Tuesday, January 27, 2015

ကျောင်းဆရာမနှစ်ဦး၏ ရက်လည်ဆုတောင်းပွဲ လူထောင်ချီတက်ရောက်

ပြီးခဲ့သည့် သီတင်းပတ် က ရှမ်းပြည်နယ်ပန်ဆိုင်းမြို့နယ် ခွဲ ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည့်ကျောင်းဆရာမ နှစ်ဦး၏ ရက်လည်ဆုတောင်းပွဲကို ကောင်းခါးကျေးရွာ၌ ဇန်န၀ါရီ ၂၆ ရက်က ကျင်းပခဲ့ရာ ဒေသခံများ ထောင်နှင့်ချီ လာရောက်စုဝေး ဆုတောင်းခဲ့ကြသည်။ သေဆုံးသွားသည့် ကျောင်း ဆရာမ နှစ်ဦးအတွက် ဆုတောင်း ပွဲကို ကောင်းခါးကျေးရွာရှိ ခရစ် ယာန်ဘုရားရှိခိုးကျောင်းတွင် နံနက် ၁၁ နာရီခန့်မှ စတင်ကျင်းပ ခဲ့ခြင်းဖြစ်သည်။
အဆိုပါဆုတောင်းပွဲကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ဘာသာရေးဆရာများက ဦးဆောင်ဆုတောင်းပေးခဲ့ကြပြီး စစ်ဘက်နှင့်အရပ်ဘက်မှ အရာရှိများ တက်ရောက်ခဲ့ကြသည်။



ဒေသတွင်းလက်နက်ကိုင် တပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး လုံခြုံ ရေးအရ စိုးရိမ်ရသည့် အခြေအနေတွင်ရှိသော်လည်း ရာချီသော ဒေသခံများသည် ဆုတောင်းပွဲ မစမီ နံနက်ကတည်းက လာ ရောက်စုဝေးခဲ့ကြသည်။

ဆုတောင်းပွဲကို ဆရာမများ အသတ်ခံခဲ့ရသည့် နေအိမ်နှင့် မလှမ်းမကမ်းတွင် တည်ရှိသည့် ဘုရားကျောင်း၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆုတောင်းပွဲ လာရောက် သည့် လူအများအပြားသည် အ ခင်းဖြစ်ပွားသည့် နေအိမ်သို့ သွား ရောက်ကာ ဆရာမနှစ်ဦးကွယ် လွန်ခဲ့သည့် နေရာတစ်ဝိုက်တွင် ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြသည်။

၎င်း ဆရာမ နှစ်ဦးသည် ဇန်န၀ါရီ ၁၉ ရက်တွင် အသတ်ခံ ခဲ့ရခြင်းဖြစ်ပြီး တစ်ပတ်ကြာသည် အထိ လက်သည်တရားခံကို ဖမ်း ဆီးရမိခြင်းမရှိသေးပေ။

7 Day Daily

No comments:

Post a Comment