလေး အနေအထိုင်မဟုတ်လို့ ဘုန်းကြီးတွေနဲ့ ပြဿနာတတ် တယ်ဆိုတဲ့ ကိစ္စတွေကို သတင်း စာရှင်းလင်းပွဲလုပ်ပြီးတော့ ရှင်း လင်းသွားပါမယ်’’ဟု ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် ကိုမင်းသွေးသစ်က ပြောသည်။
သပိတ်မှောက်ဆန္ဒပြသည့် ကျောင်းသားများ၏ ရက် ၆၀ တောင်းဆိုမှုအလွန်တွင် မန္တလေး -ရန်ကုန် ခရီးရှည်သပိတ်မှောက် ခြေလျင်ချီတက်မှု အနေဖြင့် မန္တ လေးမြို့မှ ဇန်န၀ါရီ ၂၀ရက်မှ စ တင်ထွက်ခွာလာပြီး လမ်းတစ် လျှောက်တွင် ပုလိပ်၊ ကျောက် ဆည်၊ မြစ်သားနှင့် ပြင်စည်မြို့များတွင် ညအိပ်ရပ်နားခဲ့ကြသည်။
အမျိုးသားပညာရေးဥပဒေ ကို သပိတ်မှောက်ဆန္ဒပြကြသည့် တက္ကသိုလ် ကျောင်းသားများ သည် အစိုးရအဖွဲ့၊ လွှတ်တော်၊ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) နှင့် သပိတ် မှောက်ဆန္ဒပြရာတွင် ဦးဆောင်ခဲ့ သည့် ဒီမိုကရေစီ ပညာရေးလှုပ် ရှားမှုဦးဆောင်ကော်မတီတို့ လေး ပွင့်ဆိုင် တွေ့ဆုံညှိနှိုင်း၍ အမျိုး သားပညာရေးဥပဒေတွင် ၎င်းတို့ ပြင်ဆင်လိုသည့် အချက်များကို ပြင်ဆင်နိုင်သည်အထိ သပိတ် မှောက်ဆန္ဒပြသွားမည်ဖြစ်သည်။
အဆိုပါ သပိတ်မှောက် တက္ကသိုလ် ကျောင်းသားများသည့် ကျောက်ဆည်၊ မြင်းခြံ၊ ပခုက္ကူ၊ မကွေး၊ ပြည်မြို့များကို ဖြတ်သန်းသွားကာ ရန်ကုန်မြို့တွင် ၁၅ရက်အတွင်း သပိတ်စခန်းဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း သပိတ်မှောက် ဆန္ဒပြရာတွင် ဦးဆောင်သည့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ သိရသည်
ပညာရေးဥပဒေကို ခရီးရှည်ချီတက်ဆန္ဒပြနေသော ကျောင်းသားများ (ဓာတ်ပုံ − ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ)
7Day Daily

No comments:

Post a Comment