Wednesday, January 14, 2015

ဒုက္ခသည်များအကူအညီမရအောင် တားဆီးပိတ်ပင်မှုများ ချက်ချင်းရပ်တန့်ရန် ကန်လူ့အခွင့်အရေးဝန်ကြီးပြောကြား


ဒုက္ခသည်များအား အကူအညီမရအောင် တားဆီး ပိတ်ပင်ခြင်းများ ချက်ချင်းရပ်သင့်ကြောင်း ကချင်ပြည်နယ်သို့ နှစ်ရက်တာလာရောက်ခဲ့သည့် အမေရိကန်အစိုးရ ကိုယ်စား လှယ်အဖွဲ့မှ အမေရိကန်ဒီမိုက ရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ် သမားရေးရာလက်ထောက်နိုင်ငံ ခြားရေးဝန်ကြီး တွမ်မာလီနော စကီးက ကချင်ပြည်နယ်ခရီးစဉ် အပြီးတွင် သတင်းထောက်များ အား ပြောကြားသည်။


‘‘ဒုက္ခသည်တွေကို ထောက် ပံ့မှုတွေရောက်ဖို့၊ အကူအညီ တွေရောက် ဖို့လိုအပ်တယ်’’ဟု တွမ်မာလီနော့စကီးကဆိုသည်။
ကချင်ပြည်နယ်တွင် ယခုကဲ့ သို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုအပေါ် အချို့ပြည်သူများက ကေအိုင်အေအဖွဲ့ကို အပြစ်တင်ကြပြီး အချို့က အစိုးရကို အပြစ် တင်ကြကြောင်း၊ မည်သို့ပင်ဆိုစေဒုက္ခသည်များ အကူအညီမရဆို သည်မှာ မဖြစ်သင့်ကြောင်း ၎င်း က ပြောသည်။

မြန်မာအစိုးရများ၏ ပိတ်ပင်မှုကြောင့် ကေအိုင်အေထိန်းချုပ် နယ်မြေရှိ ဒုက္ခသည်စခန်းများ တွင် နေထိုင်သည့် ဒုက္ခသည်များ ထံ နိုင်ငံတကာ အကူအညီမ ရောက်လာသည်မှာ သုံးလကျော် လာပြီဖြစ်ကြောင်း ကေအိုင်အို ဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဒွဲပီဆာကပြောသည်။
လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး တွမ်မာလီနော့စကီး ဦး ဆောင်သည့် အမေရိကန်ကိုယ် စားလှယ်အဖွဲ့သည် ကချင်ပြည် နယ်သို့ ဇန်န၀ါရီ ၁၁ ရက် ညနေတွင် ရောက်ရှိခဲ့ပြီး ကချင်ပြည်နယ် အစိုးရ၊ ကေအိုင် အိုအလုပ်အဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင်များ၊ ဒုက္ခ သည်များနှင့် တွေ့ဆုံခဲ့သည်။


7Day Daily

No comments:

Post a Comment