Tuesday, January 27, 2015

ကလေးငယ်များ ခိုးယူ၍ ထိုင်းသို့ ရောင်းချသော ဈေးကွက် ပေါ်ပေါက်နေ

ကလေးငယ်များကို ငယ်ရွယ်စဉ်တောင်းရမ်းခိုင်းပြီး ကြီးလျှင် မိန်းကလေးကို ပြည့်တန်ဆာလုပ်ငန်း၊ အနှိပ်ခန်း၊ အိမ်အကူအဖြစ်ခိုင်းကာ ယောက်ျားလေးကို မူးယစ်ဆေးရောင်းဝယ်ရေးနှင့် ရေလုပ်ငန်းတို့တွင် ခိုင်းစေ

 မြန်မာကလေးငယ်များ ကို ခိုးယူ၍ ထိုင်းနိုင်ငံသို့ရောင်းချ ပြီးကလေးငယ် များအား တောင်းရမ်းခိုင်းကာ ကြီးပြင်းလာလျှင် မ ကောင်းသည့် လုပ်ငန်း များလုပ် ကိုင်စေသော ဈေးကွက် ထိုင်းနိုင်ငံ တွင် ပေါ်ပေါက် နေကြောင်း သတင်းရရှိသည်။



ခိုးယူခံရ၍ ထိုင်းနိုင်ငံအ တွင်းသို့ ရောင်းချခံရသော မြန်မာ ကလေးငယ် အချို့သည် အရွယ်မ ရောက်သေးမီ တောင်းရမ်းသည့် လုပ်ငန်းလုပ်ကိုင်ကြရပြီး အရွယ် ရောက်လျှင် မိန်းကလေးဖြစ်ပါက ပြည့်တန်ဆာလုပ်ငန်း၊ အနှိပ်ခန်း နှင့်အိမ်အကူလုပ်ငန်းများ လုပ် ကိုင်ကြရလေ့ရှိသည်။ ယောက်ျား လေးဖြစ်ပါက မူးယစ်ဆေးဝါး ရောင်းဝယ်ရေးနှင့် ရေလုပ်ငန်း များတွင် လုပ်ကိုင်ကြရကြောင်း မြန်မာလုပ်သားများအား ကူညီ စောင့်ရှောက်မှုပေးနေသော ထိုင်းနိုင်ငံရှိ မြန်မာအသင်း အဖွဲ့အစည်းများက ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာက လေးများအပေါ် ခေါင်းပုံဖြတ်ခံရ မှုနှင့် လူကုန်ကူးခံရသည့်အပေါ် ကလေးများအား ကာကွယ်စောင့် ရှောက်နေသော အဖွဲ့အစည်းများ က ကယ်ဆယ်နိုင်ခဲ့သော မြန်မာ ကလေးအရေအတွက်မှာ ၂၀၁၁ မှ ၂၀၁၃ အတွင်း ခုနစ်ရာကျော်ရှိနေကြောင်း ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPPCR) ကသတင်း ထုတ်ပြန် ထားသည်။

အစိုးရ၏ တရားဝင်စာရင်းမှာ ၂၀၁၃ခုနှစ်တွင် ကျားငါးဦး၊ မ၃၀ဦး ကယ်ဆယ်တားဆီးနိုင်ခဲ့ ပြီး ၂၀၁၄ခုနှစ်တွင်ကျားလေးဦး၊ မ ၂၈ ဦးကယ်ဆယ်တားဆီးနိုင်ခဲ့ ကြောင်းနေပြည်တော်လူကုန်ကူး မှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ထိုင်းနိုင်ငံ၌ တစ်နှစ်အရွယ် မြန်မာကလေးငယ်များအား ဟန် ပြ၍ တောင်းရမ်းသည့်လုပ်ငန်း လုပ်ကိုင်ရန် မိဘများထံမှ နေ့ယူညပြန် ပေးပုံစံဖြင့်လွန်ခဲ့သည့် သုံးနှစ်အတွင်းက စတင်ပေါ် ပေါက်လာကြောင်း ကလေးငယ်များ၊ လူကုန်ကူးမှုတားဆီးရေးလုပ် ကိုင်နေသော ထိုင်းနိုင်ငံ မဲဆောက် အခြေစိုက် ညီမျှခြင်းမြန်မာမှညွှန် ကြားရေးမှူးဦးအောင်မျိုးမင်းက ပြောသည်။ ကလေးငယ်များအားခိုးယူ  အရောင်းအ၀ယ်ပြုလုပ်ရာတွင် တစ်ဦးလျှင် အများဆုံးကျပ် ၁၅ သိန်း(ဘတ်ငါးသောင်း)ထိ ဈေးပေါက်သည်ကို တွေ့ဖူးကြောင်း ၎င်းက ပြောသည်။

