Friday, January 9, 2015

အရက်ဖိုးတောင်းရာ မပေးသည့် ဖခင်ဖြစ်သူအား သံပိုက်ဖြင့်ရိုက်၍ သေဆုံး


၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၁ဝ နာရီအချိန် မကွေးတိုင်း ဒေသကြီး၊ မင်းလှ မြို့နယ်၊ ငနောင်မုန်း ရေနံမှော်တွင် လူတစ်ဦးသေဆုံး နေကြောင်း သတင်းအရ ရေနံမနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ငနောင်မုန်းရေနံမှော်တွင် ရေနံခပ် လုပ်ငန်းလုပ်ကိုင်သူ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ညောင်စောက်ရွာနေ ဦးကျော်စိန်(၆၇)နှစ်တွင် နဖူးချိုင့်ဝင်ဒဏ်ရာ၊ ရင်ဘတ်အား သွားဖြင့်ကိုက်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိ ရသည်။


စစ်ဆေးချက်အရ ၎င်း၏သားဖြစ်သူ သိန်းတန်(၃၇)နှစ်မှ အရက်ဖိုးတောင်းရာ အရက်ဖိုး မပေး၍ ရေနံတူးရာတွင်အသုံးပြုသည့် အရှည် ၄ ပေ ခန့်ရှိ သံပိုက်ဖြင့်ရိုက်ရာမှ သေဆုံးသွားခြင်း ဖြစ်ကြောင်းသိရှိရပြီး သိန်းတန်အား ရေနံမနယ်မြေရဲစခန်း (ပ)၆/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။


ရဲဇာနည်

No comments:

Post a Comment