Tuesday, January 27, 2015

၂၀၁၅ ဗကသ ဘာလဲ၊ ဘယ်လဲ?


မြန်မာသမိုင်းမှာ ဒေါင်း ဟာ အထင်ကရ အမျိုးသားလက္ခဏာဖြစ်တယ်။ မြန်မာဘုရင်များနဲ့ ဘီအိုင်အေ၊ ဘီဒီအေ တပ်များရဲ့အလံတွေမှာ ကဒေါင်း ကိုသုံးခဲ့တယ်။

အင်္ဂလိပ်လက်အောက်မှာ ရန်ကုန်တက္ကသိုလ်ပေါ်လာတော့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂက ခွပ်ဒေါင်းအလံကို သုံးခဲ့တယ်။ အဲဒီအချိန်ကစလို့ ခွပ်ဒေါင်းနဲ့ကျောင်းသားလှုပ်ရှားမှုကို တွဲမြင်ခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန်က ဗကသ ဟာ ကျောင်းသားအရေး၊ ပညာရေး ဒါတွေကိုပဲ လုပ်ခဲ့တယ်။ ဗကသ ၀င် ကျောင်းသားများဟာ နိုင်ငံရေးကို လေ့လာတာရှိတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက်
လုပ်ခဲ့တာရှိတယ်။ ဒါပေမယ့် နိုင်ငံရေးလုပ်တာနဲ့ ဗကသ ကထွက်ပြီး သခင်ဘွဲ့ကို ခံယူခဲ့တာပါ။ ဒါ့ကြောင့် ဗကသ ခေါင်းဆောင် ကိုအောင်ဆန်းဟာ ဗကသ ကထွက်ပြီး သခင်အောင်ဆန်းအဖြစ်နဲ့ နိုင်ငံရေးလုပ်ခဲ့တယ်။ ကိုနုက သခင်နု ဖြစ်သွားခဲ့တယ်။ ဗကသထဲမှာ ကျန်ခဲ့တဲ့ ကိုဗဆွေ၊ ကိုကျော်ငြိမ်းတို့က သခင်ဘွဲ့မခံခဲ့ဘူး။ ဒါ့ကြောင့် ဂျပန်ဝင်လာတဲ့အထိ ဦးဗဆွ၊ ဦးကျော်ငြိမ်းအဖြစ်နဲ့ရှိနေခဲ့တယ်။ အဲဒီအချိန်က ဗကသ ကို ရန်ကုန်တက္ကသိုလ် မှာ ရှိတဲ့ကျောင်းသားများက တစ်ညီတစ်ညွတ်တည်းရွေးခဲ့တာပါ။ ဗကသအဖွဲ့ဝင်ဖြစ်ရမယ့်သူကို တိကျတဲ့ စည်းကမ်းချက်တွေနဲ့ သတ်မှတ်ခဲ့တယ်။

အခုလို လေးတန်းကျောင်းသား၊ ဘုန်းကြီး ကျောင်းသား၊ အဝေးသင်ကျောင်းသား၊ ပိုလီကျောင်းသား၊ ကျောင်းထွက်ပြီး စတေးရှောင်နေသူများ ဗကသ နံမည်ခံခွင့်မရှိဘူး။ဒါ့ကြောင့် ဗကသ ဟာ ကျောင်းသားထု အများစုကို ကိုယ်စားပြုတယ်။ ဗကသရဲ့ အလံ ခွပ်ဒေါင်းဟာလည်း ကျောင်းသားထုကို ကိုယ်စားပြုတယ်လို့ လက်ခံခဲ့ကြတယ်။
လွတ်လပ်ရေးရလာတော့ တက္ကသိုလ်ထဲမှာ တိုးတက်၊ DSO ၊ ရဲခေါင် စသည်ဖြင့် နိုင်ငံရေးပါတီ လက်ဝေခံ ကျောင်းသားအဖွဲ့တွေ ပေါ်လာတယ်။ ဗကသ ဟာ ကျောင်းသားထုကို ကိုယ်စားပြုတာ မဟုတ်တော့ဘဲ ပါတီတွေက ကျောင်းသားလောကကို ချုပ်ကိုင်ဖို့ ပြိုင်တဲ့နေရာ ဖြစ်လာခဲ့တယ်။ အဲဒီမှာ ဗကသရဲ့ အခန်းကဏ္ဍရော၊ ခွပ်ဒေါင်းရဲ့အခန်းပါ ပျောက်ခဲ့တယ်။ ဗကသ ရွေးချယ်ပွဲတွေမှာ လွှတ်တော် ရွေးကောက်ပွဲ တွေလိုပဲ မဲဆွယ်ကြ၊ အပုတ်ချကြနဲ့ ရှက်ဖွယ်လိလိ ဖြစ်ခဲ့ရတယ်။

