Friday, January 9, 2015

တရုတ်နိုင်ငံမှ ဆောင်းမုတ်သုံလေများကြောင့် ဇန်န၀ါရီ ၁၀ ရက်အထိ အချိန်အခါမဟုတ် မိုးရွာနိုင်

တရုတ်နိုင်ငံဘက်မှ ၀င် ရောက်လာသော ဆောင်းမုတ်သုံ လေများကြောင့် မြန်မာနိုင်ငံဒေသ အနှံ့တွင် ဇန်န၀ါရီ ၁၀ ရက်ခန့် အထိ အချိန်အခါမဟုတ် နေရာကွက်၍ မိုးများရွာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ပြော ကြားသည်။
အချိန်အခါမဟုတ်မိုးရွာ မည့် အဓိကဒေသများမှ ရှမ်း၊ ကယား၊ ကရင်၊ မွန်ပြည်နယ်၊ ပဲခူး၊ ရန်ကုန်နှင့် မန္တလေးတိုင်းတို့ဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။
‘‘အခုလတ်တလောက အင် ဒိုချိုင်းနားတစ်ခုလုံးဖြစ်နေတာ ပါ။ ရေငွေ့ပါတဲ့ လေတွေ တိုက် လာတော့လေ။ ဇန်န၀ါရီ ၁၀ ရက်လောက်အထိ အချိန်အခါမဟုတ် မိုးရွာနိုင်ပါတယ်။ မရွာတဲ့ ဒေသ တွေမှာဆိုရင်လည်း မိုးအုံ့နေတာ မျိုးတွေဖြစ်မယ်။ ဒါတွေက စိုက် ပျိုးရေးကဏ္ဍမှာ သက်ရောက်မှုရှိ လို့ သတိထားဖို့လိုတယ်’’ဟု ဒေါက်တာထွန်းလွင်ကသတိပေး သည်။
နေပြည်တော်စိုက်ပျိုးရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ယခုရက်ပိုင်းရင်ဆိုင်ရနိုင်သည့် အချိန်အခါမဟုတ် မိုးအတွက် ကြိုတင်သတိပေးချက်များ ထုတ် ပြန်သွားရန် စီစဉ်နေပြီး တောင် သူများအနေဖြင့် ရိတ်သိမ်းဆဲ သီးနှံများအမိုးအကာအောက် ပို့ ဆောင်ထားရန် အကြံပြုသည်။
ဇန်န၀ါရီ ၇ ရက်က တနင်္သာရီ၊ ပဲခူးတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးအနည်းငယ်ရွာခဲ့ပြီး ရှမ်းပြည်နယ်အပါအ၀င် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများ၊ ရန်ကုန်၊ နေပြည်တော်အနီး ၀န်းကျင်ဒေသများတွင် နေရာကွက်၍ မိုးရွာနိုင်ကြောင်း မိုး/ ဇလဌာနက သတင်းထုတ်ပြန်သည်။


7Day Daily

No comments:

Post a Comment