‘‘ကျွန်တော်တို့ တွေ့ဖူးတာ ကတော့ အသက်မပြည့်သေးတဲ့ ကလေးတွေ အရောင်းအ၀ယ်လုပ် နေကြတာ။ ကလေးတစ်ဦးကို ဘတ်ငွေ ငါးသောင်းထိ ပေါက် ဈေးရှိတယ်။ တချို့ကလေးတွေ တော့ အဲဒီလောက်မရဘူးပေါ့။ သူတို့ကို ဘန်ကောက်က ဂိုဒေါင် ကြီးတစ်ခုမှာထားပြီးတောင်းစား ခိုင်းနေကြတာ။ အရွယ်ရောက်ပြီ ဆိုရင် သိတဲ့အတိုင်းမိန်းကလေး တွေဆို ပြည့်တန်ဆာပေါ့။ ယော က်ျားလေးဆိုရင် ရေလုပ်သား ပေါ့။ အခုနောက်တစ်မျိုးဖြစ်နေ တာက တောင်းစားတဲ့နေရာမှာ ဟန်ပြထားဖို့အတွက် မဲဆောက် ဘက်က မြန်မာကလေးတွေကို မိဘတွေဆီက နေ့ယူညပြန်ပေးငှားတဲ့ လုပ်ငန်းပေါ်နေတာပဲ’’ဟု ဦးအောင်မျိုးမင်းကပြောသည်။

‘‘သူတို့က ဂိုဏ်းဖွဲ့ပြီးလုပ် နေကြတာ။ အဲဒီကလေးတွေကို တောင်းစားခိုင်းတာများတယ်။အ ရွယ်ရောက်လာရင် မိန်းကလေး ဆိုရင် အနှိပ်ခန်းတို့၊ လိင်ဖျော်ဖြေ ရေးတို့ပို့တယ်။ ယောက်ျားလေး တွေဆိုရင် ငါးဖမ်းလှေပေါ်ပို့တာ များတယ်။အခုနောက်ပိုင်းအရွယ် မရောက်သေးတဲ့ ကလေးတွေ လူ ကုန်ကူးခံရပြီး ဒီလိုဖြစ်နေတာ တွေ တော်တော်များ လာတယ်။အဲ ဒီကလေးတွေကို သူတို့ဂိုဏ်းက စောင့်ကြည့်နေတာ။ ထွက်ပြေး ရင်သတ်ပစ်တယ်။ ထွက်ပြေးဖို့ ရာမလွယ်ဘူး’’ဟု ထိုင်းနိုင်ငံ တောင်ပိုင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်း(FED)မှ  ဦးမိုးဝေကပြောသည်။

‘‘ကလေးတွေခိုးပြီးရောင်းချ တဲ့ ဂိုဏ်းလို့တော့မကြားဖူးသေး ဘူး။ ဒီ မြန်မာပြည်ထဲမှတော့ မရှိ ပါဘူး။ ထိုင်းဘက်မှာဖြစ်နေတာ ဆိုရင်တော့ မသိဘူး။ အဲဒီလိုမျိုးရှိ ရင်လည်း စုံစမ်းပြီးအတည်ပြုပေး ပါ့မယ်’’ဟု လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးကြီး ၀င်းနိုင်ထွန်းကပြောသည်။

အမျိုးသမီးနှင့် ကလေးသူ ငယ်များကို လူကုန်ကူးပါက ထောင်ဒဏ်နှစ် ၂၀ထိ ပြစ်ဒဏ်ချ မှတ်နိုင်ပြီး လူသုံးဦးနှင့်အထက် ဂိုဏ်းဖွဲ့ကျူးလွန်ပါက ဥပဒေပုဒ်မ ၂၈(က)အရ ပြစ်ဒဏ်နှစ်ဆတိုး ကျခံရမည်ဖြစ်ကာ တစ်သက်တစ် ကျွန်းထိ ပြစ်ဒဏ်ချမှတ်နိုင် ကြောင်း လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

7 Day Daily

No comments:

Post a Comment