Tuesday, January 27, 2015

ရွှေကျင်သာသနာပိုင် ဆရာတော်ကြီးအား ဒေါ်ကြိုင်ကြိုင် လာရောက်ဖူးမြော်

ရွှေကျင်ဂိုဏ်းလုံးကျွတ် အစည်းအဝေးကြီးသို့ တက် ရောက်ရန် ကြွရောက်လာသည့် ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာ တော်ကြီးအား အငြိမ်းစား ဗိုလ် ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ် ကြိုင်ကြိုင် လာရောက်ဖူးမြော်ခဲ့ ကြောင်း သတင်းရရှိသည်။

မကြာသေးမီက ကျန်းမာရေးအ ခြေအနေ ချို့ယွင်းနေသည်ဟု သ တင်းထွက်ပေါ်ခဲ့သော ဒေါ်ကြိုင် ကြိုင်သည် ကျန်းမာစွာဖြင့် သာ သနာပိုင်ဆရာတော်ကြီးအား ယ ခုလ ၂၆ ရက်တွင် လာရောက် ဖူး မြော်ခဲ့ခြင်းဖြစ်ကြောင်း အထက် ပါ အစည်းအဝေးကျင်းပမည့် ဓမ္မ ဒူတ ဆေကိန္ဒာရာမကျောင်းတိုက် မှ ကပ္ပိယတစ်ဦးက ပြောကြားသည်။

‘‘အထွေအထူးတော့ မရှိပါ ဘူး။ ဆရာတော်ကြီးကို လာဖူး တယ်။ ဆရာတော်ကြီးက ကျန်း မာရေးလည်း မကောင်းဘူးလေ။ သင်္ကန်းကပ်တယ်။ ဒီလောက်ပါ ပဲ’’ ဟု အဆိုပါပုဂ္ဂိုလ်က ပြော သည်။

လူထုမြင်ကွင်းမှ ကာလအ တန်ကြာ ပျောက်ကွယ်နေခဲ့သော အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်း ရွှေ၏ ဇနီးဒေါ်ကြိုင်ကြိုင် ဆရာတော်ကြီးအား လာရောက်ဖူးမြော်နေသည့် ဓာတ်ပုံမှာ အင်တာနက်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။

ဆရာတော်ကြီးအား လာ ရောက်ဖူးမြော်သည့် ဒေါ်ကြိုင် ကြိုင်အား သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက ရေစက်ချ တရားချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

(၁၉)ကြိမ်မြောက် ရွှေကျင်ဂိုဏ်းလုံး ကျွတ်အစည်းအဝေးကို မှော်ဘီ မြို့နယ် ဓမ္မဒူတ ဇေတ၀န်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ကျင်းပမည်ဖြစ်ပြီး အမေရိကန်၊ ဗြိတိန်၊ ဂျပန် အစရှိသည့် ပြည်ပနိုင်ငံများ၌ သီတင်းသုံးသော ဆရာတော်များအပါအ၀င် သံဃာတော် အပါး ၁၀၀၀ ကျော် တက်ရောက်မည်ဖြစ်သည်။

           ရွှေကျင်နိကာယသံဃာ့ဂိုဏ်း ၏ ဂိုဏ်းလုံးကျွတ်အစည်းအဝေး များကို သုံးနှစ်တစ်ကြိမ် ကျင်းပခဲ့ ပြီး (၁၈) ကြိမ်မြောက်အစည်းအ ဝေးကို ဓမ္မဒူတ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ၂၀၁၂ က ကျင်းပခဲ့ကာ ဂိုဏ်းဝန်ဆောင်ဆရာတော် ၁၅၀ မှ ၂၀၀ ပါးသို့ တိုးမြှင့်ခြင်း၊ ရွှေကျင်ဂိုဏ်းချုပ်၊ ဂိုဏ်းထောက်ဆရာတော်များ ထပ်မံခန့်အပ်ခြင်း၊ ၀ိနည်းဆိုင်ရာများ ပိုမိုတိကျစွာ ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။

7 Day Daily

No comments:

Post a Comment