Tuesday, January 27, 2015

တောင်ကိုရီးယားက အီရတ်ကို နှစ်ဂိုးပြတ်နိုင်ပြီး အာရှဖလားဗိုလ်လုပွဲတက်

Photo: တောင်ကိုရီးယားက အီရတ်ကို နှစ်ဂိုးပြတ်နိုင်ပြီး အာရှဖလားဗိုလ်လုပွဲတက်

Tuesday, January 27, 2015

 သြစတြေးလျနိုင်ငံ တွင် ကျင်းပနေသော အာရှဖလား ဘောလုံးပြိုင်ပွဲ၌ တောင်ကိုရီး ယားက အီရတ်ကို နှစ်ဂိုးပြတ်အ နိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက် ရောက်သွားသည်။

ပထမပိုင်းတွင် တောင်ကိုရီး ယားမှ လီဂျောင်ယော့က ခေါင်း တိုက်ဂိုးတစ်ဂိုး သွင်းယူခဲ့ပြီး ဒုတိ ယပိုင်းတွင် ကင်ယောင်ဂွမ်က အဝေးကန်ချက် ပြင်းပြင်းဖြင့် ဂိုးသွင်းယူခဲ့ပြီးနောက် တောင်ကိုရီးယားက ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံး နိုင်ငံတကာပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်နောက်ပိုင်း အာရှဖလားချန်ပီယံဖြစ်ရန်လည်း နီးစပ်လာသည်။

‘‘၂၇ နှစ်ကြာပြီးတဲ့နောက် မှာ ကျွန်တော်တို့ ပထမဆုံး နောက်တစ်ကြိမ် ဗိုလ်လုပွဲ တက်ရောက် ခဲ့တာပါပဲ’’ဟု တောင်ကိုရီးယား နည်းပြ အူလီစတီလိုက်က ပြော သည်။

၂၀၀၇ ခုနှစ် အာရှချန်ပီယံ အီရတ်မှာ တိုက်စစ်မှူး ယူနစ်မာ မွတ် ဦးဆောင်ပွဲထွက်ခဲ့သော် လည်း တောင်ကိုရီးယား၏ ခိုင် မာသော နောက်တန်းကို ကျော် ဖြတ်ရေး အခွင့်အလမ်းရရှိရန် ရုန်းကန်ခဲ့ရသည်။ တောင်ကိုရီးယား သည် ယခုပြိုင်ပွဲတွင် ကစားခဲ့သော ပွဲပေါင်းငါးပွဲ၌ တစ်ဂိုးမျှ ခွင့်ပြုရခြင်းမရှိပေ။

‘‘အကြိုဗိုလ်လုပွဲ တက်လာ တာဟာ ကျွန်တော်တို့ အသင်း အတွက် မယုံနိုင်စရာ အောင်မြင် မှုပါပဲ’’ဟု အီရတ်နည်းပြချုပ် ရက် ဒီရှီနိုင်ရှီလ်က ပြောသည်။ တောင်ကိုရီးယားသည် အင်္ဂါနေ့တွင် သြစတြေးလျနှင့် ယူအေအီး ကစား သောပွဲမှ အနိုင်ရရှိသည့် အသင်း နှင့် စနေနေ့တွင် ဗိုလ်လုပွဲကစား ရမည်ဖြစ်သည်။ 

7 Day Daily

No comments:

Post a Comment