Friday, January 9, 2015

လက်ပံတောင်းတောင်သူ သေဆုံးမှု စစ်ကိုင်းတိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးရန် တစ်ကိုယ်တော်ဆန္ဒပြ

လက်ပံတောင်းတောင် ဒေသခံ တောင်သူအမျိုးသမီးတစ် ဦးသေဆုံးခဲ့မှုအတွက် အဓိကတာ ၀န်ရှိသည့် စစ်ကိုင်းတိုင်းဒေသ ကြီး ၀န်ကြီးချုပ် ရာထူးမှနုတ် ထွက်ပေးရန် စစ်ကိုင်းမြို့တွင် တစ် ကိုယ်တော် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးသည် တိုင်း ဒေသကြီးအတွင်း နေထိုင်သည့် ဒေသခံ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို အကာကွယ် မပေးနိုင်ဘဲ လက်ပံတောင်းတောင် ပဋိပက္ခကြောင့် တောင်သူအမျိုး သမီး သေဆုံးခဲ့ရမှုဖြစ်စဉ်တွင် လည်း အဓိကတာဝန်ရှိသူဖြစ် သည်ဟု တစ်ကိုယ်တော်ဆန္ဒထုတ် ဖော်ခဲ့သည့် စစ်ကိုင်းမြို့ဒေသခံ ဦးသန်းထိုက်ဦး က ပြောသည်။



စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်မှာ လက်ပံတောင်းကိစ္စ တွင် အဓိကတာဝန်ရှိပြီး ရဟန်းသံဃာများ မီးလောင်ဗုံးဖြင့် ဖြိုခွဲခံရခြင်းအပါအ၀င် ပြီးခဲ့သည့် ဒီဇင်ဘာအတွင်း ဖြစ်ပွားခဲ့သည့် တောင်သူတစ်ဦး သေနတ်မှန် သေဆုံးရသည်အထိ လက်ပံတောင်းတောင်စီမံကိန်းပြဿနာ ပိုမို ကြီးထွားလာရာ စစ်ကိုင်းတိုင်းဝန် ကြီးချုပ် စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့သည်ဟု ဦးသန်းထိုက်ဦးက ဆိုသည်။
‘‘တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ ပြည်သူလူထုရဲ့ အသက်အိုး အိမ်ကို အကာအကွယ်မပေးနိုင် တဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတကြီးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပြန် ဖြုတ်ပေးဖို့ တောင်းဆိုဆန္ဒပြတာ ဖြစ်ပါတယ်’’ဟု ဦးသန်းထိုက်ဦး က ပြောသည်။

ဆန္ဒပြတောင်းဆိုမှုအပေါ် ဆောင်ရွက်မပေးလျှင် နိုင်ငံတော် သမ္မတထံ စာရေးသား၍ ဆက် လက်တောင်းဆိုသွားမည်ဟု ၎င်း က ဆိုသည်။ စစ်ကိုင်းတိုင်းဒေသ ကြီး ၀န်ကြီးချုပ်နုတ်ထွက်ပေးရန် တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခွင့် အ တွက် ရဲတပ်ဖွဲ့၏ ခွင့်ပြုချက်ရရှိရန် သုံးကြိမ်စာတင်ခဲ့ရ သော်လည်း ၎င်းတောင်းဆိုသည့် လမ်းကြောင်းအတိုင်း ရဲတပ်ဖွဲ့က ခွင့်မပြုခဲ့ဟု ဆိုသည်။

ဇန်န၀ါရီ ၈ ရက် နံနက်က စစ်ကိုင်းမြို့တကောင်းရပ်ကွက် ရှိ ဘ၀အလင်းဆေးခန်းရှေ့မှစ တင်ကာ စစ်ကိုင်းဈေးတစ် ပတ်ပတ်ကာ တစ်ကိုယ်တော်ဆန္ဒထုတ် ဖော်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment