Monday, January 12, 2015

ကုလဆုံးဖြတ်ချက်နှင့် အဖြူရောင်ကတ် ကိုင်ထားသူများ မဲပေးခွင့်ပြုခြင်းအပေါ် ကန့်ကွက်ဆန္ဒပြမည်

ဘင်္ဂါလီလူမျိုးများကို နိုင် ငံသားအဖြစ် အသိအမှတ်ပြုရန် ကုလ၏ ဆုံးဖြတ်ချက်နှင့်အဖြူ ရောင်ကတ်(White Card)ကိုင် ဆောင်ထားသူများ မဲပေးခွင့်ကို ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ် ပွဲကို ရန်ကုန်မြို့၌ ပြုလုပ်သွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ဇန်န၀ါရီ ၁၆ ရက်တွင် ရွှေတိဂုံစေတီတော် ကြေးသွန်း ဘုရားကြီးရှေ့မှ ကျိုက္ကဆံ ဟစ် တိုင်ကွင်းအထိ အင်အား ၅၀၀ ဖြင့် လမ်းလျှောက်ဆန္ဒဖော်ထုတ်သွားရန် ဗဟန်းမြို့နယ်ရဲ တပ်ဖွဲ့သို့ ခွင့်ပြုမိန့်တောင်းခံထားပြီ ဖြစ်ကြောင်းဦးဆောင်သူများက ပြောသည်။



‘‘မတရားဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေကို နိုင်ငံသားအခွင့်အ ရေးတန်းတူပေးဖို့ ကုလကဆုံး ဖြတ်ချက်ချခဲ့တာနဲ့ ၀ှိုက်ကတ် တွေ မဲပေးခွင့်ပြုထားတာကို ကန့် ကွက်ကြောင်းပါ။ ၅၀၀ ဆိုပေ မယ့် ပူးပေါင်းမယ့်သူတွေဘယ် လောက်ပါဝင်မယ်မသိသေးဘူး’’ ဟု မြန်မာအမျိုးသားရေးကွန်ရက် ဒုဥက္ကဋ္ဌဦးဝင်းကိုကိုလတ်ကပြော သည်။

မကြာသေးမီက ပြုလုပ်ပြီးစီး ခဲ့သော ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ရိုဟင်ဂျာဆိုသူများအား နိုင်ငံသားအဖြစ် အပြည့်အ၀သတ်မှတ်ပေးရန်အဆိုကို ဆုံး ဖြတ်ချက်ချမှတ်ခဲ့ခြင်းကြောင့် ဝေဖန် ကန့်ကွက်မှုများ ထွက်ပေါ်ခဲ့ သည်။

7Day Daily

No comments:

Post a Comment