ကျောင်းသားထုကို အမှန်တကယ် ကိုယ်စားပြုတဲ့အဖွဲ့မှသာလျှင် ဗိုလ်ချုပ်တို့ခေတ်က ဗကသ အမွေကို ခံယူပြီး ဒီအလံ၊ ဒီသင်္ကေတကို သုံးရမှာဖြစ်တယ်။ ခွပ်ဒေါင်း ဆိုတာ မြန်မာ့သမိုင်းဖြစ်တယ်။ ။
အခု မောင်တွေလုပ်နေပုံက ဗိုလ်ချုပ်တို့ခေတ်က ဗကသ သာရှိနေသေးရင် ကျွန်တော်တို့ ဗကသသည် ကျောင်းသားထုအားလုံးက တရားဝင်ရွေးချယ်ထားသော အဖွဲ့ဖြစ်ကြောင်း၊ ခွပ်ဒေါင်းအမည်ဖြင့် အလှုခံများ၊ သူတောင်းစားများ မရှိကြောင်းဆိုပြီး သတင်းစာထဲမှာ ကြေညာရမယ့်ကိန်းဆိုက်နေပါပြီ။
ဒီနေ့ ဗကသ အမည်ခံတွေ လုပ်ဆောင်နေပုံက အပျက်ပျက်နဲ့  နှာခေါင်းသွေးထွက်ရင် ငါတို့ နိုင်ငံ ၊ ငါတို့ လူမျိုး ၊ ငါတို့ တွေဘဲ ခံရမှာ။ဘေးကဆိုင်းတီးတဲ့ ၊ ငါတို့ ကို ပျက်ရာပျက်ကြောင်း ဖြစ်စေချင်တဲ့ ၊ သူတွေက လက်ခုပ်တီးပြီး ပျော်နေမှာပဲ ဖြစ်ပါတယ်။ ခု ခင်ဗျားတို့ ပါးစပ်ကသာ အော်နေတာက "ဒီမိုကရေစီ" ၊ လုပ်ပုံက "ကွန်မြူနစ်"နိုင်ငံရေးဖြစ်ပြီး အမြတ်ထုတ်ချင်တဲ့သူတွေက ၀ိုင်းမြှောက်ပေးတဲ့အတိုင်း က နေကြရတဲ့ဘ၀ ဖြစ်နေရှာတာကို မသိဘူး ဖြစ်နေပါတယ်။

ကျောင်းသားအဖေ အရွယ်တွေက ၊ ကျောင်းသားသမဂ္ဂဆိုပြီး ပလက်ဖောင်းရှာ ၊ လုပ်ချင်တာ လုပ်ကြတယ်။ ခွပ်ဒေါင်းတွေပါ ဒေါင်းဆိုတာ ခွပ်ရမယ်။ ဘာညာလျှောက်ပြောပြီး ပါဝင်လာကြတယ်။ ခံရတော့ ပြည်သူတွေဘဲ ဖြစ်ပါတယ်။ ပြောလိုက်တော့ တိုင်းပြည်ကောင်းစားရေး ၊ လုပ်နေတာက တိုင်းပြည် မွဲဆေးဖော်ရေး ဖြစ်နေတယ်။ ပြည်သူတွေရဲ့  ရေရှည်ကိုကြည့်စေချင်ပါတယ်။ ဖြစ်သင့်ဖြစ်ထိုက်တာကိုသာ တွန်းတွန်းပြီး လုပ်ဆောင်စေချင်ပါတယ်။
အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေးဆွဲရန်အတွက် လွှတ်တော်က ပညာရေးဝန်ကြီးဌာနကို ပြန်ပေးထားပြီး ဖြစ်သော်လည်း ဆူပှုအုံကြွမှုကို ဆက်လက်လှုံဆော်နိုင်ရန် အနောက်နိုင်ငံကြီးများအားကိုးနဲ့ NLD ပါတီ အာဏာရရေး ဇောင်းပေးနေတဲ့ လမ်းလျောက်ချီတက်ပွဲပြုလုပ်၊ ပညာရေးကို ခုတုံးလုပ် NLD ပါတီရဲ့နိုင်ငံရေးအမြတ်ထုတ်မှုကြောင့်လည်း ကျောင်းသူ၊ကျောင်းသားများကို လမ်းပေါ်ကို တစ်စ တစ်စ ရောက်လာစေ ပြန်ပါတယ်။

ဒီနေ့ထိ လုပ်ဆောင်ခဲ့ကြတဲ့ ခင်ဗျားတို့ အတွေးတွေက " ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပစ္စုပ္ပန်နဲ့ ၊ အနာဂတ် ပျောက်နေပြီး ၊ အတိတ်မှာဘဲ ရေသောက် ၊ ဗိုက်မှောက်နေရမဲ့ လူပိန်းကြိုက် ၊ အလကား ၊ အချောင်သမား အတွေးကြီးတွေပဲ ဖြစ်နေပါတယ်။ အဲ့ဒါတွေကို ရပ်ကြပါတော့လို ပြောချင်ပါတယ်။
ခင်ဗျားတို့ ပါတီထောင်ပြီး ၂၀၁၅ နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည်ဆိုလျှင် ဒီပုံစံ ၊ ဒီအချိုးနဲ့တော့ဗျာ ၊ အသဲကြားက မဲတပြားရဖို့ ကြေးစည်တီးသလို " မထင် " လို့သာ ပြောလိုက်ပါရစေ။
၁၉၈၈ ကလောက်တော့ ပြည်သူတွေ " မအ " တော့ဘူးဆိုတာလဲ ၊ တခါတည်း သတိပေးလိုက်ချင်ပါတယ်။


ကိုခင်မောင်ရီ
Myanmar News

1 comment:

  1. ရေးတဲ.ကောင်အမဲရိုးကိုက်နေပါကွာ ပြည်သူထဲမှာမင်းတို.လိုသာကူးတွေမပါဘူးကွ

    ReplyDelete